မျက်ရည်စကားလုံးတွေနဲ့
ရှေးဟောင်းနှောင်းဖြစ် အလွမ်းတွေကို ပြန်ပြောကြတော့
မိုးကောင်းကင်က သိမ့်သိမ့်ခါအောင် ငိုရှာတယ် ...။
ငါတို့ငယ်ငယ်
သဲအိမ်ကလေးတွေ ဆောက်တမ်းကစားကြတော့
သဝန်တိုတတ်တဲ့ နင့်ခြေဖဝါးအောက်မှာ
ငါ့အိမ်ငယ်လေး ပျက်စီးသွားခဲ့ ...
နောက်တနေ့
မုန့်ဖက်ထုပ်ကလေး တထုပ်နဲ့
တောင်းတောင်းပန်ပန် နင်လာချော့ရှာတော့ ...
ငါ့မှာလေ ...။
ကြာခဲ့ပြီ ... သူငယ်ချင်းရေ
စိဉ္စမာန ...
မေရီအင်တွိုင်းနက် ...
နန်းမတော်မယ်နု ...
မာတာဟာရီ ...
စသည်ဖြင့်ပေါ့လေ ...
သူတို့ ... သူတို့တွေနဲ့
တွေ့ရ ... ကြုံရ ... ဆုံရတဲ့ အခါများမှာ ...
ငါလေ ...
နင့်ကို သိပ်သတိရတာပဲ ....။ ။
ကမာပုလဲ
၁၅၊ ၁၀၊ ၂၀၁၁။
(အလင်းအိမ် ပုံနှိပ်မဂ္ဂဇင်း အတွဲ ၅၊ အမှတ် ၈၊ အောက်တိုဘာလ၊ ၂၀၁၁ ... မှ)
No comments:
Post a Comment