ယုန်အဖြစ်ကလည်း ယုံစရာ မကောင်းဘူး
ကျားအဖြစ်ကလည်း ကြားလို့မှ မကောင်းဘူး
တကမ်းလုံး ကန်းနေတဲ့ အလင်းကန်းထဲ
အလင်းနို့ မစို့ရလို့
လင်းနို့အဖြစ်နဲ့သာ ကျေနပ်နေရ
ည ပျက် ကြီး
တောတိုးသွားတဲ့ ကြောင်
တောကြောင် ပြန်ဖြစ်ခဲ့
မနက်ဖြန်ဆို
ဒလဘက်ကမ်းက
လဒတွေ ပျံသန်းလာတော့မယ်။ ။
သစ်ကောင်းအိမ်
(စတိုင်သစ် မဂ္ဂဇင်း၊ နို၊ ၂၀၁၂)
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
2 months ago

No comments:
Post a Comment