သမိုင်းသေမှာစိုးလို့
ငါတို့ အသက်အသေခံခဲ့ကြတာ
သမိုင်းဆိုတာ ဘာမှန်းမသိရင် … နေ
ဘဝ,ဆိုတာ လွတ်မြောက်ဖို့ လိုတယ်လို့သိရင် …
ငါတို့ … ပေးဆပ်ရကျိုးနပ်ပြီ။
လူလူချင်း အနိုင်ကျင့်နေတာကို
မကြည့်ချင်တော့လို့
အသက်အသေခံပြီး တွန်းလှန်ခဲ့ကြတာ။
ဘုရားစူးရစေရဲ့
ဒင်းတို့ကို ကြောက်စရာလို့ကို မထင်ခဲ့ဘူး။
မဖြစ်မနေ သွန်ပစ်ရမယ့်
မစင်ခွက်တွေလို့ သဘောထားပြီး
ငါတို့
ခြေကန်မှောက်လှဲပစ်ခဲ့ကြတာ။
ဘာလိုလိုနဲ့
ငါတို့သွေးတွေ … ပင်လယ်ဝေခဲ့ပါရောလား
ညီမလေး … ဝင်းမော်ဦးရေ …။ ။
(၁၉- ၉- ၈၈ တွင် ကျဆုံးသွားခဲ့သော ညီမလေး ဝင်းမော်ဦးနှင့် အာဇာနည်များ အားလုံးသို့ …)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment