အဖွား ဒေါ်နီ တို့ အမျှဝေကြပြီလား ...
မင့်ဓာတ်ပုံဘောင်ကလေးကိုတော့ ခြ မစားစေလေနဲ့ ...
အိမ်ထုတ်တန်းမှာ ထိုးထားခဲ့ရတဲ့ အရေးတော်ပုံ စာစောင်တွေတောင် ဈေးကောင်းရနေပြီ ...
ချမရောင်းခဲ့တဲ့ မင့်သမိုင်းကြောင့်
မင့် အိမ်ကလေး တနေ့ ပြတိုက်မဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ
မင့် မိသားစုတွေ အိမ်အသစ် ပြင်မဆောက်ရသေးပေမဲ့. .. ဒီမိုကရေစီ ကတော့ ... ရနေပြီတဲ့လေ ...
မင်း ဝမ်းသာချင်လည်း … ဝမ်းသာတော့ပေါ့ ...။
ကေသွယ်
(၃ နာရီ ၁၀ မိနစ်)၈ - ၈- ၂၀၁၂
No comments:
Post a Comment