Sunday, August 19, 2012

အမေ့ ... လက်ဆောင် (ကမာပုလဲ)

မနက်လင်းတာနဲ့
ဂုဏ်တော်ကိုးပါး စိပ်တယ်
မေတ္တာသုတ် ရွတ်တယ်

အရှေ့ ခုနစ်အိမ် အနောက် ခုနစ်အိမ်
အရပ် လေးမျက်နှာ ... ရှစ်မျက်နှာ
ထက်ရပ်ဝန်းကျင်တခုလုံး ကြားကြားသမျှ
အမျှ ... အမျှ ... အမျှ ဝေတယ် ...။


ဒါတောင်
မီးက လောင်တယ်
မုန်တိုင်းက မွှေတယ်
ရေက ကြီးတယ်
မင်းဆိုး မင်းညစ်ဒဏ်ကို
နေ့စဉ်နဲ့ အမျှ ခံခံနေရတယ် ...။

အိမ်ရှေ့မှာ
အမေစိုက်ခဲ့တဲ့ နှင်းဆီခင်း
အနက်ရောင်တွေ သိပ်သိပ်သည်းသည်း ပွင့်လို့ ...။ ။

ကမာပုလဲ 
၁၈၀၈၂၀၁၂


 

No comments: