Saturday, July 14, 2012

Why we must protect Our Ayeyarwady (အော်ပီကျယ်)

 ဇီဝမျိုးကွဲတွေ စုံလင်ခြင်းနဲ့ မျိုးသုဉ်းပျောက်ကွယ်ခြင်းကို ယှဉ်တွဲခံစားထားတာပါ။

ဟိမဝန္တာက စီးဆင်လာတဲ့ ဧရာဝတီဟာ ဒီလိုသာ ပြုမူနေကြရင် နောင်မှာ ချောင်းလေးတစ်ခုလောက်ပဲ ဖြစ်သွားမယ်။ ရေဝေရေလဲဒေသတွေမှာ သစ်တွေ အလွန်အကျွံခုတ်တာ၊ ဆည်တွေ တည်ဆောက်နေတာ၊ မြစ်ထဲမှာ ရွှေတွေ တူးနေတာတွေကို မြစ်ပုံရိပ်မှာ ထည့်သွင်းထားပါတယ်။

 
နှစ်ထောင်ချီကတည်းက တည်ရှိခဲ့တဲ့ ဧရာဝတီကို အမှီပြုပြီး လူမျိုးတွေ ဆင်းသက် ကျယ်ပြန့်လာမှုကို အလင်းသဘောနဲ့ ပြထားပါတယ်။


ဧရာဝတီရဲ့ ဂေဟစနစ်ကို ဖျက်ဆီးတဲ့ အကြောင်းတရားတွေထဲက တစ်ခုဖြစ်တဲ့ ရွှေမှော်လုပ်ငန်းသုံး မော်တော်တွေရဲ့ ပုံရိပ်နဲ့ အကောင် ၇၀ကျော်သာ ကျန်တော့တဲ့ လူတွေရဲ့ မိတ်ဆွေ လင်းပိုင်လေး မျက်ရည်။

 မြစ်ဝှမ်းတစ်လျှောက် ရှာဖွေစားသောက်ရတဲ့ ဘဝကို မြစ်ဆုံဓာတ်ပုံ နောက်ခံထား ရေးဆွဲထားပါတယ်။

 သယ်ယူပို့ဆောင်ရေးအတွက် အားထားရတဲ့ မြစ်ကြီးဟာ နောင်အနာဝတ်မှာ ရေတိမ်လွန်းလို့ ဆင်းတွန်းရတဲ့ ဘဝရောက်သွားမှာလား။

မြစ်တွေ ကျန်းမာတုန်းက အသက်မွေးရတဲ့ ဘဝနဲ့ မြစ်တွေ မကျန်းမာတဲ့အခါ အသက်မွေးရတာ မလွယ်ကူတဲ့ဘဝတွေကို ယှဉ်တွဲပြထားတာပါ။

Our Ayeyarwady, Our Sovereignty ငါတို့ ဧရာဝတီ၊ ငါတို့ အချုပ်အခြာအာဏာ။


No comments: