ခေါ်နေပေမဲ့ ပြန်မထူးကြ
သြော် နံရံက ထူလှတာကိုး
မြေသား ကမ္ဘလာ
မြင်သာမြင်ရ
ခြေတဖဝါးစာ နင်းခွင့်မရခဲ့
သြော် သံတိုင်က ခိုင်လှတာကိုး
သူငယ်ချင်းရေ
ခေါ်ချင်ပေမဲ့ ခေါ်လို့မရ
ဂိတ်တံခါးတွေ ပိတ်ထားတာကိုး
ဒီလိုနဲ့
နံရံထူလို့ အသဲမာလိုက်ရ
သံတိုင်ခိုင်လို့ အသဲမာလိုက်ရ
ဂိတ်တံခါးပိတ်လို့ အသဲမာလိုက်ရ
ချစ်သူရေ ... မင်းက
မလွှဲသာ အသဲမာလိုက်ရသူကို
လူစိမ်းကားလို့ ထင်ရက်ပ။ ။
မင်းကိုနိုင်
No comments:
Post a Comment