Saturday, July 28, 2012

စာအုပ် (ကမာပုလဲ)

ခေတ်ကိုလည်း ကိုယ်စားပြုတယ်
အရပ်ဒေသမရွေး မှတ်ကျောက်တင်ခံတယ်။

စကားလုံးတွေက သိပ်သည်းကျစ်လျစ်
အနက်အဓိပ္ပာယ်တွေက ရိုးရှင်း ကျယ်ပြန့် ... ။

သင်က သူ့ကို တရွက်ခြင်း လှန်သွားစရာမလိုဘူး
သူကသာ သင်တို့ကို တမျက်နှာချင်း လှန်သွားလိမ့်မယ်။


နား၊ မျက်လုံးများနဲ့ ဖတ်လို့ မရနိုင်ဘူး
ဘဝကို ဘဝချင်းထပ်ပြီး ဖတ်မှ
ခံစားနားလည် သဘောပေါက်သွားနိုင်တယ် ...။

အဆုံးသတ်သွားတဲ့အခါ
သူ့မှာ ဘာတခုမျှ မရှိခဲ့ဘူး
ဒါပေမယ့်
အရာအားလုံး
သူ့အတွင်းထဲမှာ အသေအချာကို တည်ရှိနေတယ် ...။ ။

ကမာပုလဲ 
ဇူလိုင်၊ ၂၀၁၂


 

No comments: