Thursday, July 19, 2012

ပြဇာတ် (ကမာပုလဲ)

မြင်နေရပေမယ့်
ဝေးကွာခြင်းဟာ
လှမ်းလို့ မမီအောင် နက်ရှိုင်းတယ်။

ကောင်းကင်နဲ့ မြေပြင်လွှာကို
ဘဝ ဘဝတွေနဲ့ ရင်းပြီး
ကြိုးစား ရင်ကြားစေ့ခဲ့ ...။


အဖွင့် တေးသွားအတိုင်း
ကတ္တီပါ ကားလိပ်စကို မ တင်လိုက်တော့
ပြိုကျလာတဲ့ ခေတ်ရဲ့မျက်ရည်စများ
ဇာတ်သိမ်းခန်းနဲ့ စဖွင့်တယ် ... ။

ကမာပုလဲ 
ဇူလိုင်၊ ၂၀၁၂


 

No comments: