သူ့တောင်ပံမှာ သူ့ရင်ခုန်သံတွေအပြည့် ...
တိမ်တိုက်တွေဖုံးအုပ်ထားတဲ့ မိုးကောင်းကင်
အလင်း၊ အမှောင် ... ရောင်စုံဆေးစက်များ ...။
ပန်းတွေ ...
ကိုယ်ပိုင်ရနံ့နဲ့ ပွင့်တဲ့ လွင်ပြင်ထဲ
ပိုးကိုက်ခံထားရတဲ့
သစ်သီး မရှိ အကိုင်း၊ အခက်၊ အလက်တွေ မရှိ
ရော်ဝါကြွေရွက်တွေလည်း မရှိ ...။
သက်တံ့ရောင် ကွေးညွှတ်တံတားများ
အရိပ်အယောင် ဒြပ်မဲ့ ကိုယ်ထင်ဟန်ပြ သက်သက်သာ ...။
နားခိုလိုက်ချင်တယ် ...
(နားခိုဖို့လည်း လိုမယ်လေ)
မိုးကုတ်စက်ဝိုင်းအစွန်းထိ
သူကိုယ်တိုင်ရေး သီချင်းတပုဒ်နဲ့ ထပ်တူ
ငှက်ကလေး ...
ဆက်ရွေ့ဆက်ကာ ပျံသန်းနေဆဲကို ... ။ ။
ကမာပုလဲ
ဇူလိုင်၊ ၂၀၁၂
No comments:
Post a Comment