အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ အမျိုးသားလွှတ်တော်တွေအတွက် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိတဲ့အနက် ကချင်ပြည်နယ်မှာရှိတဲ့ ၃ နေရာကို လုံခြုံရေးအရ မဲပေးရမယ့်ရက်ကို အစိုးရက ရွှေ့ဆိုင်းထားပါတယ်။
ဒါကြောင့် ကျန်တဲ့ ၄၅ နေရာအတွက် NLD အပါအဝင် နိုင်ငံရေးပါတီပေါင်း ၁၇ ပါတီနဲ့ တသီးပုဂ္ဂလိက ကိုယ်စားတွေ ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဒီကြားဖြတ်ရွေးကောက်ပွဲအတွက် မြန်မာတနိုင်ငံလုံး မဲရုံပေါင်း ၈၃၂၄ ရုံနဲ့ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၆၄ သိန်းကျော် ရှိတယ်လို့လည်း သိရပါတယ်။
Photos: AP, Reuters, Getty Images
No comments:
Post a Comment