Saturday, March 31, 2012

ဒေါ်လာ သန်း ၆၄၀ ကံထူးရှင် ဘယ်သူလဲ

အမေရိကန်ပြည်ထောင်စု၊ မေရီလန်း (Maryland) ပြည်နယ်မှာ ကမ္ဘာ့ဆုကြေးအများဆုံးအဖြစ် ဒေါ်လာ သန်း ၆၄၀ Jackpot ဆု ထီပေါက်သွားတဲ့ ကံထူးရှင် ဘယ်သူဖြစ်တယ်ဆိုတာကို ရှာဖွေစောင့်မျှော်နေကြပါတယ်။

အခုဆုကြီးပေါက်သွားတဲ့ ထီလက်မှတ်ကို ဘယ်တီမိုးကောင်တီ (Baltimore County) ဈေးတခုမှာ ဝင်ထိုးသွားတာဖြစ်တယ်လို့ ဒေသတွင်း သတင်းမီဒီယာက ပြောပါတယ်။ မေရီလန်းပြည်နယ် ထီဌာနရဲ့ ပြောခွင့်ရသူ ကာလိုရီ အယ်ဘာရက်ကလည်း World today ကိုပြောပြရာမှာ …


“အခုပေါက်သွားတဲ့ ထီလက်မှတ်ဟာ မေရီလန်းပြည်နယ်က ဘယ်တီမိုးကောင်တီမှာ ဝင်ထိုးသွားတာ ဖြစ်ပါတယ်။ တခြားပြည်နယ်တွေနဲ့ စီရင်စုကလူတွေလည်း ဒီဆုကို ပေါက်နိုင်ပါတယ်။ ဒါပေမယ့် အခုထက်ထိတော့ ဘယ်နေရာက ကံထူးရှင်ပေါက်သွားလဲဆိုတာ မသိရဘူး” လို့ သူက ရှင်းပြသွားတာပါ။

အခု Jackpot ဆုကြီးအတွက် အမေရိကန်ပြည်သူတွေထိုးခဲ့တဲ့ ငွေပမာဏဟာ ခန့်မှန်းခြေ ဒေါ်လာ ၁ ဘီလျံခွဲလောက် ရှိမယ်လို့ တွက်ဆရပါတယ်။ ဇန်နဝါရီလကုန်ကစပြီး ထီပေါက်သူ မရှိခဲ့တဲ့အတွက် အခုလောက် ငွေပမာဏအထိကို စံချိန်တင် ရောက်ရှိသွားတာဖြစ်ပါတယ်။

သတင်း - ဘီဘီစီ

No comments: