ကြံ့ဖွံ့အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့အတွက် ဒီနေ့ ဘားအံကိုရောက်ရှိသွားတဲ့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ပုံရိပ်တချို့ပါ။
ဘားအံမြို့ ဇွဲကပင်ဟော်တယ်မှာပြုလုပ်တဲ့ ညစာစားပွဲမှာတွေ့ရတဲ့ ကြံ့ဖွံ့အစိုးရ ကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်း (ဝဲ)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နဲ့ စက်မှုဝန်ကြီး ဦးစိုးသိန်း
ဘားအံမြို့ ဇွဲကပင်ဟော်တယ်မှာလုပ်တဲ့ ညစာစားပွဲမှာ သတင်းဌာနတွေနဲ့ တွေ့ဆုံနေတဲ့ တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီ
ကေအန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုနေတဲ့ ကြံ့ဖွံ့အစိုးရ ကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်း
ဒီ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ KNU ဘက်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်ပြီး အဖွဲဝင် ၁၉ ဦး ပါဝင်ပြီးတော့ ကြံ့ဖွံ့အစိုးရဘက်ကတော့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး စက်မှုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ဇော်မင်း တို့ ပါဝင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ရိုက်တာ
No comments:
Post a Comment