ရွှေပြည်တော် အပြန်လမ်းတွေကလည်း
ကြောက်မက်ဖွယ်ရာတွေနဲ့ အတိပြီးတယ် ...။
မချစ်မနှစ်သက်သူတွေ အချင်းချင်း
ရင် ရင်ချင်း အပ်ကြတဲ့အခါ
သစ္စာမြဲသူတွေအားလုံး
ရှေးရိုး ခေါင်းမာသူတွေ အဖြစ်
ခေတ်က မြင်သတဲ့ ...။
ရွှေလက်နဲ့လည်း မခေါ်
ငွေလက်နဲ့လည်း မခေါ်
မာယာလက်ကြမ်းကြီးနဲ့ ခေါ် ...။
ဗျောရိုက်သံကြားရပြီ
ဗီလိန်က မင်းသားနေရာ
ညိုမြက မင်းသမီးနေရာ
လူပြက်က လူပျက်နေရာ
ငိုမည့်သူ မရှိ
အလောင်းထမ်းမည့်သူ မရှိ ...။
မိုးသာ စင်စင်လင်းသွားတယ်
ဇာတ်က
ဘယ်လို သိမ်းသွားမှန်းကို
မသိလိုက်တော့ဘူး။ ။
ကမာပုလဲ
၂၈၊ ၁၊ ၂၀၁၂
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
2 months ago

No comments:
Post a Comment