မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် မီးရထား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ့အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကို အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံစကားပြောဖို့ ကမ်းလှမ်းလိုက်ပါတယ်။
Myanmar Egress အဖွဲ့က ကိုကျော်ရင်လှိုင်ကနေတဆင့် ထိုင်းနိုင်ငံမှာရှိတဲ့ အတိုက်အခံတွေကို ကြာသပတေးနေ့မှာ အကြောင်းကြားလာတာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလထဲမှာ အစိုးရကိုယ်စားလှယ်တွေဘက်က တွေ့ဆုံဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။
နောက်ပြီး မြန်မာနိုင်ငံမှာ ပြုပြင်မှုတွေရှိနေပေမယ့်လို့ ပြောင်းလဲမှုတွေအတွက် အခြေခံလုပ်ဆောင်ချက်တွေ မရှိသေးကြောင်း ဒေါက်တာနိုင်အောင်က ပြောပါတယ်။
ပြည်တွင်းပြန်ပြီး နိုင်ငံရေးလုပ်နိုင်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ဖို့၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲဖို့၊ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအပေါ်မှာ အားလုံးက သဘောတူပြီး နိုင်ငံရေး လွတ်လပ်ခွင့်ရှိဖို့လိုအပ်ကြောင်း သူက ဆက်ပြောပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း တိုင်းပြည်ထဲမှာ နိုင်ငံရေးလုပ်ငန်းတွေကို အသေအချာ လုပ်ကိုင်ခွင့်ရမယ်၊ တခြား အင်အားစုတွေနဲ့ တိုင်းပြည်ပြောင်းလဲရေးကို ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံရေးပါတီအနေနဲ့ ပြည်တွင်းမှာရပ်တည်မှာဖြစ်တယ်လို့ ပြောပါတယ်။
အခုသီတင်းပတ် အကုန်လောက်မှာ ပါတီဝင်တွေနဲ့တွေ့ဆုံပြီး အစိုးရကိုယ်စားလှယ်တွေနဲ့ ဘာတွေဆွေးနွေးမယ်ဆိုတာ ဆုံးဖြတ်ဖို့ရှိတယ်လို့ ဆိုပါတယ်။
နောက်ပြီး လက်ရှိနိုင်ငံရေး အချိုးအကွေ့ဟာ အတိုက်အခံတွေအပေါ် ရိုက်ခတ်မှု အတော်ကြီးမားကြောင်းကိုလည်း သူက ပြောကြားပါတယ်။
သတင်း၊ ဓာတ်ပုံ - ဘီဘီစီ
No comments:
Post a Comment