Wednesday, October 5, 2011

လျှပ်တပြက် အင်းလေး

 
   
အောက်တိုဘာ ၅ ရက်နေ့ကတွေ့ရတဲ့ အင်းလေးဒေသရှိ လက်ဆောင်ပစ္စည်း အရောင်းဆိုင်က ဧည့်ကြို ပဒေါင် အမျိုးသမီးတွေပါ။ 

ပဒေါင်လူမျိုးတွေဟာ မြန်မာပြည်တွင်းရှိ လူနည်းစု တိုင်းရင်းသားတွေထဲက လူမျိုးတမျိုးဖြစ်ပြီးတော့ ပဒေါင်အမျိုးသမီးတွေဟာ အသက် ၉ နှစ်အရွယ်ကစပြီး လည်ပင်းမှာ ကြေးကွင်းတွေ စတင်စွပ်ရတယ်လို့ ဆိုပါတယ်။ အသက် ၉ နှစ်မှာ ကြေးကွင်း ၁၄ ကွင်း၊ အသက် ၁၄ နှစ်ရောက်ရင် ၁၉ ကွင်း၊ အသက် ၁၉ နှစ်ပြည့်တာနဲ့ ၂၅ ကွင်း စွပ်ရပါတယ် တဲ့။

 
 
အင်းလေးဒေသက လူနည်းစု တိုင်းရင်းသားတွေဖြစ်တဲ့ ပအိုဝ့်လူမျိုး

အင်းသူ အင်းသားတွေဟာ လှေကို ခြေနဲ့လှော်သလို လက်နဲ့လည်း လှော်ကြပါတယ်။

Photos: Reuters




No comments: