By မသင်းသီရိ စနေ, 02 ဇူလိုင် 2011
မြန်မာနိုင်ငံကိုရောက်နေတဲ့ ၾသစေတ်းလ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kevin Rudd ဟာ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို မြန်မာ အစိုးရအဖွဲနဲ့ တွေ့ဆုံစဉ် တိုက်တွန်းတောင်းဆိုခဲ့ပေမယ့် အစိုးရဆီက တိကျတဲ့ အဖြေမရခဲ့ဘူးလို့ မြန်မာ့နိုင်ငံရေး ပါတီတွေကို ပြောပါတယ်။
မစ္စတာ Kevin Rudd ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကနေ့ တွေ့ဆုံပြီး မြန်မာနိုင်ငံကို သြစတျေးလျနိုင်ငံက ကူညီပေးနေတဲ့ ကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြသလို မြန်မာ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ အတူ နယ်စပ်ဒေသအခြေအနေတွေကိုပါ ဆွေးနွေး မေးမြန်းခဲ့ပါတယ်။ ဒီကနေ့ Mr. Kevin Rudd ရဲ့ မြန်မာ့အရေးဆွေးနွေးမှု အခြေအနေတွေကိုတော့ မသင်းသီရိက မေးမြန်းတင်ပြထားပါတယ်။
ရန်ကုန်မြို့ ရွှေတောင်ကြားမှာရှိတဲ့ ၾသစေတ်းလ် ကလပ္မွာ ဒီကနေ့ မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီကျော် ထိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ Kevin Rudd တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံပေါ် သြစတျေးလျနိုင်ငံက အကူအညီပေးနေတဲ့ ကိစ္စတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင် က ပြောပါတယ်။
“အထွေထွေအတွင်းရေးမှူးနဲ့အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ အထွေထွေ အတွင်းရေးမှူး (၁) ရဲ့ ရုံးအဖွဲ့ဝင် ဦးထင်ကျော်တို့ လိုက်ပါသွားပါတယ်။ တွေ့ဆုံရာမှာ သြစတျေးလျနိုင်ငံခြားရေးဝန်ကြီးက သြစတျေးလျနိုင်ငံက မြန်မာနိုင်ငံကို လူမှုရေးအရ NGO တွေကနေတဆင့် အကူအညီပေးနေပုံတွေကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြတယ်လို့ သိရပါတယ်။ ဆွေးနွေးချက်တွေကို ထုတ်ပြန်ခြင်းမပြုဘူးလို့လည်း သိရပါတယ်။”
ဒီလို လူသားချင်း စာနာထောက်ထားမှု ကူညီရေးဆိုင်ရာ အခြေအနေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Kevin Rudd တို့ ဟာ လက်ရှိနိုင်ငံရေး အခြေအနေတွေကိုလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့တော့ Mr. Kevin Ruddဟာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီနဲ့အတူ ဒီမို ကရက်တစ်ပါတီ(မြန်မာ) အပြင် ရှမ်း၊ ကချင် အဖွဲ့တွေအပြင် မွန် ဒေသလုံးဆိုင်ရာပါတီ၊ ရခိုင် အမျိုးသားများ တိုးတက်ရေးပါတီလို တိုင်းရင်းသားနိုင်ငံရေး ပါတီအဖွဲ့တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးအခြေအနေတွေကို သိချင်သမျှမေးမြန်းခဲ့ပါတယ်။
သူ့အနေနဲ့ မြန်မာအစိုးရအဖွဲ့က ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စကို အဓိက တိုက်တွန်းခဲ့တာကို သူ ပြောပြခဲ့တဲ့အကြောင်း NDF ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။
“သူကတော့ အကျဉ်းသားပြဿနာနဲ့ပတ်သက်လို့ သမ္မတကြီးကို တိုက်တွန်းခဲ့တဲ့ အကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် ရှိနေတာကို ပြန်လွှတ်ပေးဖို့ သူ တိုက်တွန်းခဲ့တဲ့အကြောင်း ကို ပြောပြပါတယ်။ ပြောတော့လည်း တဘက်က တိကျတဲ့အဖြေကို သူမရလိုက်ဘူးလို့ ပြောတယ်ဗျ။
အခုသွားနေတဲ့ နိုင်ငံရေးပုံစံအပေါ်မှာ ဘယ်လိုမြင်သလဲ လို့ မေးတော့ ကျနော်တို့က ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကလည်း ဘာမှ ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးကို ကျနော်တို့ လုပ်ကြတယ်ဆိုသော်လည်း ဘာမှ ထွန်းထွန်းပေါက်ပေါက် ဖြစ်မလာဘူး။ မလုပ်ခဲ့နိုင်ဘူးပေါ့။ အခုကျတော့ကာ ရလာတဲ့အခွင့်အရေးကို ယူပြီးတော့ ဒီလမ်းပေါ်ကို လျှောက်တဲ့အခါ ပူးပေါင်းဆောင်ရွက်ရေးကို တိုင်းပြည်တည်ဆောက်ရေးအတွက် ကြိုးပမ်းတဲ့ လမ်းကြောင်းပေါ်မှာတော့ ဆက်ရှိနေပြီ။ ဒီလမ်းကြောင်းပဲ ထွက်ပေါက်ရှိလို့ ဒီလမ်းကြောင်းကိုပဲ ကျနော်တို့ ဆက်သွားနေတယ်လို့ အကြမ်းဖျဉ်း ရှင်းပြတာပေါ့ဗျာ။
သူကလည်း သူတို့အနေနဲ့လည်း ဒီလို သွားနေတဲ့ဟာကို လက်ခံပါတယ်တဲ့။ ဒီလိုပဲ သွားရမယ် ဆိုတာကိုလည်း သူတို့ မြင်တွေ့နေပါပြီတဲ့။ သွားပုံသွားနည်းကို သူတို့ လက်ခံပါတယ်တဲ့။ ဒီလို ပြောပါတယ်။”
ဒါ့အပြင် ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကိုလည်း မစ္စတာ Kevin Rudd က မေးမြန်းခဲ့ပါတယ်။
“နယ်စပ်မှာဖြစ်တဲ့ ပြဿနာတွေကတော့ ရပ်ဆိုင်းနေသင့်တယ်ပေါ့ ဗျာ။ ဟိုမှာတော့ ညှိနှိုင်းမှုတွေတော့ စနေပြီပေါ့-အစိုးရနဲ့။ ညှိနှိုင်းမှုတွေ စနေတဲ့အချိန်မှာပဲ တဘက်မှာလည်း တိုက်ခိုက်မှုတွေလည်း ဆက်ရှိနေသေးတယ်ပေါ့။ ဒါတွေကတော့ ဘယ်လောက်ထိကြာအောင် ဆက်ဖြစ်နေအုံးမလဲ။ ဘာလဲ ဆိုတာတော့ သူတို့လည်း မသိဘူးပေါ့။ မသိနိုင်ဘူးပေါ့။
ဒီမိုကရေစီမှာ အခြေခံတွေ လိုပါတယ်ပေါ့။ Institutions တွေပေါ့။ Institutions တွေရှိမှ ဒီမိုကရေစီလမ်းလျှာက်တဲ့ နေရာမှာ ရေရေရာရာ ဖြစ်သွားမယ်။ ဒီလူတွေလည်း ဒီမိုကရေစီ အကျင့်၊ အလေ့စရိုက်တွေ ဖြစ်သွားမယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတွေထဲက သင့်တော်တဲ့ ပုဂ္ဂိုလ်တွေကို ပြည်တွင်းမှာ နိုင်ငံရေးသင်တန်းတွေဖြစ်နိုင်အောင် ဖြစ်သွားအောင်ဆိုပြီး Capacity Building တွေကို ပေးဖို့အတွက် ရည်ရွယ်ထားတာ ရှိပါတယ်ပေါ့။ အဲဒီလို ပြောသွားပါတယ်”
NDF ပါတီက ဦးခင်မောင်ဆွေပါ။
ၾသစေတ်းလ် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Mr. Kevin Rudd ဟာ ဇွန်လ ၃၀ ကြာသာပတေးနေ့ ကနေပြီး ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့အထိ ၃ ရက်ကြာ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ရောက်နေတာ ဖြစ်ပြီး သူ့ခရီးစဉ်အတွင်းမှာ အစိုးရအဖွဲ့နဲ့ရော နိုင်ငံရေးပါတီတွေအပြင် မြန်မာနိုင်ငံထဲမှာ အခြေစိုက် လုပ်ကိုင်နေတဲ့ NGO လိုအဖွဲ့တွေနဲ့အတူ UNHCR လို ဒုက္ခသည်များဆိုင်ရာအဖွဲ့ကြီးတွေနဲ့လည်း တွေ့ဆုံသွားပါတယ်။
Mr. Kevin Rudd ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြူပြင်ပြောင်းလဲမှုဆိုင်ရာ အခြေအနေတွေ အပါအ၀င် စီးပွားရေးဆိုင်ရာအခြေအနေတွေ၊ လူ့အခွင့်ရေး ဆိုင်ရာနဲ့အတူ လူသားချင်းကူညီရေးဆိုင်ရာ ကိစ္စတွေ အတွက် မြန်မာနိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။
သြစတျေးလျနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာတွေ တိုးတက်ဖို့ အတွက် အစဉ်တစိုက်အားပေးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း အရင်စစ်အစိုးရရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် ကူလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကိစ္စကို သြစတြေးလျနိုင်ငံက ထောက်ခံထားပါတယ်။
လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အတွက် ဒေါ်အောင်ဆန်းစုကြည် Kevin Rudd ကို ပန်ကြား
2011-07-02 RFAကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရ လိုက်နာရေးအတွက် သြစတြေလျ နိုင်ငံက ဝိုင်းဝန်းကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် က သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Mr. Kevin Rudd ကို ဒီကနေ့ ပန်ကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Rudd ဒီကနေ့ မွန်းလွဲပိုင်းက တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာပါ။ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က …
“ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းမှာရှိတဲ့ Australian Club မှာ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံရင်း လက်ခံတွေ့ဆုံပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်နဲ့ အတွင်းရေးမှူးရဲ့ ရုံးအဖွဲ့ဝင် ဦးထင်ကျော်တို့လည်း အတူ လိုက်ပါသွားကြပါတယ်။ အဲလို တွေ့ဆုံရာမှာ သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Mr. Kevin Rudd က လူမှုရေးဆောင်ရွက်ချက် လုပ်ငန်းတွေမှာ သြစတြေလျနိုင်ငံက ပါဝင်ကူညီနေတဲ့ အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြတယ်လို့ သိရပါတယ်”
သြစတြေလျနိုင်ငံဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေအတွက် အစဉ်တစိုက် ကူညီနေတဲ့ နိုင်ငံ ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံ လိုက်နာ ဆောင်ရွက်ရေး အတွက် တိုက်တွန်းပေးဖို့ ပန်ကြားတာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးချက်တွေကို နှစ်ဘက်လုံးက အသေးစိတ် ထုတ်ပြန်ကြေညာတာ မရှိပါဘူး။ သြစတြေလျ နိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေလျ သံအမတ်ကြီးရဲ့ နေအိမ်မှာ ဆက်လက် တွေ့ဆုံခဲ့ပါတယ်။
Mr. Rudd ဟာ သောကြာနေ့ကလည်း နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့နဲ့ တွေ့ဆုံခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ရှမ်းမြောက်တွင် မြန်မာစစ်ကားတစီးအား KIA တိုက်ခိုက်
Sunday, 03 July 2011 00:48 KNG ဇူလိုင် ၂၊ ၂၀၁၁-ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၉ ဒေသ၊ မွန်း ၁ နာရီကျော်ချိန် နောင်ရွှေ-နာမ်ဂွတ်လမ်းပိုင်း နောင်ရွှေကွေ့၌ မြန်မာစစ်သား ၁၀ ခန့်ပါသည့် ဖောဝီးလ်ကားတစ်စီးအား တပ်ရင်း ၉ က ဗုံးနှင့် လက်နက်ငယ်ဖြင့် တိုက်ခိုက်ခဲ့သည်။ သေဆုံးဒဏ်ရရမှုရှိမရှိကို မသိရပါ။
KNLA တပ်ဖွဲ့ဝင်များ စောင့်ကြို ပစ်ခတ်မှုကြောင့် ခမရ(၅၄၇) တပ်ရင်းမှူးကျဆုံး
ဇူလိုင်လ ၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ခလယ့်ဒေးကားလမ်းအတိုင်း တက်လာသည့် အစိုးရစစ်တပ်အား ယနေ့မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့များက စောင့်ကြိုပစ်ခတ်ခဲ့ရာ အစိုးရတပ်ဘက်က တပ်ရင်းမှူး တစ်ဦး အပါအ၀င် ၂ဦး ကျဆုံးကာ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA ဘက်က ပြောသည်။
ယနေ့ မွန်းလွဲ ၁း၂၀နာရီအချိန်တွင် ခလယ့်ဒေးကျေးရွာ ကားလမ်းအတိုင်း ချီတက်လာသည့် အစိုးရ စစ်တပ် ခမရ(၅၄၇) စစ် ကြောင်း(၁)အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇)တပ်ဖွဲ့ဝင်များက စောင့်ကြိုပစ်ခတ်ခဲ့မှု ကြောင့် ယခုလို အစိုးရစစ်ဘက်က ထိခိုက်ကျဆုံးခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၇)၏ ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲ က ပြောသည်။
၎င်းက “ဒီနေ့မွန်းလွဲ ၁း၄၅နာရီအချိန်မှာ ခလယ့်ဒေးကားလမ်းအတိုင်း တက်လာတဲ့ ခမရ(၅၄၇)တပ်ရင်းကို ကျနော်တို့လူတွေ သွားစောင့်ပစ်တယ်။ အဲဒီမှာ ရန်သူ့ဘက်က ၂ဦးသေ၊ ၄ဦး ဒဏ်ရာရတယ်။ သေဆုံးသူ ၂ဦးထဲမှာ တပ်ရင်းမှူး ၁ဦးနဲ့ တပ်ခွဲမှူး ၁ဦးပါတယ်။ ဒဏ်ရာရရှိသူထဲမှာ တပ်ခွဲမှူး ၁ဦးနဲ့ တပ်ကြပ်ကြီး ၁ဦး ပါတယ်။ ဒဏ်ရာရတဲ့ တပ်ခွဲမှူးက လည်ပင်းမှာ ထိမှန်တဲ့ အတွက် အသည်းအသန်ပဲ။”ဟု ပြောသည်။
အဆိုပါ ပစ်ခတ်မှုမှာ မိနစ်ပိုင်းခန့်သာဖြစ်ပွားခဲ့ပြီး KNLA ဘက်က အပိုင်နေရာယူထားသောကြောင့် ထိခိုက်ကျဆုံးမှု တစုံတရာ မရှိကြောင်း ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။
KNLA တပ်မဟာ(၇)တွင် ယခုလအတွင်း အစိုးရစစ်တပ်နှင့် ပထမဦးဆုံးအကြိမ် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ယခင် ပစ်ခတ်မှု များကလည်း ယခုကဲ့သို့ အစိုးရစစ်တပ်ဘက်မှ တပ်ရင်းမှူးအဆင့်ရှိ သေဆုံးမှုများ ရှိခဲ့သည်။
တဆက်တည်းတွင် ပြီးခဲ့သည့် ဇွန်လ ၂၉ရက်နေ့ည ၁၂နာရီအချိန်တွင် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း(၁၀၁၂) တပ်ရင်း မှူး ဗိုလ်မှူးစောဘိ ဦးစီးသည့်တပ်ဖွဲ့များက ဖာပွန်မြို့နယ်၊ ကမမောင်းကျေးရွာရှိ အစိုးရစစ်တပ်အား ၀င်ရောက်ပစ်ခတ်ခဲ့သလို ဇွန်လ ၃၀ရက်နေ့ ညနေ ၄နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးရွာအနီးရှိ တခေါ့ဖိုးတွင် BGF တပ်ဖွဲ့ဝင် အချင်းချင်း ပစ် ခတ်မှု ဖြစ်ပွားခဲ့သည်။
၎င်းပစ်ခတ်မှုများကို ဖြေရှင်းရန်အတွက် ယနေ့မနက်တွင် BGF အကြံပေးပုဂ္ဂိုလ် စောချစ်သူ(ယခင် ဒီကေဘီအေ ၉၉၉ တပ်မ ဟာ ဗျူဟာမှူး)နှင့် BGF (၁၀၂၂) တပ်ရင်းမှူး ဗိုလ်မှူးမုတ်သုန်တို့သည် ကားအစီး ၂၀ကျော်ဖြင့် မြိုင်ကြီးငူဒေသဘက်သို့ ချီ တက်သွားသည်ဟု ကိုယ်တိုင်မြင်တွေ့သူများရှိသလို စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရလည်း သိရသည်။
KIAနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ထပ်ဖြစ်
ဘီဘီစီ ။ ။ 02-07-2011ကချင်ပြည်နယ်နဲ့ ရှမ်းပြည် မြောက်ပိုင်းက ဒေသတချို့မှာ KIA ကချင် လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေ အကြား စနေနေ့က ထိပ်တိုက် ရင်ဆိုင်မှု တွေ ဖြစ်ခဲ့ပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း KIA တပ်မဟာ ( ၂ ) လက်အောက်ခံ တပ်ရင်း ( ၅ ) က တပ်ဖွဲ့ဝင်တွေနဲ့ မပခ လက်အောက်ခံ ခလရ ( ၁၄၁ ) တပ်ဖွဲ့ဝင်တွေ နေ့လည် ၁၂နာရီဝန်းကျင် လောက်က အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။
အစိုးရ တပ်ဖက်က နယ်ကျွံလာလို့ ပြန်တိုက်ခဲ့ရတယ်လို့ KIA တို့ဖက်က ပြောပါတယ်။
ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် တာမိုးညဲ မြို့နယ်ခွဲ နာဝီ ရွာနားမှာလည်း KIA တပ်မဟာ ( ၄ )၊ တပ်ရင်း( ၂ ) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ( ၂၉၀ ) တို့ တနာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ အစိုးရတပ်ဖွဲ့ဝင် တချို့ကို KIA ဖက်က လက်ရ ဖမ်းဆီးထား နိုင်ခဲ့တယ် လို့ KIA ရှေ့တန်း သတင်းရပ်ကွက်က ဆိုပါတယ်။
အလားတူ ကွတ်ခိုင်မြို့နယ် နမ်ကွတ်ရွာနားမှာလည်း KIA တပ်မဟာ ( ၄ )၊ တပ်ရင်း ( ၉ ) နဲ့ အစိုးရ စစ်တပ် စကခ ( ၁၆ ) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ခဲ့တယ် လို့ သိရပါတယ်။
တိုက်ပွဲ အသေအပျောက် စာရင်းတွေနဲ့ ပတ်သက်လို့တော့ သီးခြား အတည်ပြုချက် မရသေး ပါဘူး။
KIA ဖက်က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရ စစ်တပ်ဖက်က ကချင်ပြည်နယ် အစိုးရရဲ့ နယ်စပ်နဲ့ လုံခြုံရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်တဲ့ ပြည်နယ် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက် ကြာသပတေးနေ့က ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ စကားပြောခဲ့ ကြအပြီးမှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
အစိုးရဖက်က တဖက်သတ် အပစ်ရပ်ကြောင်း အထောက်အထားတွေနဲ့ မပြသနိုင် မချင်း ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်ဖြစ်နေအုံးမယ်လို့ KIO ဗဟိုကော်မီတီဝင် ဦးလာနန်း က ဘီဘီစီကို ပြောပါတယ်။
ဘာရိန်း ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတွေ စပြီ
By ဗီအိုအေ (မြန်မာဌာန) စနေ, 02 ဇူလိုင် 2011ဘာရိန်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ လနဲ့ချီ ဖြစ်လာခဲ့ပြီးတဲ့နောက်ပိုင်း ဘာရိန်း အုပ်ချုပ်သူတွေနဲ့ အတိုက်အခံ ခေါင်းဆောင်တွေအကြား ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးပွဲ ဒီကနေ့ စတင်ခဲ့ကြပါတယ်။ ဘာရိန်းနိုင်ငံမှာ အုပ်ချုပ်သူတွေက ဆိုနီ မွတ်စလင်တွေဖြစ်ပြီးတော့ အတိုက်အခံ နိုင်ငံရေးပါတီတွေဘက်မှာ ရှီရာမွတ်စလင်တွေရှိပါတယ်။
အခုတော့ အမျိုးသားရေး တွေ့ဆုံဆွေးနွေးပွဲ ဆိုတာကို ပြုလုပ်ကြဖို့ အတိုက်အခံပါတီအဖွဲ့က ဆုံးဖြတ်ခဲ့ပါပြီ။ အရေးကြီးတဲ့ အတိုက်အခံပါတီဘက်က ခေါင်းဆောင်တွေကို အစိုးရဘက်က ဆက်ပြီး ဖမ်းထားအုံးမယ် ဆိုရင်တော့ အခု တွေ့ဆုံဆွေးနွေးမှုအတွက် စိုးရိမ်စရာပဲလို့ အတိုက်အခံ ပါတီတွေဘက်က ပြောပါတယ်။
ဒီမိုကရေစီရရှိရေး ဆန္ဒပြမှုတွေကို အစိုးရက နှိမ်နင်း ဖြိုခွဲခဲ့ပြီးတဲ့နောက်ပိုင်း ဘာရိန်းအောက်လွှတ်တော်မှာ အမတ် ၄၀ ရှိတဲ့အထဲက ၁၈ ဦး ပြီးခဲ့တဲ့ မတ်လတုန်းက လွှတ်တော်ထဲကနေ နုတ်ထွက်ခဲ့ကြပါတယ်။ ဒီမိုကရေစီရေး ဆန္ဒပြမှုတွေမှာ အများစုက ရှီရာမွတ်စလင်တွေပါ။
အခု တွေ့ဆုံဆွေးနွေးမှုမှာ နိုင်ငံရေးကိစ္စအပြင် လူ့အခွင့်အရေးနဲ့ စီးပွားရေးကိစ္စတွေပါ ပါဝင်တယ်လို့ ဘာရိန်းအစိုးရက ပြောပါတယ်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လွတ်လပ်တဲ့ကော်မရှင်တခု ဖွဲ့စည်း လုပ်ဆောင်မယ်လို့ ဘာရိန်းဘုရင်က အခုတပတ် စောစောပိုင်းမှာ ပြောကြားခဲ့တာ ရှိပါတယ်။
သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေး
2011-07-02 RFAမြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd ဟာ သောကြာနေ့က နေပြည်တော်ကို သွားရောက်ပြီး သမ္မတဦးသိန်းစိန်နဲ့ရော ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မြန်မာအစိုးရ အသံလွှင့်ဌာနက ကြေညာခဲ့ခြင်း မရှိပါဘူး။
Mr. Rudd ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမို တိုးတက်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Mr. Rudd မြန်မာနိုင်ငံကို သွားရောက်တာနဲ့ ပတ်သက်ပြီး သြစတြေလျနိုင်ငံ Sydney အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign Australia- BCA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမြင့်ချိုက အခုလို ပြောပါတယ်။
“သြစတြေလျရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒမှာ အဓိကအချက် ၃ ချက်ရှိတယ်။ သံတမန်ရေးအရ တိုက်ရိုက် ထိတွေ့ဆက်ဆံပြီးတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ငြင်းဆန်နေတာတွေ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ပျက်ကွက်နေတာတွေကို ဝေဖန် ထောက်ပြဖို့ဖြစ်တယ်။ ဒါကြောင့်မို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ အချင်းချင်း တိုက်ရိုက်ပြောဆို ဆက်ဆံတဲ့အတွက် အခုဆိုရင် ကြံ့ဖွံ့အစိုးရ သမ္မတဦးသိန်းစိန်တို့၊ ပြည်ထောင်စုဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နဲ့ တွေ့ဆုံဆွေးနွေးတာဖြစ်တယ်။ ဒီလို တိုက်တွန်း တောင်းဆိုတာတွေကို သြစတြေလျ အစိုးရက တိုက်ရိုက်ပြောဆိုပေမယ့် တဘက်က မလိုက်နာဘူး၊ ငြင်းဆန်နေမယ် ဆိုရင်တော့ အဲဒါတွေကို အရေးယူဒဏ်ခတ်တဲ့ ပစ်မှတ်ထား အရေးယူမှုတွေကိုလည်း လုပ်ပါတယ်”
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် သြစတြေလျက နှစ်စဉ် ကူညီထောက်ပံ့ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၉သန်း တိုးမြင့်ပေးခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ မြန်မာနိုင်ငံကို အကူအညီ ဒေါ်လာ ၄၇ သန်း တိုးပေးမယ်လို့လည်း သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။
IMF အကြီးအကဲဟောင်း စထရော့စ်ခန်း နေအိမ်အကျယ်ချုပ်မှ လွတ်
By ဗွီအိုအေ (မြန်မာဌာန) စနေ, 02 ဇူလိုင် 2011မနေ့ ဇူလိုင်လ ၁ ရက်နေ့က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ဥက္ကဋ္ဌဟောင်း ဒိုမိနစ် စထရော့စ်ခန်း (Dominique Strauss-Kahn) ကို အာမခံနဲ့ အမှုရင်ဆိုင်ဖို့ လွှတ်ပေးထားရာကနေ နယူးယောက်မြို့ မင်ဟတ်တန် (Manhattan) ဒေသ တရားရုံးက အာမခံ မထားရှိတော့ဘဲ ပြန်လွှတ်ပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလက နယူးယောက်မြို့ ဟိုတယ်ကြီးတခုမှာ မစ္စတာ စထရော့စ်ခန်း တည်းခိုနေစဉ် အသက် ၃၂ နှစ်အရွယ် အာဖရိကတိုက် ဂီနီနိုင်ငံကနေ ရွှေ့ပြောင်းလာသူ ဟိုတယ်အခန်းရှင်း ၀န်ထမ်း အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ အကြမ်းဖက် ကြိုးပမ်းခဲ့မှုနဲ့ နယူးယောက် ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးခဲ့ပြီး အမေရိကန်ဒေါ်လာ ၆,၀၀၀,၀၀၀ အာမခံနဲ့ လွှတ်ပေးခဲ့တာပါ။
အဲဒီအမျိုးသမီးကို အစိုးရ ရှေ့နေတွေက မေးခွန်းတွေ ထုတ်ခဲ့တာမှာ ဒီအမျိုးသမီးရဲ့ ထွက်ဆိုချက်တွေဟာ ရှေ့နောက် မညီဘဲ ယုံကြည်ဖို့ရာ အကြောင်းမရှိဘူးလို့ တွေ့ရှိခဲ့ကြတာကြောင့် တရားသူကြီးက မစ္စတာ စထရော့စ်ခန်းကို အာမခံ မထားရှိတော့ဘဲ ပြန်လွှတ်ပေးခဲ့တာပါ။ ဒါပေမဲ့ မစ္စတာ စထရော့စ်ခန်းဟာ သူ့ကို စွဲဆိုထားတဲ့ အမှုတွေကို တရားရုံးမှာ ဆက်ပြီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဇူလိုင်လ ၁ ရက် နေ့စွဲ နယူးယောက် တိုင်းမ်စ် (The New York Times) သတင်းစာမှာတော့ ဂီနီနိုင်ငံသူ ဒီအမျိုးသမီးဟာ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးဌာနမှာ ခိုလှုံခွင့် လျှောက်ထားသူ ဖြစ်ပြီးတော့ သူမရဲ့ လျှောက်ထားမှုမှာ မှန်ကန်မှုမရှိတဲ့ အချက်တွေ ပါဝင်ပြီး ငွေမည်းကို ငွေဖြူ ခ၀ါချမှုနဲ့ မူးယစ်ဆေး ရောင်းဝယ်မှုတွေနဲ့လည်း ဆက်နွယ်နေဖွယ်ရာ ရှိတာကို အစိုးရ ရှေ့နေတွေက တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးလည်း ဖြစ်ခဲ့တဲ့ မစ္စတာ စထရော့စ်ခန်းဟာ သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolus Sarkozy) ရဲ့ လှိုက်လှိုက်လှဲလှဲ ထောက်ခံမှုနဲ့ ၂၀၀၇ ခုနှစ်မှာ IMF ရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။
ဝါရင့် နိုင်ငံရေးသမားလည်း ဖြစ်တဲ့ မစ္စတာ စထရော့စ်ခန်းဟာ လာမယ့် ၂၀၁၂ ခုနှစ် ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ ပြင်သစ် ဆိုရှယ်လစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ထိပ်ဆုံးကနေ ဦးစားပေး စဉ်းစားခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။
အသက် ၆၂ နှစ်အရွယ် မစ္စတာ စထရော့စ်ခန်းဟာ သူ IMF ရဲ့ ဥက္ကဋ္ဌဖြစ်စဉ်မှာ ဂရိ၊ အိုင်ယာလန်နဲ့ ပေါ်တူဂီ နိုင်ငံတွေရဲ့ ဘဏ္ဍာရေး ပြိုလဲလု အခြေအနေတွေကို IMF ရဲ့ အကူအညီနဲ့ ပြန်လည် ဆယ်တင်ပေးဖို့ အဓိက အခန်းကဏ္ဍကနေ ဆောင်ရွက်ခဲ့ပါတယ်။
လယ်သမားများ နစ်နာနေမှုကို (ILO) ထံ တိုင်ကြားခဲ့သည့် လယ်သမား အဖမ်းခံနေရ
သတင်း | July 2nd, 2011 | စာရေးသူ - ရိုးမ ၃ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈၀) မှ ကျေးရွာအုပ်ချုပ်ရေးမှူးများက လယ်သမားများထံမှ သီးစားငွေနှင့် ဘဏ်စာအုပ်ဖိုးငွေ အဓမ္မကောက်ခံနေမှုများနှင့် ပတ်သက်၍ လက်မှတ်ရေးထိုး တိုင်ကြားခဲ့သည့် ဦးမန်းထွန်းအေးကို ဇူလိုင်လ (၁)ရက်နေ့တွင် ကန်ကြီးထောင့် ရဲစခန်းက ဖမ်းဆီးခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း ထိန်တောကြီး၊ အစုကြီး၊ မိချောင်းခေါင်း၊ ပေပင်လေးကျေးရွာအုပ်စုအပါအ၀င် ကျေးရွာအုပ်စု (၈၀) အတွင်း မြို့နယ်အာဏာပိုင်များက ကောက်ခံခိုင်းသည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက သီးစားငွေ တဧကကို (၅၀၀)ကျပ်၊ ဘဏ်စာအုပ် တအုပ်ကို (၃၀၀၀)ကျပ် ကောက်ခံနေမှုကို ဦးမန်းထွန်းအေးက အခုနှစ်မေလ (၂၄)ရက်နေ့က တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ လက်မှတ်ရေးထိုး တိုင်ကြားခဲ့သည်။
အထက်ပါတိုင်ကြားမှုကို သက်ဆိုင်ရာအာဏာပိုင်းများက အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် ရန်ကုန်ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ထံ မနေ့က တိုင်းကြားခဲ့ပြီး အပြန်လမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဦးမန်းထွန်းအေး အဖမ်းခံခဲ့ရခြင်းနှင့်ပတ်သက်၍ မျက်မြင်တွေ့သူ ဒေသခံက “မနေ့က ILO ရုံးရှိတဲ့ ရန်ကုန်ကို သွားပြီး ဒီလယ်သမားတွေနစ်နာချက်တွေကို သွားတိုင်တာဗျ။ အဲလိုတိုင်ပြီးအပြန် ညနေ (၆)နာရီခွဲလောက်မှာ ကန်ကြီးထောင့်ရောက်ခါနီးမှာ ကန်ကြီးထောင့်ရဲစခန်းက ရဲအင်အား (၁၅) ယောက်လောက်က ကားပေါ်တက် ဖမ်းသွားတာဗျ” ဟု ပြောသည်။
ဦးမန်းထွန်းအေးကို ရဲများက ဖမ်းဆီးစဉ်တွင် ရန်ကုန် ILO ရုံးကို လိုက်ပို့ပေးသည့် အဖော်ဖြစ်သူ ကိုမြင့်နိုင်ကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူများ၏ နောက်ဆုံးအခြေအနေကို ဦးမန်းထွန်းအေးရဲ့ မိသားစုဝင်တဦးက “မန်းထွန်းအေးကို ရန်ကုန်လိုက်ပို့တဲ့ ပုသိမ်က သူ့မိတ်ဆွေ ကိုမြင့်နိုင်တဲ့ သူလည်းအဖမ်းခံရတယ်။ ကန်ကြီးထောင့် ရဲစခန်းမှာဖမ်းပြီး ထားတယ် အဲဒီကနေ ပုသိမ်ထောင်ကို ပို့လိုက်တယ်။
ပုသိမ်ထောင်ရောက်မှ ကိုမြင့်နိုင်ဆိုတဲ့သူက ပြန်လွတ်လာတယ်။ မန်းထွန်းအေးကိုတော့ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ ရာဇ၀တ်မကင်းမြေ ကျော်နင်းမှု ၄၄၇ နဲ့ တရားစွဲမယ်တဲ့ဗျာ။ အဲဒီပုဒ်မနဲ့ ဘာလိုဆွဲသလဲဆိုတော့ ဒီကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ရယ် မြေစာရင်းနဲ့က မန်းထွန်းအေးရဲ့ သီးစားပြေစာတွေကို ခိုးထုတ်သွားတယ်ဗျာ အဲဒါဘယ်သူမှ မသိဘူး မန်းထွန်းအေးက သူ့လယ်သူ စိုက်ဖို့ ပျိုးဖို့ထွန်လည်းထွန်ရော အခုလို တရားစွဲခံရတာဗျ” ဟု ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လယ်သမားများထံမှ ငွေကောက်ခံသည်မှာ မှန်ကန်ကြောင်း ထိန်တောကြီး ကျေးရွာအုပ်စုမှ လယ်သမားတဦးက “သီးစားငွေဆိုပြီး တဧကကို (၅၀၀)နော် ကျနော်တို့ ကျေးရွာအုပ်စုမှာက လယ်ဧက (၂၀၀၀) ကျော်တော့ ငွေ (၁၀) သိန်းကျော်သူတို့ ရတယ်။ ပြီးတော့ နိုင်ငံတော်က စိုက်ပျိုးစရိတ်ထုတ်ပေးတဲ့ လယ်သမားတွေဆိုရင် ဘဏ်စာအုပ်တအုပ်ကို (၃၀၀၀) ကောက်တာအမှန်ပဲ လယ်သမားတွေက ကိုယ့်ပိုက်ဆံ အလကားအယူခံရတာ ဘယ်ကျေနပ်မလဲဗျာ” ဟု ပြောသည်။
အာဏာပိုင်များဘက်မှ ဦးမန်းထွန်းအေးကို တရားစွဲဆိုသည့်အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ သည် ထောင်ဒဏ် (၂) နှစ်နှင့် ငွေဒဏ်ချမှတ်နိုင်ပြီး ရာဇ၀တ်မကင်းမြေ ကျော်နင်းမှု ၄၄၇ သည် ထောင်ဒဏ် (၃) လနှင့် ငွေဒဏ်ချမှတ်ခံရနိုင်သည့် ပုဒ်မများဖြစ်သည်။
ထိုအခြေအနေတွင် ဦးမန်းထွန်းအေး၏ ဇနီးဖြစ်သူကိုလည်း ကျေးရွာအာဏာပိုင်များက လိုက်လံဖမ်းဆီးနေသဖြင့် ရှောင်တိမ်းနေရသည်ဟု ဒေသခံများက ပြောသည်။
အမေ့အိမ်ပညာဒါနေကျာင်း မတက်ရန် ကြံ့ခိုင်ရေးဖိအားပေး
Published on July 1, 2011 by နော်နိုရင်း - DVBလက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ အောက်ခြေတာဝန်ရှိသူတွေက အခမဲ့စာသင်ကျောင်းတွေ ကို ကျောင်းတက်တဲ့ ကျောင်းသားတွေကို မတက်ဖို့ မိဘတွေကို ခြိမ်းခြောက် ပြောဆိုနေပါတယ်။ထန်းတပင်မြို့နယ် မေးစုကျေးရွာက အေမ့အိမ်ကျောင်းရန်ကုန်တိုင်း ထန်းတပင်မြို့နယ် မေးစုကျေးရွာမှာ ပြီးခဲ့တဲ့လက ဒေသခံလူငယ်တွေစုပြီး ဖွင့်လှစ်သင်ကြားနေတဲ့ အမေ့အိမ်ပညာဒါန ကျောင်းမှာ ကျောင်းသားတွေ မတက်အောင် ပြောဆိုနေတာပါ။
ဒီကျောင်းကို ဇွန်လ ၁၇ ရက်နေ့က ဆိုင်းဘုတ်တင် ဖွင့်ပွဲကျင်းပခဲ့ပြီး အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် (ရန်ကုန်တိုင်း) စည်းရုံးရေးအဖွဲ့က ဦးနိုင်းနိုင်း နဲ့ လူငယ်ဖော်ဆောင်းရေးအဖွဲ့ ကိုမျိုးညွန့်တို့လည်း တက်ရောက်ဖွင့်လှစ် ပေးခဲ့ပါတယ်။နယ်မြေခံ ကြံ့ခိုင်ရေးအတွင်းရေးမှူးက ဇွန် ၃၀ ရက်နေ့မှာ အစည်းအေဝး ခေါ်ယူပြီး ကလေးတွကို အဲဒီကျောင်းကေနထုတ်ဖို့ ခြိမ်းခြောက်ခဲ့ကြတယ်လို့ ကျောင်းသားမိဘတဦးက အခုလို ပြောပြပါတယ်။
“သူတို့က ဘယ်လောက်အထိ ခြိမ်းခြောက်သလဲဆိုတော့ ဒီကျောင်းသားမိဘ နာမည်တွေပါ နေပြည်တော်မှာ ရောက်နေတယ်။ ဒီအိမ်မှာ တက်နေတဲ့ ကလေးတွေက ကျောင်းမှာ စာရင်းမသွင်းဘူးတို့ ၉ တန်း၊ ၁၀ တန်း အောင်ခဲ့ရင်တောင်မှ အောင်မှတ်ကို မပေးဘူးတို့ ဘာတို့နဲ့အမျိုမျိုး ခြောက်လှန့်တာ။ တောသူတောင်သားတွေ ဆိုတော့လည်း ကြောက်ကြတယ်ပေါ့။
”ဒီကျောင်းတက်တဲ့ ကလေးတွေအများစုဟာ မရှိဆင်းရဲသူတွေရဲ့ သားသမီးတွေဖြစ်ပြီး အပြင်မှာ အခြေား ငွေရယူ ဖွင့်လှစ်တဲ့ ကျူရှင်တွေမှာ တက်ဖို့ အခက်အခဲ ရှိကြပါတယ်။အေမ့အိမ်အခမဲ့ ပညာဒါနေကျာင်းဟာ မေလဆန်းကစပြီး မူကြိုကနေ ဒဿမတန်းအထိ အခမဲ့ သင်ကြားပေးတာ ဖြစ်ပါတယ်။
လက်ရှိ အဲဒီကျောင်းမှာ ဆရာ/ဆရာမ သုံးဦးက အခမဲ့ စာသင်နေပါတယ်။ကြံ့ခိုင်ရေးပါတီဝင်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ကျောင်းသား ၆၀ ကျော်သာ ကျန်တော့တယ်လို့ စာသင်ပေးနေတဲ့ ဆရာမ စမ်းစမ်းကြူက ပြောပါတယ်။“အာဏာပိုင်တွေကေတာ့ ဒီကို တိုက်ရိုက်လာပြီးတော့ မပြောဘူးပေါ့နော်။
ဒီအေမ့အိမ်က အမဲရောင်နယ်မြေ ဖြစ်တယ်ဆိုပြီး အမျိုးမျိုး ခြိမ်းခြောက်မှုတွေ ပြုတယ်။ သွယ်ဝိုက်ပြီးတော့ပဲ မိဘတွေကိုပဲ ဖိအားပေးတာပေါ့။ ဒီကို သွားတက်ရင် ဘာဖြစ်မယ် ဆိုပြီးတော့ တားမြစ်တာ။ ကလေးတွေကလည်း သူတို့ ခြိမ်းခြောက်ထားတော့ ကြေက်တယ် မတက်ရဲဘူးလေ။ အရင်တုန်းက တရာကျော်လောက်ရှိတယ်၊ အခုတော့ ၆၀ ကျော် ၇၀ လောက်ပဲ ရှိတော့တယ်။ တော်တော်ကျသွားတယ် ကလေးတွေ။”ဒေသခံ အာဏာပိုင်အဖွဲ့အစည်းတွေဟာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမှာရှိတဲ့ အေမ့အိမ် အခမဲ့ပညာဒါနကျောင်းနဲ့ ဗေဒါ အင်စတိကျု တို့ကိုလည်း အိမ်ရှင်ဖြစ်သူကနေ တဆင့် ကျောင်းပြောင်းအောင် ဖိအားပေးနေပါတယ်။
ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
Published on July 2, 2011 by နော်နိုရင်း - DVBပထမဆုံးအေနနဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီးမစ္စတာ ကယ်ဗင်ရပ်ဒ် (Kevin Rudd)ဟာ ဒီနေ့ခင်းပိုင်းက အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်တို့နဲ့ ရုံးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ် ။
ဒီနေ့ နေ့ခင်း ၁၂ နာရီလောက် ဩစတေးလျ နိုင်ငံကလပ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ဒီတွေ့ဆုံမှုအတွင်း ပြောဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကေရစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။
“အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် အေထွေထွ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို နေ့လည်စာ တည့်ခင်း ဧည့်ခံရင်းနဲ့ လက်ခံတွေ့ဆုံပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံကို လူမှုရေး ထောက်ပံ့ပေးနေတဲ့ ကိစ္စေတွကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြတယ်လို့ သိရပါတယ်။
”မစ္စတာ ကယ်ဗင်ရပ်ဟာ ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီမှာလည်း အမျိုးသားဒီမိုကေရစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)နဲ့ တိုင်းရင်းသားပါတီက ရခိုင်၊ ချင်း၊ မွန်၊ ကချင်၊ ကရင်က ပါတီ ခေါင်းဆောင် တချို့အတူတွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံမှုအတွင်း ဩစတေးလျ နိုင်ငံသံအမတ်ကြီး ဆွေးနွေးပြောဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကေရစီအင်အားစုပါတီ ခေါင်းဆေင် ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။
သိပ်ထွေထွထူးထူးတော့ မရှိပါဘူး။ ဒီမှာဖြစ်နေတဲ့အြဖစ်အပျက်တွေ ကျေန်ာတို့ကို မေးတာပါပဲ။ ဒီမိုကေရစီအပြောင်းအလဲပေါ်မှာ ဘယ်လိုမြင်သလဲပေါ့။ နောက်ပြီး ကျေန်ာတို့တိုင်းပြည်မှာ နိုင်ငံရေးသမား လူငယ်လူရွယ်တွေကို capacity လုပ်ပေးဖို့ အစီအစဉ်ရှိတယ်ပေါ့။ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာကို ဆွေးနွေးကြပါတယ်။
ကျနော် တို့ ပါတီတွေကိုလည်း ဒီအပြာင်းအလဲတွေကို ဘယ်လို ဖြစ်သလဲပေါ့။ အပြောင်းအလဲကေတာ့ ဖြည်းဖြည်းချင်းတော့ သွားမှာပဲ။ ချက်ချင်းကြီး ပြောင်းဖို့ဆိုတာ မလွယ်ပါဘူး။ အဲတော့ ဒီလိုအဟန့်အတားတွေ အခက်အခဲတွေ အများကြီး ရှိတာတွေလည်း ပြောပါတယ်။ နောက်ပြီး နယ်စပ်ကိစ္စေတွမှာလည်းပဲ အခြေအေနမှန်တွေကို သိနိုင်တဲ့ဟာတွေပါ့ဗျာ။
ဥပမာ နယ်စပ်မှာ ပစ်တာခတ်တာကတဖက်၊ ဆွေးနွေးပွဲလုပ်နေတာက တဖက် လုပ်နေတဲ့ အခြားအကြောင်းတွေပေါ့ ဆွေးနွေးပွဲတွေက စတော့ စနေပြီ ပြေလည်မယ် မြေပလည်ဘူးဆိုတာ မသိနိုင်သေးဘူး။ စေတနာမှန်လို့ရှိရင်တော့ ပြီးသွားနိုင်တာပေါ့ဗျာ။
“ကျေန်ာတို့ကလည်း အဆိုပြုပါတယ်။ ဒါကေတာ့ စေတနာမှန်မှန်နဲ့ အပစ်ခတ်ရပ်စဲပြီးတော့ ဆွေးနွေးပွဲ လုပ်လာဖို့လိုပါတယ်။ အဲလိုလုပ်တဲ့အခါမှာ လွတ်တော်ထဲကနေပြီး ကော်မီတီတရပ်ဖွဲ့ပြီး အဲဒီကော်မတီက တာဝန်ယူပြီးတော့ ကချင်တခုတည်းမဟုတ်ဘဲနဲ့ အြခားတိုင်းရင်းသားတွေပါ ခေါ်ယူပြီး တပ်မတော်ဘက်ကေရာ၊ နိုင်ငံရေးသမား ပါတီတွေ နောက် သာမန် တိုင်းရင်သား အဖွဲ့အစည်းက ပုဂ္ဂိုလ် အပါအဝင် နိုင်ငံအေရး ဘယ်လို ရှေ့ဆောင်ရွက်ကြမယ်ဆိုတဲ့ ကတိကဝတ်တွေ၊ သေဘာတူညီမှုတွေ ရှာဖို့လိုပြီလို့ ကျေန်ာတို့ ပြောကြပါတယ်။
”၁ ရက်နေ့ မွန်လွဲပိုင်းက မစ္စတာကယ်ဗင်ရပ်ဒ်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏေမာင်လွင် အပါအဝင် အခြား အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့သလို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့လည်း တွေ့ဆုံခဲ့ကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
အစိုးရအဖွဲ့နဲ့ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောက်ရွက်ရေး မြင့်တင်ဖို့အတွက် ဆွေးနွေး ပြောဆိုကြတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။မစ္စတာ ကယ်ဗင်ရပ်ဒ်ဟာ ပြီးခဲ့တဲ့ ကြာသပေတးနေ့က မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်ပြီး သူ့ရဲ့ ၃ ရက်ကြာ မြန်မာခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရတာဝန်ရှိသူတွေ အပါအ၀င် မြန်မာ့ဒီမိုကေရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သားတွေ၊ တြခားနိုင်ငံရေးပါတီတွေ၊ အန်ဂျီအို အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကေရစီ ပြုပြင်ရေးတွေ လုပ်ဆောင်ဖို့ တောင်းဆိုနေတဲ့ ဩစတေးလျနိုင်ငံအနေနဲ့ အခု နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထပ်ပြီး တောင်းဆိုဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့အပတ် မြန်မာနိုင်ငံကို မလာခင်မှာ မစ္စတာရပ်ဒ်က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
ရှမ်းပြည်ရှိ စစ်တပ်အတွက် သိမ်းမြေများ လျော်ကြေးပေး
ဟိန်းသူ Saturday, 02 July 2011 12:26 ရှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲတွင် စစ်တပ်အတွက် မြေဧက ရာချီ သိမ်းခဲ့သည့်ကိစ္စကို သက်ဆိုင်ရာက ပြန်လည်ဖြေရှင်းပေး သည့်အတွက် မြေသိမ်းခံဒေသခံများနှင့် ပြေလည်မှုရရှိသွားပြီ ဖြစ်သည်။
“ရွာသားတွေကို ပိုက်ဆံနဲ့မြေကွက် အစားပြန်ပေးတယ်။ အပြည့်အ၀ ပေးတာတော့မဟုတ်ဘူး။ ဒါပေမယ့် ရွာသားတွေကတော့ ကျေ နပ်တယ်လို့ ပြောပါတယ်”ဟု အဆိုပါအမှုအား လိုက်လံ ဆောင်ရွက်ပေးနေသူ စိုင်းသူရိန်ဦးက ပြောသည်။
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ဆောက်ရန်အတွက် တောင်ကြီးနှင့် ကျိုင်းတုံဒေသအကြား ခိုလမ်မြို့နယ်ခွဲရှိ မြေဧက ၁၀၀ ကျော်ကို မြေပိုင်ရှင် ၄၀ ခန့်ထံမှ ပြီးခဲ့သည့် ဧပြီလက သိမ်းခဲ့ခြင်းဖြစ်သည်။
ထိုအထဲမှ လက်မှတ်ထိုးပေးလိုက်သူများရှိသော်လည်း မကျေနပ်သည့်ရွာသား ၇ ဦးက ရှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်တန်းခဲ့ကြ သည်။
တိုင်တန်းသည့် ရွာသား ၇ ဦးအပါအ၀င် လက်မှတ်မထိုးပေးသော မြေပိုင်ရှင်များကို သိမ်းယူထားသည့် မြေ၏ ထက်ဝက် အတွက် အခြားနေရာမှ မြေအစားပြန်ပေးကြောင်း၊ ကျန်သိမ်းယူမြေအတွက် တဧက လျှင် ကျပ် တသိန်းခွဲနှုန်းဖြင့် လျော်ကြေး ပေးကြောင်း သိရသည်။
ခိုလမ်မြို့နယ် အုပ်ချုပ်ရေးမှူးက မြေစာရင်းဦးစီးဌာနနှင့် ညှိနှိုင်းကာ မြေကွက်များကို ပြန်လည် နေရာချထားပေးခဲ့ ခြင်းဖြစ်သည်။
“မြို့ထဲမှာတော့ မဟုတ်ဘူး။ အဓိက ကတော့ ခြံလုပ်ငန်း ပြန်လုပ်လို့ရတဲ့ နေရာမျိုးပြန်ရတဲ့အတွက် ကျေနပ်လိုက်တာပါ”ဟု ခိုလမ်ရွာ သား တဦးက ပြောသည်။
မြေသိမ်းစဉ်က လက်မှတ်ထိုးပေးလိုက်သော မြေပိုင်ရှင် ၁၃ ဦးထဲမှ တချို့မှာ သိမ်းယူခံ မြေတဧကအတွက် ကျပ် တသိန်းခွဲ လျော်ကြေးငွေ ရရှိသော်လည်း တချို့မှာ လျော်ကြေးငွေ မရရှိဘဲ ပေ ၄၀ x ၆၀ မြေကွက်များသာ အစားထိုး ရရှိကြောင်း၊ ထိုသို့ သိမ်းယူ ထားသည့် မြေများထဲတွင် ကျပ်သိန်း ၅၀၀ ကျော် ပေါက်ဈေးရှိသည့် လိမ္မော်ခြံများလည်း ပါဝင်သည်ဟု သိရသည်။
လက်မှတ်ထိုးပြီးသူများကို အခြားသူများနည်းတူ လျော်ကြေးထပ်ပေးခြင်း မရှိကြောင်း၊ ယခုအချိန်ထိ အပြီးသတ် လျော်ကြေး မရသေးသူ အနည်းငယ်ကျန်သေးကြောင်း လိုက်လံ ဆောင်ရွက်ပေးနေသူ စိုင်းသူရိန်ဦးက ပြောသည်။
ရခိုင် အမတ်များကို တရားစွဲသည့် ကြံ့ခိုင်ရေး အမတ်လောင်းများ အရှက်ကွဲ
News Date:7/2/2011 နိရဉ္ဖရာသတင်းဌာနရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များကို မဟုတ်မမှန် လုပ်ကြံတရားစွဲဆိုသူ ကြံ့ဖွတ်အမတ်များမှာ အရှုံးနှင့် ရင်ဆိုင်နေရသည့် အပြင် ငွေကုန် လူပန်း ဖြစ်နေကြရသဖြင့် ပြည်သူများအကြား မျက်နာ မဖေါ်ရဲအောင် အရှက်ရနေ ကြသည်ဟု သတင်း ရရှိသည်။
ဇွန်လ ၂၄ ရက်နေ့က ရခိုင်တိုင်းရင်းသားပါတီမှ တရားစွဲခံ အမတ် ၄ ဦး အမူကို နေပြည်တော် ရွှေးကောက်ပွဲကော်မရှင် အထူးခုံရုံးက ဆုံးဖြတ်ရာ ကြံ့ခိုင်ရေးပါတီမှ တရားစွဲဆိုသူများကို အရှုံးပေးလိုက်ပြီး ရခိုင်အမတ်များကို အနိုင်ပေးခဲ့သည်။
မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက ကြံ့ခိုင်ရေးမှ တရားစွဲသူများ အရှက် ရနေကြောင်းကို ယခုကဲ့သို့ ပြောသည်။
" သူတို့က လုပ်ကြံတဲ့ ဇာတ်လမ်းကို သူတို့ဘဲ ခံသွားရတာပါဘဲ။ ပထမ တခါ ပြည်သူတွေက သူတို့ကို လူထုကို အနိုင်ကျင့်တဲ့အတွက် ရွှေးကောက်ပွဲနဲ့ ဆုံးဖြတ်ပေးလိုက်ပြီ ဖြစ်တယ်။ အခုတခါ သူတို့က အဲဒီ အပေါ်မှာ မကျေနပ်လို့ တရားလာစွဲပြန်တယ်။ တရားရုံးက သူတို့ရဲ့ စွပ်စွဲ ချက်တွေဟာ လုပ်ဇာတ်တွေဘဲ ဖြစ်တယ်ဆိုပြီး သူတို့ကို ထပ်ပြီး အရှုံးပေးလိုက်တာပေါ့ဗျာ။ အခုတော့ သူတို့ နှစ်ခါ ရှုံးသွားပြီ ဗျာ" ဟု ပြောသည်။
၎င်းပြင်သူက " ဒါတွေတောင် ဘယ်ကမလဲဗျာ။ ဒါ့ပြင်သူတို့က စရိတ်စခတွေလည်း အများကြီး သုံးရတယ်။ ကော်မရှင်ကို အမူတင်တဲ့ အခါမှာလည်း ၁၀ သိန်း ကုန်တယ်။ အခုတစ်ခါရှုံးတော့ ကျပ် ၁၀ သိန်း လျော်ရတယ်။ အထပ်ထပ်အခါခါ ရှုံးတာပေါ့ဗျာ"
ယခုအခါ တရားစွဲဆိုသူများမှာ ပြည်သူများ၏ မျက်မုန်းကျိုးခြင်းကို ခံနေကြရကြောင်း သူက ဆက်ပြောသည်။
" အဲဒီထက် ဆိုးတာက ပြည်သူတွေက သူတို့ကို မကျေမနပ် ဖြစ်သွားပြီး မျက်မုန်း ကျိုးသွား တာပေါ့ဗျာ။ နောက်ဆုံးမှာတော့ သူတို့ အနာဂတ် နိုင်ငံရေး လောကမှာ မျှော်လင့်ချက် မရှိတော့ဘူးလို့ ပြည်သူတွေ မြင်သွားတယ်။ နိုင်ငံရေး အညွှန့်ကျိုးသွားတာပေါ့ဗျာ။ နိုင်ငံရေး လမ်းကြောင်းဘက်မှာ ပြန်လည်လို့ ခေါင်းဆောင်နိုင်မယ့် အနေအထား မရှိတော့ဘူပေါ့ဗျာ။ ခုလို မဟုတ်မတရား လုပ်ကြံ တရားစွဲတဲ့ အတွက် ကျွန်တော်ဘက်ကတော့ ပြည်သူတွေရဲ့ ထောက်ခံမူကို အများကြီး ရရှိ လိုက်တာပေါ့ဗျာ" ဟု သူက ပြောသည်။
ဇွန်လ ၂၄ ရက်နေ့က နေပြည်တော် ကော်မရှင် တရားရုံးက အနိုင်ပေးလိုက်သော ရခိုင်အမတ်များမှာ ရသေ့တောင် အမှတ်(၁) ပြည်နယ် လွှတ်တော်အမတ် ဦးလှမောင်သိန်းနှင့် မြေပုံမြို့နယ်မှ ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်း၊ ပြည်နယ်လွှတ်တော်အမတ်များ ဖြစ်ကြသည့် ဦးအောင်ဝင်းနှင့် ဦးမောင်လုံးတို့ ဖြစ်ကြသည်။
ယခင် အနိုင်ရရှိခဲ့သည် အမတ် ၂ ဦးမှာ ကျောက်ဖြူမြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးကျော်လွှင်နှင့် ပြည်နယ် လွှတ်တော် အမတ် ဦးအုံးတင်တို့ ဖြစ်ကြသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အမတ် (၉) ဦးတရားစွဲခံထားရသည့် အထဲမှ ၆ ဦးအနိုင်ရရှိခဲ့ပြီး ၃ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။ သူတို့ ၃ ဦးမှာ ပေါက်တောမြို့နယ်မှ ဖြစ်ပြီး ယခု ၆ ရက်နေ့တွင် သူတို့ အမူကို ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ၀န်ကြီးဌာန အပြောင်းအလဲ ပြည်သူများ စိတ်မ၀င်စား
News Date:7/2/2011 နိရဉ္ဖရာ သတင်းဌာနရခိုင်ပြည်နယ်က ၀န်ကြီးဌာန (၉) ခုကို အပြောင်းအလဲ ပြုလုပ် လိုက်သော်လည်း အဆိုပါ အပြောင်းအလဲ အပေါ် ရခိုင်ပြည်သူများမှ စိတ်ဝင်စားမူ မရှိကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး အဆိုပါ အပြောင်းအလဲကို တခြား တိုင်းနှင့် ပြည်နယ်များ နည်းတူ ဇူလိုင်လ (၁) ရက်နေ့က ပြုလုပ် လိုက်ခြင်း ဖြစ်သည်။
အမည်မဖေါ်လိုသူ နိုင်ငံရေး စိတ်ဝင်စားသူ လူငယ် တစ်ဦးက " ရခိုင်ပြည်နယ် ၀န်ကြီးအဖွဲ့ဟာ ဘာမှ အစစ်အမှန် အာဏာမရှိဘဲ လက်ညိုးထောင် ခေါင်းညိတ် နေရတဲ့ ရုပ်ပြ အစိုးရ တစ်ရပ်သာ ဖြစ်တဲ့ အတွက် ရခိုင်ပြည်နယ် အစိုးရ အပေါ်မှာ လူတွေက မျှော်လင့်ချက် သိပ်မထားခဲ့ပါဘူး။ ဒါကြောင့်လည်း အခု ၀န်ကြီးဌာနများ အပြောင်းအလဲအပေါ် ရခိုင်ပြည်သူများက စိတ်ဝင်စားမူ မရှိပါဘူး" ဟု ပြောသည်။
ယခု အပြောင်းအလဲ လုပ်လိုက်သော ၀န်ကြီးများနှင့် ဌာနများမှာ- ဗိုလ်မှူးကြီးထိန်လင်း (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန)၊ ဦးစိုးအေး (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ရတပ အမတ် ဦးကျော်သိန်း (စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန)၊ ရတပ အမတ် ဦးအောင်သန်းတင် (သစ်တောနှင့် သတ္တုဝန်ကြီးဌာန)၊ ဦးမြအောင် (စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန)၊ ဦးကျော်ခင် (လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန)၊ ရတပ အမတ် ဦးသာလူချေ (လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန)၊ ဦးလှဟန် (စည်ပင်သာယာရေးဝန်ကြီးဌာန)၊ ဒေါက်တာအောင်ကျော်မင်း (လူမှုရေးဝန်ကြီးဌာန) တို့ဖြစ်သည်။
ယခုကဲ့သို့ ၀န်ကြီးဌာနများ အပြောင်းအလဲ လုပ်လိုက်ခြင်း အပေါ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်ကလည်း သူ့အမြင်ကို ယခုကဲ့သို့ ပြောပါသည်။
" ၀န်ကြီး အပြောင်းအလဲက သမ္မတက အမိန့်နဲ့ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ကျနော်တို့ လေ့လာ သုံးသပ်မူ အရ ပြောရရင်တော့ တိုင်းနဲ့ ပြည်နယ်တွေရဲ့ ၀န်ကြီးဌာန ဘားဂျတ်ကို တပြေးညီ သတ်မှတ်လိုတဲ့ အတွက် ၀န်ကြီးဌာန ၉ ခုကို အတူတူ သတ်မှတ်လိုက်တယ်လို့ မြင်ပါတယ်" ဟု ပြောသည်။
သို့သော်လည်း ယခု အပြောင်းအလဲ လုပ်ရာတွင် ပြည်နယ် ၀န်ကြီးဌာနများထဲမှ အရေးကြီးသော ၀န်ကြီးဌာနများကို ရုတ်သိမ်းသွားသည်မှာ စိတ်မကောင်းစရာ ဖြစ်ကြောင်း သူက ပြောကြားသည်။
" အဓိက အရေးကြီးတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူဝင်မူကြီးကြပ်ရေး၊ သာသနာရေးနဲ့ ယဉ်ကျေးမူ ၀န်ကြီးဌာနတွေကို အားကုန်လုံးကို ဗဟိုက ပြန်ရုတ်သိမ်းသွားပါတယ်။ သာမန် ဌာနတွေ ကိုထားရှိပီး တခြား လုပ်ပိုင်ခွင့် ရှိတဲ့ တိုင်းရင်းသားတွေ အတွက် အရေးကြီးတဲ့ ဌာနတွေကို ရုတ်သိမ်းသွားတာကတော့ စိတ်မကောင်းစရာပါဘဲ" ဟု ပြောသည်။
ယခုကဲ့သို့ ပြည်နယ်နှင့်တိုင်း ၀န်ကြီးဌာနများကို ဦးသိန်းစိန် အစိုးရမှ ရက် (၁၀၀) မပြည့်မှီ အကြောင်းပြချက် တစုံတရာ မရှိဘဲ ရုတ်သိမ်းသွားသဖြင့် နိုင်ငံရေး အသိုင်းအ၀ိုင်း အကြားတွင် အမျိုးမျိုး ဝေဖန် ပြောဆိုမူများ ထွက်ပေါ် နေကြောင်း သိရသည်။
စစ်ကိုင်းလွှတ်တော်သို့ KIAကို ကန့်ကွက်ရန် အဆိုတင်သွင်း
Friday, 01 July 2011 22:31 KNG ကချင်ပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)အရာရှိများ ဇွန် ၃၀ ရက် တွေ့ဆုံစဉ် တစ်ရက်တည်းတွင် စစ်ကိုင်းလွှတ်တော်က KIAကို ကန့်ကွက်သည့် အဆိုတင်သွင်းချက်ကို ဆွေးနွေးသွားမည်ဟု ဇူလှိုင် ၁ ရက် မြန်မာအစိုးရအာဘော်သတင်းစာတွင် ပါရှိသည်။
ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးတွင် ထီးချိုင့်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင် က “ကချင်ပြည်နယ်အခြေစိုက် KIA အဖွဲ့၏ ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများကို တားမြစ်ခြင်း၊ လုပ်ငန်းများ မအောင်မြင်အောင် နှောင့်ယှက်ခြင်း၊ ရေအားလျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသားဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားနှောင့်ယှက်ခြင်း၊ ပြည်နယ်တွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားများအား KIA မှ ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ကန့်ကွက်ကြောင်း” တင်သွင်းချက်ကို လက်ခံဆွေးနွေးသွားရန် သတင်းစာတွင် ဖော်ပြထားသည်။
ထို့အတူ ဇွန် ၁၇ ရက် ပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် KIO/KIA တွေ့ဆုံပြီးနောက်ရက်တွင်လည်း အစိုးရအာဘော်သတင်းစာ၌ “KIA တပ်ဖွဲ့များက ခြိမ်းခြောက်ခြင်း၊ စတင်ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် မိမိတပ်မတော်စစ်ကြောင်းများက မလွှဲမရှောင်သာ ပြန်လည်တိုက်ခိုက်ခဲ့ရ” ဟု ဖော်ပြထားပြန်သည်။
ဇွန် ၉ ရက် ဗန်းမော်ခရိုင် အင်မောက်မြို့နယ် တာပိန်ရေအားလျှပ်စစ်စီမံကိန်းများအနီး ဆန်ဂန်တွင် မြန်မာစစ်တပ်က KIO/KIA အခြေစိုက်စခန်း Bum Sen (ဘွမ်ဆဲန်)ကို ၀င်ရောက်သိမ်းပိုက်ရာမှ နှစ်ဖက်ကြား တိုက်ပွဲများစတင်လာပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တ၀န်း စစ်ပွဲများ ပျံ့နှံ့လာသည်။
ကချင်ပြည်နယ်အတွင်းတွင် စစ်ကိုရှောင်ရှားရန် နေရပ်စွန့်ခွာလာသည့် ပြည်သူများ ၂၀၀၀၀ ကျော်လာကာ ယခုချိန်ထိ အရေအတွက်တိုးလာနေဆဲဖြစ်သည်။
အာဆီယံပါလီမန်က ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်ဖွဲ့ (KIO/KIA)နှင့် (၁၇) ကြာပစ်ရပ်ဆိုင်းခဲ့ခြင်းကို အဆုံးသတ်ကာ ကချင်ပြည်နယ်သို့ လူလက်နက်အင်အား ကြီးမားစွာ ပို့လွှတ်သည့် မြန်မာအစိုးရ၏ အပြုအမူအား ပြင်းထန်စွာ ဝေဖန်လိုက်သည်။
ထို့အပြင် နိုင်ငံတကာရှိ ကချင်အမျိုးသားများနှင့်အတူ စစ်ပွဲကို မလိုလားသူများသည် သက်ဆိုင်ရာနိုင်ငံအသီးသီးတွင် ကန့်ကွက်ဆန္ဒပြပွဲများကို ဇွန် ၂၄ ရက်တွင် တပြိုင်နက် ကျင်းပခဲ့သည်။
မြန်မာအစိုးရအာဘော်၏ဖော်ပြချက်သည် ဗဟိုအစိုးရအဆင့်မဟုတ်ဘဲ ကချင်ပြည်နယ်အစိုးရ ကိုယ်စားလှယ်များနှင့် KIO တို့ အပစ်အခတ်ရပ်စဲရေးအတွက် ပဏာမ အဆင့် ဆွေးနွေးနေချိန်တွင် ထွက်ပေါ်နေခြင်းဖြစ်သည်။
ကနေဒါ ၌ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု မော်ကွန်းကျောက်စာ ရေးထိုး
ဧရာဝတီ Friday, 01 July 2011 16:00 သတင်းတိုများ ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့အနီးရှိ ကို့တ် စိန့် လုခ် (Côte Saint-Luc) မြို့မှ ကနေဒါ နေ့(ဇူလိုင်လ ၁ ရက်နေ့)၌ ဒေါ်အောင် ဆန်းစုကြည်ကို ဂုဏ်ပြုသည့် မော်ကွန်းကျောက်စာဖွင့်ပွဲ ကျင်းပမည်။
ထိုမြို့မှ လူ့အခွင့်အရေး လမ်းမပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုထားသော မော်ကွန်းကျောက်စာကို ဒေသစံတော်ချိန် ၅ နာရီခွဲတွင် အခမ်းအနားဖြင့် ဖွင့်လှစ် မည်ဖြစ်ပြီး ယခုအခမ်းအနားသည် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကနေဒါနေ့ အခမ်းအနား၏ အစိတ်အပိုင်းတခုအဖြစ် ကျင်းပခြင်း လည်းဖြစ်သည်။
အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုမှတဆင့် နှုတ်ခွန်းဆက်ပြောစကား ရုပ်သံကိုလည်း ဖွင့်လှစ် ပြသမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment