Monday, April 4, 2011

ကတုံးကြီးကို စွဲချက်တင်ပြီ

မြန်မာတိုင်းမ် သတင်းစာကို စတင်ထူထောင်ခဲ့သူ သြစတေးလျှနိုင်ငံသား ရော့စ်ဒန်ကလေကို ရာဇဝတ်ကြောင်းအရရော လူဝင်မှုကြီးကြပ်ရေးဥပဒေအရပါ စွဲချက်တင်ဖို့ ဒီကနေ့ ရုံးချိန်းမှာ ကမာရွတ်မြို့နယ် တရားရုံးက ဆုံးဖြတ်ချက် ချလိုက်ပါတယ်။


ပြီးခဲ့တဲ့ သတင်းပါတ်ကို သူ့ကို စွဲချက်တင်ဖို့ သင့်မသင့် တရားရုံးမှာ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက်တွေ ပေးခဲ့ကြရတာပါ။

 
 
 မစ္စတာ ဒန်ကလေကတော့ ဒီကနေ့ တရားရုံးဆုံးဖြတ်ချက်အပေါ် သူ့အနေနဲ့ မှတ်ချက်မပေးလိုပေမယ့် သူ့မှာ အပြစ်မရှိဘူးလို့ ပြောပါတယ်။ လာမယ့် ဧပြီလ ၁၁ ရက်နေ့ကို နောက်ထပ်အမှုချိန်းပေးလိုက်ပြီး တရားလိုပြ သက်သေ ၂ ယောက်ကို အဲဒီနေ့မှာ စစ်ဆေးမယ်လို့ သိရပါတယ်။

သတင်း - ဘီဘီစီ
Photos :AP, Reuters, Getty Images


No comments: