"ဒီမိုကရေစီမြတ်နိုးတဲ့ ပြည်သူတွေအနေနဲ့ တိုးတက်တဲ့ အပြောင်းအလဲတခုကို မျှော်နေကျတဲ့သူတွေအနေနဲ့ဆိုရင် ကျနော်တို့ဟာ လူပုဂ္ဂိုလ်တဦးချင်းအပေါ်မှာ မှီပြီးတော့ မျှော်လင့်မနေဘဲ မိမိတို့ကိုယ်တိုင် ဘာလုပ်နိုင်မလဲဆိုတဲ့ အချက်ကိုပါ ဝိုင်းပြီးတော့ စဉ်းစားထားကြဖို့ လိုတယ်"
ကျနော်တို့သမိုင်းကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျောင်းသားတွေက စောသလား၊ စစ်သားက စောသလားဆိုတာတော့ ဒါလေးတော့ သမိုင်းကို နည်းနည်းလေး တီးမိခေါက်မိတဲ့သူတွေ ပိုသိပါလိမ့်မယ်။
ဆိုလိုတာကတော့ တပ်မတော်ကို ဘယ်သူတွေက စပြီး တည်ထောင်ခဲ့သလဲ။ အဲဒါဟာ တက္ကသိုလ်ကျောင်းဝင်းထဲက ကျောင်းသားတွေက စတာပဲ။ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတိုက်ပွဲကနေပြီးတော့ စလာတာ မဟုတ်ဘူးလားဆိုတာ နည်းနည်းလေး မြင်သာထင်သာ ရှိပါလိမ့်မယ်။
အဲဒီတော့ ကျောင်းသားတွေလည်း တိုင်းပြည်ကို ချစ်တတ်တယ်။ ကျောင်းသားတွေလည်း တိုင်းပြည်အတွက်ဆိုရင် အနစ်နာခံတတ်တယ်”
“အပြောင်းအလဲတခုကို ဆောင်ကျဉ်းတဲ့နေရာမှာ ကျောင်းသားတွေကြီးပဲ မဟုတ်ပါဘူး။ ဒီကနေ့ လက်ရှိ တပ်မတော် အစိုးရ အပါအဝင် ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ NLD၊ တိုင်းရင်းသားအင်အားစုတွေ ဒီမိုကရေစီကိုလိုလားတဲ့ ပြည်သူရဲ့အသံကို ကျနော်တို့အားလုံး နားထောင်သင့်ပါပြီ။
ပြည်သူဟာ ဟုတ်တယ် တကယ်ကို အပြောင်းအလဲ လိုလားနေပြီ။ အဲဒီ အပြောင်းအလဲကို ကျနော်တို့ ဘယ်လိုမျိုး အညင်သာဆုံးနဲ့ အသိမ်မွေ့ဆုံး ပြောင်းလဲနိုင်မလဲပေါ့ဗျ။ စိတ်ကူးယဉ်တယ်ပဲ ပြောပြောပေါ့ဗျ။ ကျနော် အရှေ့ဥရောပ ပြောင်းလဲမှုမျိုးကို သဘောကျတယ်ဗျ။
ဒီတမျိုးသားလုံးရဲ့ သဘောတူညီချက် ပုံစံမျိုးနဲ့ကို အနာဂတ်ကို ရေရှည်ကြည့်ပြီးတော့ အမျှော်မြင်ရှိရှိ စုပေါင်းပြီးတော့ ပြောင်းလဲသွားတဲ့ ပုံစံမျိုး၊ အထိခိုက် အနည်းဆုံးပုံစံမျိုး ၊ ဒီပုံစံမျိုးကို ကျနော်တို့ ပြောင်းလဲဖို့ ရလိမ့်မယ်လို့ အခုထက်ထိ ယုံကြည် မျှော်လင့်နေတုန်းပါပဲ။
အဲဒီလိုဖြစ်မြောက်အောင် ကျနော်တို့ ကျောင်းသားတွေဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးအတွက် တတ်စွမ်းရာ အခန်းကဏ္ဍက ကျနော်တို့ပါဝင်ဖို့ အဆင်သင့်ရှိနေပါတယ်”
“အဲဒီလို တတိုင်းတပြည်လုံး တမျိုးသားလုံးနဲ့ ယှဉ်လာတဲ့ကိစ္စမျိုးမှာ ကျနော်တို့ ကျောင်းသားတွေအနေနဲ့ကတော့ တပ်ဦးကလို့ပဲ ပြောပြော ရှေ့တန်းကလို့ပဲ ပြောပြော ကျနော်တို့တက်ဖို့ ဝန်မလေးပါဘူး။
ဒါပေမယ့် ကျနော်တို့ချဉ်းပဲတော့ ဘယ်တော့မှ လက်မခံဘူး။ ခေတ်အဆက်ဆက်ကို ပြန်ကြည့်လိုက် ပြည်သူလူထု မလိုက်နိုင်တဲ့ လမ်းကိုရွေးမိရင် ပြိုကွဲသွားတတ်တယ်။
အဲဒီတော့ တလမ်းထဲကို လိုက်နိုင်ဖို့ ကျနော်တို့ ရွေးချယ်ကြရလိမ့်မယ်။ အထိအခိုက် အနည်းဆုံးဖြစ်နိုင်မယ့် လမ်းကြောင်းကိုတော့ ကျနော်တို့ စဉ်းစားရမယ်။
ဒီမိုကရေစီမြတ်နိုးတဲ့ ပြည်သူတွေအနေနဲ့ တိုးတက်တဲ့ အပြောင်းအလဲတခုကို မျှော်နေကျတဲ့သူတွေအနေနဲ့ဆိုရင် ကျနော်တို့ဟာ လူပုဂ္ဂိုလ်တဦးချင်းအပေါ်မှာ မှီပြီးတော့ မျှော်လင့်မနေဘဲ မိမိတို့ကိုယ်တိုင် ဘာလုပ်နိုင်မလဲဆိုတဲ့ အချက်ကိုပါ ဝိုင်းပြီးတော့ စဉ်းစားထားကြဖို့ လိုတယ်လို့ ကျနော် ယူဆပါတယ်”
“ကျနော် ပြောချင်တဲ့စကားက တခွန်းထဲပါပဲ၊ ဒါကတော့ အလကား မရဘူး။ တန်ဖိုးကြီးကြီး ပစ္စည်းတခုကို လိုချင်ရင် တန်ဖိုးကြီးကြီး ပေးရတယ်။ အနှစ်ချုပ်ပြောချင်တာက ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး”
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment