ဒီလေယာဉ်ဟာ မော်စကိုမြို့တောင်ဘက် ကီလိုမီတာ ၆၀၀ လောက်အကွာမှာရှိတဲ့ ဘဲဂူရို့ဒ်ပြည်နယ်မှာ သင်တန်းပေး မောင်းနှင်နေစဉ်အတွင် ပျက်ကျသွားတာလို့ မော်စကို အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။
လေယာဉ်ပျက်သွားခဲ့တဲ့ ဗိုရိုနက်ဇ်မြို့ရဲ့ ကီလိုမီတာ ၁၃၀ နားလောက်မှာ သေဆုံးသွားသူ ၆ ဦးရဲ့အလောင်းတွေကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ဒီလေယာဉ်ဟာ မြန်မာနိုင်ငံအတွက်ဖြစ်ပြီး လေယာဉ်ကို စမ်းသပ်ပျံသန်းမှု ၃၁ ကြိမ်လုပ်ခဲ့ရာ ဘာချို့ယွင်းမှုမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၁၀ မိနစ် ၄၀ လောက်မှာ ရေဒါကနေ ပျောက်သွားတာဖြစ်တယ်လို့ ဗိုရိုနက်ဇ် လေယာဉ်ထုတ် စက်ရုံက ပြောပါတယ်။
မော်စကို မြန်မာသံရုံးကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး သူတို့ဘာမှ မသိရသေးကြောင်း ပြောပါတယ်။
ခရီးသည် ၁၀၀ ခန့် တင်ဆောင်နိုင်တဲ့ ပျက်ကျသွားသည့် AN-148 အမျိုးအစား လေယာဉ်တစီး။
သတင်း - ဘီဘီစီ
Photos : Reuters, AP
No comments:
Post a Comment