ကချင်ပြည်နယ် မန်စီမြို့နယ်ထဲက KIA ကချင်တပ်မတော် ထိန်းချုပ်ထားတဲ့ နယ်မြေထဲဝင်လာတဲ့ နအဖ စစ်ယဉ်တန်း မိုင်းထိပြီးခဲ့ပြီးတဲ့နောက် KIA နဲ့ နအဖ တပ်တွေ ဒီကနေ့ နေ့လည်က တနာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ခလရ ၁၅ တပ်ရင်းမှူး ကိုယ်တိုင်လိုက်ပါလာတဲ့ ယာဉ် ၃ စီးပါ ယာဉ်တန်း မိုင်းနင်းမိလို့ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ယဉ်ထွေး အပါအဝင် အနည်းဆုံး ၈ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့လည်း သိရပါတယ်။
အခုတိုက်ပွဲတွေ ရပ်သွားပြီဖြစ်ပေမယ့် နှစ်ဖက်စလုံးက တပ်တွေ ထပ်ပြီးပို့ထားတဲ့အတွက် တင်းမာမှုတွေကလည်း ဆက်ပြီးရှိနေဆဲလို့ ဆိုပါတယ်။
သတင်း - ဘီဘီစီ
ဓာတ်ပုံ - မဇ္စိ္ဈမ
ဓာတ်ပုံ - မဇ္စိ္ဈမ
No comments:
Post a Comment