မြန်မာနိုင်ငံမှာ လွှတ်တော်အသီးသီးကို ဒီကနေ့ စတင်ကျင်းပခဲ့ပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီကပဲ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်တို့ အရွေးခံရပါတယ်။လွှတ်တော် ၂ ရပ်စလုံးရဲ့ ဒုတိယ ဥက္ကဋ္ဌတွေကလည်း ကြံ့ခိုင်ရေးပါတီကပဲ ဖြစ်ပါတယ်။ နေ့လည်ပိုင်းမှာတော့ ဒီလွှတ်တော် ၂ ရပ်ပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ ပထမ အစည်းအဝေးကိုလည်း ကျင်းပခဲ့ပါတယ်။
တိုင်းရင်းသားပါတီထဲက ကိုယ်စားလှယ်တွေ တယောက်မှ အရွေးမခံခဲ့ရတာကို စိတ်ပျက်မိတယ်လို့လည်း ကိုယ်စားလှယ်တချို့က ပြောကြပါတယ်။
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေကို ပြည်တွင်း ပြည်ပ သတင်းထောက်တွေကို လုံးဝ တက်ရောက် သတင်းရယူခွင့်ကို မပေးခဲ့ပါဘူး။ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ကျင်းပတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာလည်း ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေကပဲ လွှတ်တော်ဥက္ကဋ္ဌတွေ ဖြစ်လာခဲ့ပါတယ်။
မနက်ဖြန်မှာတော့ ဒုတိယသမ္မတ တဦးစီကို လွှတ်တော် ၂ ရပ်က တဦးစီနဲ့ တပ်မတော်သားကိုယ်စားတွေက တဦးစီ ရွေးကြမှာဖြစ်ပါတယ်။ အဲဒီအထဲကမှ သမ္မတ တဦးကို ရွေးကြမှာလည်း ဖြစ်ပါတယ်။
သတင်း - ဘီဘီစီ
Photos : AP, Reuters, Getty Images

















No comments:
Post a Comment