Saturday, November 13, 2010

“ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အတွက် အားလုံးအတူတကွ လက်တွဲလုပ်ဆောင်ရမယ်”

ယနေ့ လွတ်မြောက်လာသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ အကျယ်ချုပ်သက်တမ်းပြည့်တဲ့ ဒီကနေ့ ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အား ပရိသတ်က ကြိုဆိုနှုတ်ဆက်နေကြပုံ

လွတ်မြောက်လာလာခြင်း သူ့အိမ်ရှေ့မှာ လာရောက်စောင့်ကြိုနေကြတဲ့ ထောင်ပေါင်းများစွာသော ထောက်ခံသူတွေကို ဒေါ်အောင်ဆန်းစုကြည်က စကားပြောကြားခဲ့ပါတယ်။







သူမက ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အတွက် အားလုံးအတူတကွ လက်တွဲလုပ်ဆောင်ရမယ်လို့ ပြောပါတယ်။ မနက်ဖြန်ကြရင်လည်း အန်အယ်လ်ဒီ ဌာနချုပ်ရုံးမှာ စကားထပ်ပြောဖို့ရှိတယ်လို့ ဒေါ်စုက ဆိုပါတယ်။









ဒီပဲယင်း သတ်ကွင်းမှ လွတ်မြောက်ပြီး ၇ နှစ်ခွဲအကြာတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်

ထောက်ခံသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာချမ်းသာစေကြောင်း အော်ဟစ် ဆုတောင်းပေးခဲ့ကြပါတယ်။

ဒါပေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကန့်သတ်မှုတွေ ရှိမရှိဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။





လုံထိန်းရဲများ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း မြန်မာစစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံး ရွေးကောက်ပွဲ ကျင်းပပေးပြီးနောက်မှာ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

သတင်း - ဘီဘီစီ၊ ဓာတ်ပုံ - AP, Reuters, Getty Images


No comments: