Sunday, October 17, 2010

ပေ ၁၆ဝ အမြင့်က ခုန်ချခဲ့တဲ့ မဝေနှင်းပွင့်သုန်

တောင်ကြီးထောင်မှာ အကျဉ်းချခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမြအေးရဲ့ သမီးကြီးဖြစ်သူ မဝေနှင်းပွင့်သုန်ဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အမြင့်ပေ ၁၆ဝ ကနေ ခြေထောက်ကိုကြိုးချည်ပြီး ခုန်ချပြတဲ့လှုပ်ရှားမှုတခုကို လန်ဒန်မြို့မှာ မနေ့က ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဒီ အမြင့်ခုန်ချ ရန်ပုံငွေရှာပွဲကို (Burma Campaign UK)က ဦးစီးလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ လန်ဒန်ရောက် မြန်မာတွေ၊ စိတ်ဝင်စားတဲ့ အင်္ဂလန်နိုင်ငံသားတွေက ပေါင် ၈ဝဝဝ ကျော် ထည့်ဝင်ခဲ့ကြတယ်လို့ သိရပြီး ဒီငွေတွေကို နိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့ နယ်စပ်ဒုက္ခသည်တွေအတွက် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

အသက် ၂၁ ရှိပြီဖြစ်တဲ့ မဝေနှင်းပွင့်သုန်ဟာ လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK)၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ (AI) တို့မှာလည်း ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နေသူတဦး ဖြစ်ပါတယ်။

ပုံတူ ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်


No comments: