Monday, October 11, 2010

ထိုင်းဝန်ကြီးချုပ် မြန်မာပြည်ကိုသွား

ထိုင်းဝန်ကြီးချုပ် အဘီဆစ် နှင့် နအဖ စစ်အစိုးရ ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ


ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝ (Abhisit Vejjajiva) ဟာ ဒီနေ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံကို တရက်ခရီး နေ့ချင်းပြန် သွားရောက်ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် နှင့် နအဖ ဝန်ကြီးချုပ် သိန်းစိန်

သူဟာ မြန်မာပြည် ခရီးစဉ်ကို နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီးမှ အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ်ကို နအဖ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်က နေပြည်တော် လေဆိပ်မှာ ကြိုဆိုစဉ်။

ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ နေပြည်တော်မှာ သူ့ကို မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ သူရ ဦးရွှေမန်း၊ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့က လက်ခံတွေ့ဆုံခဲ့တယ်လို့ နအဖစစ်အစိုးရပိုင် မီဒီယာတွေမှာ ကြေညာခဲ့ပါတယ်။







ရွှေတိဂုံစေတီကို သွားရောက်ကြည်ညိုခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်


ဒီခရီးစဉ်ဟာ ၂၀၀၈ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်ရဲ့ မြန်မာနိုင်ငံကို ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။

Photos : AP


No comments: