မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေတိုက်နယ်ပိုင် ညောင်လှကျေးရွာအနီးရှိ ရေနံပိုက်လိုင်း ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်၊ တနင်္ဂနွေညပိုင်းက ပေါက်ကွဲမီးလောင်ရာ လူ ၁၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ စစ်အစိုးရရဲ့ သတင်းများက ဆိုပါတယ်။
သေဆုံး ဒဏ်ရာရရှိသူများမှာ ရေနံပိုက်လိုင်းက ယိုစိမ့်နေတဲ့ရေနံတွေကို ခံယူနေတဲ့ ဒေသခံရွာသားများဖြစ်ပြီး မတော်တဆ ပိုက်လိုင်းပေါက် မီးလောင်မှုကြောင့်ဖြစ်ကြောင်း အစိုးရအရာရှိတဦးကို ကိုးကားပြီး AFP သတင်းမှာလည်း ဖော်ပြထားပါတယ်။Photos : AP, AFP, Mizzima

No comments:
Post a Comment