သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ကြံ့ဖွတ်အမတ်လောင်း ဦးအောင်သိန်းလင်း နှင့် ဦးဌေးဦး
အောက်တိုဘာလ ၂၇ ရက်နေ့က ကြံ့ဖွံ့ပါတီရုံးချုပ်မှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရန်ကုန်မြို့တော်ဝန် ကြံ့ဖွံ့ အမတ်လောင်း ဦးအောင်သိန်းလင်းက သတင်းထောက်တွေရဲ့ မေးခွန်းတွေက မချေမငံနဲ့ ပြန်လည် ဖြေကြားသွားတယ်လို့ ဆိုပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ကြံ့ဖွတ်အမတ်လောင်း ဦးဌေးဦး
ဦးဌေးဦးနဲ့အတူပြုလုပ်တဲ့ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက ရန်ကုန်မှာ လမ်းခင်းပေးနေတာ နိုင်ငံတော်ပိုင်ငွေလား ပါတီပိုင်ငွေလားဆိုပြီး မေးမြန်းခဲ့ရာ စစ်ဗိုလ်လူထွက် ဦးအောင်သိန်းလင်းက “မဖြေနိုင်ဘူး” လို့ မချေမငံပြောဆိုခဲ့လို့ ဆိုပါတယ်။ ဘာကြောင့် ကြံ့ဖွံ့ပါတီက ခင်းပေးတာလို့ ကျောက်တိုင်တွေ စိုက်ထူထားရသလဲလို့ မေးရာမှာ “အဲဒီလမ်းတွေကို သွားမေး” လို့ ဖြေဆိုသွားတယ်လို့ အဲဒီ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့သူတွေက ပြောဆိုကြပါတယ်။သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ကြံ့ဖွတ်အမတ်လောင်း ဦးဌေးဦး
စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်ဗိုလ်လူထွက် မြို့တော်ဝန် ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မြေ အမျိုးသား လွှတ်တော်မှာ ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။
ကြံ့ဖွံ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ လက်ရှိ စစ်အစိုးရ၏ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးကတော့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် မဲဆန္ဒနယ်မြေရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံမှာဖြစ်ပါတယ်။
Photos : AP
No comments:
Post a Comment