Thursday, August 27, 2009

အနှစ် ၄ဝ ပြက္ခဒိန်

အောင်ဘညို


ငါ့ခေတ်ကို ဖွဲ့နွဲ့ဖို့

ငါ သူရဲကောင်းဆန်ချင်ပါဘိ။


အမှန်တရား

ဘယ်နှစ်ကျပ်သား

အမှားခါးခါး ဘယ်နှစ်ပိသာ

ဒီလိုချိန်ဆဖို့

ငါ့ကိုယ်ငါ

ဘယ်လောက်တောင့်ခံနိုင်မလဲ။


မနက်ခင်းတိုင်း

ကိုယ်လက်ကို သန့်စင်

ပြီးရင်

ကိုယ်လုံးပေါ် မှန်ရှေ့မှာရပ်

မိမိကိုယ်ပြန်ရှက်ဖို့

ရဲရင့်စွာ တံခါးဖွင့်ထားရဲလား။


ချောတိုင်တက်ပွဲမှ

သံဝေဂ ယပ်တောင်

သင့် ပူလောင်မှုများ

ချုပ်ငြိမ်းပါစ။


ငါ့ကောင်းကင်မှ

ကောက်ကျစ်တောက်ပသော နှစ်များ

အချစ်ဖြင့် လောင်ကျွမ်းခဲ့

နှစ်ပေါင်း ၄ဝ။


အောင်ဘညို

(ရနံ့သစ် မဂ္ဂဇင်း၊ အမှတ် ၅၈၊ ဧပြီလ၊ ၁၉၉၈ ခုနှစ် )


No comments: