စကားဦး ….
ကျနော်တို့က စာရေးတဲ့သူ၊ ကဗျာရေးတဲ့သူတွေ မဟုတ်ပါဘူး။ ရေးလည်း မရေးတတ်ပါဘူး။ သူများရေးပေးတဲ့ စာ၊ ကဗျာတွေကို ပြင်ဆင်တည်ဆောက်ပေးရတဲ့ စာအုပ်လက်သမားတွေပါ (ကဗျာဆရာ ကိုခင်လွန်းရဲ့ စကားလုံး)။
ခုတ်တဲ့အခါ ခုတ်၊ ဖြတ်တဲ့အခါ ဖြတ်၊ ဖြည့်တန်တာ ဖြည့်၊ ပြင်တန်တာ ပြင်ပြီး စာအုပ်အိမ်လေးကို ဆောက်ရတယ်။ ပြီးတော့ အခန်းဖွဲ့စည်းပုံအရ ဘယ်နေရာတော့ဖြင့် အိမ်ဦးခန်း၊ ဘယ်နေရာက မီးဖိုချောင်၊ ဘယ်နေရာလေးတော့ ဘာလေးဆင်ယင်လိုက်မယ် စသည်ဖြင့် …
အဲတော့ ကျနော်တို့ တည်ဆောက်ပေးခဲ့တဲ့ စာအုပ်အိမ်ကလေးတွေထဲကနေ ကောင်းနိုးရာရာလေးတွေကို ရွေးချယ်ပြီး ပြန်လည် ဝေငှပေးတာပါ။ မဖတ်ရသေးတဲ့သူတွေ၊ တချို့ ကူးယူထားချင်သူတွေအတွက် ရည်ရွယ်ပါတယ်။ တချို့လည်း ကျနော်တို့ အကြိုက်လေးတွေလည်း မှတ်တမ်းမှတ်ရာလေးဖြစ်အောင် တင်ပေးထားမှာပေါ့။
ကျနော်တို့က ပိုင်ရှင်တွေ မဟုတ်ပါ။ စာအုပ်၊ စာစောင် ထုတ်ဝေသူများနဲ့ စာမူရှင်တွေသာ ပိုင်ဆိုင်ပါတယ်။ ဒီနေရာကနေတဆင့် ပိုင်ဆိုင်သူများထံ ခွင့်ပြုချက် တောင်းခံပါရစေ၊ ခွင့်ပြုချက်ပေးကြပါ လို့ ...။ ပိုင်ရှင်တွေလည်း နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ရင်း ……..
အားလုံးကို လေးစားခင်မင်စွာဖြင့်
1 comment:
ဟေးးးကိုဦးနဲ့ မအေးအေးသင်းတို့ ရေ. ......
ဘလော့တွေလျောက်လည်ကြည့်ရင်း ဘယ်ဘလော့က တွေ့ မိတယ်မသိ။ ကိုဦးတို့  ဘလော့လေးကို ရောက်လာဖြစ် ဖတ်ဖြစ်တယ်။ ကိုဦးတို့  ဘလော့လုပ်ထားတာ အခုမှ သိတယ်။ ကိုခင်လွန်းကြီးရဲ့  စီဘောက်ကစာလည်း ဖတ်မိပေါ့။ စတွေ့ တာနဲ့  အဆုံးအထိကို အိုးလ်ဒါးပို့ စ် တွေကို နှိပ်နှိပ်ပြီး ဖတ်မိနေတော့တယ်။ အခုဒီပထမဆုံးပို့ စ် အထိဆိုပါတော့။ တကယ်ကောင်းတယ်ဗျာ။
နေကောင်းကြလားဗျာ.. ကလေးတွေကော အားလုံးပေါ့။ ကျနော်တို့ တော့နေကောင်းကြပါတယ်။
အခုလိုစာကောင်းပေကောင်းတွေ အလွယ်ဖတ်နိုင်ဖို့  ရှာထား စုထားပေးတာ တကယ်အကျိုးရှိတယ်ဗျာ။ ကိုဦးတို့  ခုရောက်နေတဲ့နေရာမျိုးကနေ ဒိအတွက် အချိန်တွေတန်ဖိုးရှိရှိပေးပြီး လုပ်နေတဲ့အတွက် လေးစားပါတယ်ဗျား။
အိုကေနော်။ ကျနော်ဘသူလဲ သိလား။ ဟားဟား။ ပြောပြဘူး။ ကိုယ့်ဟာကိုယ် စင်းဇား။ဟဟ။
ပြန်ဆုံချင်တယ်။ တခါက တဘ၀တွေကို... အင်း..... ဘယ်တော့များမှ ပြန်ရမယ်မသိနိုင်တော့.........................
Post a Comment