Wednesday, November 19, 2008

ဝမ်းနည်းမှတ်တမ်း


ဝမ်းနည်းမှတ်တမ်း



အလုပ်က ပြန်ရောက်ရောက်ချင်း ထုံးစံအတိုင်း ကွန်ပြူတာကို ဖွင့်၊ ကိုယ်လုပ်ထားတဲ့ ဘလော့လေးတွေဆီ ဝင်ကြည့်လိုက်စဉ်မှာ မမျှော်လင့်တဲ့ ဝမ်းနည်းမှတ်တမ်းတခုကို တွေ့လိုက်ရလို့ ဘယ်သူများလဲလို့ လင့်ကိုဖွင့်ကြည့်လိုက်တော့ မထင်မှတ်ထားတဲ့သူတဦးပါ။


ဂုရု … တဲ့။ ဘာမှ ဆက်မလုပ်ချင်တော့ဘူး။


ဒါနဲ့ ချက်ချင်း မခင်မင်းဇော်ရဲ့ ဝမ်းနည်းမှတ်တမ်းကူးတင်းရင်း သူရဲ့ဓာတ်ပုံတွေ ပြန်ရှာတော့ ဒီတပုံတွေ့တာနဲ့ တင်လိုက်တယ်။


ကေအန်ယူ တပ်မဟာ ၃ က စခန်းတခုမှာ ရိုက်ထားတဲ့ပုံပါ။ ၁၉၉၀ ပြည့်လွန်နှစ်များကပေါ့။



ဂုရု ကောင်းရာသုဂတိလားပါစေ။


No comments: