Tuesday, November 25, 2008

လှသန်း (ပေါင်ချိန်ကြစို့)


ပြီးရင်

ဖိနပ်စီးလို့

ခရီးဆက်ကြတယ်။


‘အို … ဝလာလိုက်တာ’

‘ဟာ … ပိန်သွားပါလား’

‘အအိပ် အစားလျှော့ဦးမှ’

ဒီလိုသာ ပြောကြရဲ့။


ပေါင်ချိန်တယ်ဆိုတာ

ခန္ဓာကိုယ်အလေးချိန် သိဖို့သာမဟုတ်

ကျန်းမာရေးအတွက်

ဆက်လက်ရှင်သန်ဖို့အတွက်

နားလည်သူတို့က

အဲသလို မှတ်ချက်ချတယ်။


ဟုတ်ပါရဲ့

ပေါင်ချိန်တာဟာ

ခန္ဓာကိုယ်ထဲမှာ

လောဘ၊ ဒေါသ၊ မောဟက ဘယ်နှစ်ပေါင်

မစ္ဆရိယစိတ်က ဘယ်နှစ်ပေါင်

အတ္တနဲ့ မုသားက ဘယ်နှစ်ပေါင်

ရိုးသားမှုက ဘယ်နှစ်ပေါင်

ဒါတွေ သိရအောင် မဟုတ်ဘူးလား …။


မိမိခန္ဓာကိုယ်ရဲ့

အလေးချိန် သိချင်ကြတဲ့အခါ

ပေါင်ချိန်ကြည့်ကြပါ။


ပေါင်ချိန်ပြီးတဲ့အခါ

‘ငါ့ကြောင့် ကမ္ဘာမြေကြီးဟာ

ဘယ်နှစ်ပေါင်များ ပိုလေးနေပါလိမ့်’လို့

ခင်ဗျားတို့ ဘယ်တုန်းက စဉ်းစားဖူးသလဲ။

ကိုယ့်ကိုယ်ကို မေးခွန်းထုတ်

ကျွန်ုပ်တို့ ပေါင်ချိန်ကြရအောင်။ ။



လှသန်း

မိုးဝေမဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၈၃။




No comments: