Monday, April 30, 2012

တရုတ် ကျွမ်းဘား

ဧပြီ ၂၉ နဲ့ ၃၀ ရက်နေ့က ရန်ကုန် အမျိုးသား ကဇာတ်ရုံမှာပြုလုပ်တဲ့ မြန်မာစာကြည့်တိုက် တည်ထောင်ရေး ရန်ပုံငွေပွဲမှာ အစွမ်းပြနေတဲ့ တရုတ်ကျွမ်းဘားအဖွဲ့ရဲ့ ပုံရိပ်တွေပါ။

(Photos: AP, Reuters)

ဘာသာတရားနှစ်ခု ဆုံစည်းခြင်း . . . (ပါရဂူ)

စာကိုဖတ်ပြီး စာရေးသူ၏ ပုံပန်းသဏ္ဌာန်ကို မှန်းဆကြည့်ခြင်းသည် အခါတိုင်း မမှန်တတ်ပါ။

အိန္ဒိယ စာရေးဆရာကြီး ရာဟုလာသံကိစ္စည်းကို စတင်တွေ့စဉ်က ကျွန်တော် အတော် အံ့သြသွားခဲ့ဖူးပါသည်။ ဆရာကြီး၏စာသည် မိုးကြိုးသွားကဲ့သို့ ထက်သည်။ သို့ဖြစ်၍ ဆရာကြီး၏ ပုံပန်းသဏ္ဌန်လည်း သူ့စာကဲ့သို့ပင် ခက်ထန်လိမ့်မည်၊ မာကြောလိမ့်မည်ဟု တွေးထင်မိခဲ့ပါသည်။ သို့သော် တကယ်တွေ့ရသည့်အခါ၌ကား တက်တက်စင် လွဲခဲ့လေသည်။ ဆရာကြီးသည် ကိုယ်ခန္ဓာ ထွားကျိုင်းသန်မာသော်လည်း မျက်နှာအမူအရာမှာ အစဉ်ချိုနေသည်။ ကလေးသူငယ်ကစပြီး လူတကာကို နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ဆက်ဆံသည်။

မြန်မာစာရေးဆရာလောက၌လည်း ရာဟုလာသံကိစ္စည်းလို စာနှင့်လူ ဟပ်၍မရသလိုလိုရှိသည့် စာရေးဆရာတစ်ဦး ရှိသည်။ ယင်းစာရေးဆရာကား ဗန်းမော် တင်အောင်ဖြစ်၏။ ဗန်းမော်တင်အောင်ကိုတွေ့လျှင် သူ၏အပြုံးနှင့် မျက်ခုံးကို စမြင်ရ၏။ ဗန်းမော်တင်အောင်သည် မည်သူ့ကိုမဆို ပျူပျူငှာငှာ ဆက်ဆံသည်။ သူ၏စာများမှာ များသောအားဖြင့် စာမာများ ဖြစ်သော်လည်း သူ့မျက်နှာမှာ ချိုပြုံးနေသည်။


အေပရယ် ရန်ကုန်

အေပီသတင်းဌာနက တင်ထားတဲ့ ဧပြီလထဲမှာတွေ့ရတဲ့ ရန်ကုန်က အောက်ခြေလူတန်းစားတွေရဲ့ ဘဝပုံရိပ်တွေပါ။

Saturday, April 28, 2012

အိုးဝေဦးညိုမြပြောပြတဲ့ သတင်းစာဆရာနဲ့အစိုးရ တိုက်ပွဲမှတ်တမ်း (မောင်ဝံသ)

ပြီးခဲ့တဲ့ သင်္ကြန်ရက်များအတွင်း ကျွန်တော်တော့ အတော် အလုပ်ဖြစ်ခဲ့တယ်ဗျ။ နှစ်နဲ့ချီပြီး မရှင်းမလင်းခဲ့တဲ့ ကျွန်တော့်စာအုပ်ဘီရိုတွေနဲ့ ကြုံသလို အထပ်လိုက်ထားခဲ့တဲ့ စာအုပ်ပုံတွေကို အောင်မြင်စွာ ရှင်းလင်း ပြီးမြောက်သွားပါတယ်။ ထုံးစံအတိုင်း စာရေးဆရာတွေ စာအုပ်ပုံရှင်းရင် အလုပ် မတွင်ပါဘူး။ ဟိုဟာလေးပြန်တွေ့လိုက် ဖတ်ကြည့်လိုက်၊ ဒီဟာလေးတွေ့လိုက် မြီးကြည့်လိုက်နဲ့ တော်တော်နဲ့ ရှေ့မတိုးနိုင်ဘူးဗျ။
ကျွန်တော့်မှာ အဲသလို စိမ်ပြေနပြေ စာအုပ်တွေရှင်းရင်း ဇိမ်ခံစာဖတ်နိုင်တဲ့ အခွင့်အရေး မကြုံခဲ့တာ ကြာပြီ။ ခုတော့ အဲဒီအခွင့်အရေးကို အမိအရယူရင်း စာအုပ်ပုံတွေ ရှင်းလိုက်တာ နှစ်ပေါင်းများစွာ ရှာလို့မတွေ့ခဲ့တဲ့ (ပျောက်ဆုံးနေပြီ ထင်ရတဲ့) စာရွက်စာတမ်းတချို့ ပြန်တွေ့တယ်ဗျာ။

ဘိရမာဝါးတားဂိတ် စာမူ 

ကျွန်တော် ဝမ်းအသာဆုံး ပြန်လည်တွေ့ရှိခြင်းကတော့ ဆရာကြီး အိုးဝေဦးညိုမြရဲ့ ‘ဘိရမာဝါးတားဂိတ်’ စာမူပါပဲဗျာ။ စာအုပ် မဟုတ်ပါ။ လက်နှိပ်စက် စာမူပါ။ ညိုမြ ၂/၇၅ ဆိုပြီး လက်မှတ်ထိုးထားတဲ့ သည်စာမူ သက်တမ်း ၃၇ နှစ် ရှိပါပြီ။ ကျွန်တော့်လက်ထဲမှာ တစ်စောင်တည်းသော ကော်ပီ ကျန်တာပါ။ အဲဒီတစ်စောင်တည်းသော ကော်ပီကိုပဲ ပျောက်နေတာက နှစ် ၂၀ လောက်ရှိပါတယ်။ ကျွန်တော့်ဘဝ မုန်တိုင်းထန်နေချိန်များမှာ စာရွက်စာတမ်းတွေ ဟိုရောက် ဒီရောက်နဲ့ ပြန်ရှာလို့မရတော့တဲ့ အဖိုးတန် စာမူတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။


Thursday, April 26, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၃)

ကျောင်းကုန်းတိုက်ပွဲ 

ဟိုကျတော့ သူတို့ ပြောတယ်။ ဘယ်တပ်ရင်း၊ ဘယ်တပ်ခွဲ၊ ဘယ်တပ်စုက သူ့နေရာ ဘယ်မှာပေါ့။ သူတို့ ပြောတယ်။

“ကျောင်းကုန်းကို တိုက်မယ်”

ဒီတော့မှ သူတို့ ဖွင့်ပြောတာ။ ချောင်းလေးကူးပြီး ဆက်သွားရင်ရောက်ပြီး။ ကျောင်းကုန်းမြို့။ အဖိုးက အဖိုးတပ်စုကို ပြောတယ်။

“အခုသွားရမှာ ရေနဲ့ပက်တာ၊ ပန်းနဲ့ပေါက်တာ မဟုတ်ဘူးကွ။ သွားတိုက်ရမှာ။ တိုက်တဲ့အခါမှာ နိုင်အောင်တိုက်ရမှာပဲ။ မနိုင်ရင်တော့ မဖြစ်ဘူး”

အရေးကြီးတာကတော့ မိဘ ဘိုးဘွား ဆရာသမား၊ အဓိကတော့ ဘုရားပဲကွ။ အနန္တော အနန္တ ငါးပါးကို မမေ့ဖို့ပဲ။ အဲဒီတော့ အဖိုးက ဆုတောင်းပေးတယ်။ အနန္တော အနန္တငါးပါး ကြည့်ရှုစောင့်ရှောက်ပါ။ ဆုတောင်းတာပေါ့။ ဗုဒ္ဓဘာသာလိုပဲ။ ဆုတောင်းတဲ့အချိန်မှာ တို့လက်အုပ်လေးတွေ ချီထားတာပေါ့။ နောက်တော့ ဗိုလ်ဆာကူးက ခရစ်ယာန်။

“ငါက ဗုဒ္ဓဘာသာလို ရှိခိုးပြီးပြီ။ မင်း ခရစ်ယာန်လို ရှိခိုးဦးလေ”

“မလိုပါဘူးကွာ။ ဗုဒ္ဓလည်း ဘုရားပဲ။ ဘုရားဆုတောင်းပြီးရင် ပြီးပြီပေါ့ကွ။ ငါ့ဗိုလ်ကလည်း ဘာသာစွဲ မရှိဘူး”

“ကဲ ... မလိုဘူးဆိုရင် ပြီးပြီ။ ဒို့ ကမ်းနား ဆင်းမယ်”

ချောင်းကူးပြီးတော့ အညာတန်းရွာကိုကွင်းပြီး ကျောင်းကုန်းမြို့အဝင်ဂိတ် ခပ်လှမ်းလှမ်းနားမှာနေရာချပြီး တို့နေတာပေါ့။ သေနတ်သံကြားမှ ပစ်ရမှာကိုး။


လယ်ယာမြေ ဥပဒေသစ်အကြောင်း တစေ့တစောင်း

ဒီတပတ် မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က မြန်မာနိုင်ငံမှာ မကြာသေးခင်က ပြုပြင်ပြဌာန်းလိုက်တဲ့ လယ်ယာမြေဥပဒေဆိုင်ရာများကို အလုပ်သမားအခွင့်အရေးဆိုင်ရာ၊ လယ်သမားများအခွင့်အရေး အကျိုးဆောင်အကြံပေး ရှေ့နေ ဦးဖိုးဖြူ နဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းတို့နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဆွေးနွေးချင်တာကတော့ မကြာသေးခင်က မြန်မာနိုင်ငံလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ မြေလွတ်မြေလပ် မြေရိုင်းဥပဒေနဲ့ လယ်ယာမြေဥပဒေတွေဟာ လယ်ယာမြေကိစ္စကို ကိုယ်ထိလက်ရောက် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ လက်ခံနိုင်တဲ့ အဆင့်ရှိမရှိဆိုတာကို ရှေ့နေ ဦးဖိုးဖြူ က ဆွေးနွေးပါ။ အကျဉ်းဆွေးနွေးပေးပါ။

ဦးဖိုးဖြူ ။ ။ အဓိက ထောက်ပြစရာ ဆွေးနွေးစရာက လယ်ယာမြေဥပဒေတွေလို့ ဆိုနိုင်ပါတယ်။ အဲဒီအထဲမှာ အဓိကဆွေးနွေးရမယ့်အကြောင်းအရာက ဥပဒေမဲ့။ ယခင် ဥပဒေဟောင်းတွေတုန်းက ပြဌာန်းချက်တွေရှိနေပါလျှက်နဲ့ လယ်လက်လွှတ်ဆုံးရှုံးသွားသူတွေနဲ့ ဘယ်လိုကာကွယ်ပေးနိုင်မယ်ဆိုတဲ့ ဥပဒေတလုံးတပါသာမှ မပါဝင်ခြင်းပဲလို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဖေသန်းအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ဒီကိစ္စတွေသာ လွှတ်တော်မှာ ဆွေးနွေးကြတဲ့အခါ ဆွေးနွေးခဲ့ကြတာ ရှိပါသလား။ ဘာကြောင့် မပါဝင်ဘူးလဲ။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့ စဉ်းစားခဲ့ပါသလဲ။


ဧကရီမသို့ ... ပေးစာ (ကမာပုလဲ)

ပလ္လင်မရှိ
နန်းမရှိလည်း
စည်းသုံးတန်ဖြင့်
သင်ဟာ ...
ပြည့်ဧကရီ ဖြစ်ခဲ့တယ် ...။

ရိုးသားမှုကို အခြေခံသော
သင်၏ ခံယူ ယုံကြည် ဘဝစည်း
အဓမ္မနှင့် မစေ့စပ်စတမ်း တိုက်မည်ဟူသော
သင်၏ ပိုင်းဖြတ်ချက် သန္နိဌာန်စည်း
ပြည့်မျက်ရည်ကို
သင့်လက်ဖြင့် သုတ်ပေး နှစ်သိမ့်စေသောအခါ
သင့်ရှေ့မှာ မားမားမတ်မတ် ရပ်၍နေသော ပြည်သူ့စည်း ...။


Wednesday, April 25, 2012

တန်းမတူဘူးလေ … (ကာတွန်း စောငို)

လွှတ်တော်မလိုသော ကျမ်းသစ္စာကျိန်ဆိုမှုစာသား ပြောင်းလဲခြင်း (မောင်မောင်ဝမ်း)

မီဒီယာမှာ ကျမ်းသစ္စာကျိန်ဆိုခြင်းစာသား ပြောင်းလဲပြင်ဆင်ပေးရေးနဲ့ပတ်သက်လို့ အင်တာဗျူးတွေကို နားထောင်လိုက်ရတဲ့အခါ ပညာယူစရာ၊ ဆင်ခြင်နိုင်စရာ၊ မှတ်သားစရာတွေ မကြားရပဲ အာဏာကို ဘယ်လောက် ငန်းငန်းတက်နေသလဲဆိုတာ လူသိအောင် ကိုယ့်အထုပ်ကို ဖြည်လိုက်တာပဲ အဖတ်တင်သွားတယ်။ ဦးအောင်သောင်း တို့၊ ဦးဋ္ဌေးဦး တို့ အင်တာဗျူးတွေ နားထောင်ကြည့်ပါ။

တိုင်းပြည်ရဲ့ပြဿနာကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖြေရှင်းကြမလဲဆိုတဲ့ အရိပ်အရောင် တခုမှ မတွေ့ရဘူး။ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစု နိုင်သွားတဲ့အပေါ် ကလဲ့စားချေလိုတဲ့ မထိတထိ မျက်နှာပေးတွေနဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်းစာသား ပြောင်းလဲပြင်ဆင်ရေးကိစ္စမှာ သူတို့က အထက်စီးကရှိနေလေတဲ့ လေသံတွေနဲ့ ပြောဆိုနေတာတွေ့ရတော့ အတော် စက်ဆုတ်မိတယ်ဗျာ။ မိမိ အတ္တကလွဲလို့ တိုင်းပြည်အရေးအတွက် အမျှော်အမြင် မရှိသူများအဖြစ် မှတ်တမ်းတင်ထားပါတယ်။

အမှန်တကယ်က တိုင်းပြည်ကို ပြန်လည်ဦးမော့စေချင်တဲ့ စေတနာကောင်းသာရှိမယ်ဆိုရင် တိုင်းပြည်စီးပွားရေး တိုးတက် ဖွံ့ဖြိုးလာအောင်လုပ်ဖို့ လိုပါတယ်။ ဒီလို လုပ်ဆောင်ဖို့ဆိုတာ မိမိနိုင်ငံတံခါးကိုပိတ်ပြီး ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်ဖို့ဆိုတာ ဆိုရှယ်လစ်ခေတ်မဟုတ်တော့ပါ။ နိုင်ငံတကာအကအူညီ အများကြီးလိုပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး တိုင်းပြည်တည်ဆောက်မယ်ဆိုတဲ့လူတွေ လိုက်စုံစမ်းကြည့်ပါ။


မန္တလေးကို ချစ်တဲ့စိတ်၊ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ် (လူထုစိန်ဝင်း)

သိပ်မကြာခင်က ဂျာနယ်တစ်စောင်က သတင်းတစ်ပုဒ် ဖတ်လိုက်ရတဲ့အတွက် ရက်ပေါင်းများစွာ စိတ်ထဲမှာ ဖျောက်လို့မရအောင် စွဲထင်နေတယ်။ စိတ်လက် မကြည်မသာလည်း ဖြစ်ရတယ်။

ပွဲသဘင်ပေါတဲ့မြို့ 

မန္တလေးမြို့မှာ ဒီနှစ်အငြိမ့်အဖွဲ့နှစ်ဖွဲ့သာရှိတော့တယ်ဆိုတဲ့ သတင်းပါ။ မယုံနိုင်လောက်အောင်ကို အံ့ဩမိတယ်။ ဖြစ်နိုင်ပါ့မလားလို့ အထပ်ထပ် စဉ်းစားကြည့်တယ်။ မန္တလေးက လူတွေကို ကိုယ်တိုင်မေးကြည့်တော့မှ ဟုတ်တယ်ဆိုတာ မယုံချင်ဘဲ ယုံလိုက်ရတယ်။ ရှေးက မန္တလေးဆိုတာ မြန်မာပြည်က ဘယ်မြို့နဲ့မှမတူအောင် ပွဲလမ်းသဘင်တွေ ပေါများတဲ့ မြို့ဖြစ်တယ်။ ဆယ့်နှစ်လရာသီ ပွဲပြတ်တယ် မရှိဘူး။ ကိစ္စကြီးငယ်ရှိလို့ ညဘက် အသွားအလာလုပ်ရင် အငြိမ့်စင်တွေ၊ ဇာတ်စင်တွေနဲ့ ပိတ်မနေတဲ့လမ်းကို အတော်ရှာယူပြီး သွားရတယ်။ မန္တလေးက ရပ်ကွက်တိုင်းမှာ ဘုရားတစ်ဆူ အနည်းဆုံးရှိတယ်။ တချို့ရပ်ကွက်ဆို သုံးဆူ ရှိတယ်။ ဘုရားပွဲ၊ ကထိန်ပွဲ ဘာပွဲဖြစ်ဖြစ် အငြိမ့်တစ်ခုနဲ့ ဇာတ်တစ်ခုပါမြဲပဲ။ ပြီးတော့ နှစ်ရက်ကျင်းပမြဲဖြစ်တယ်။တချို့ချမ်းသာတဲ့ ရပ်ကွက်ဆိုရင် အငြိမ့်နှစ်ခုလောက် ထည့်လေ့ရှိကြတယ်။

သဘင်တက္ကသိုလ် 

ပွဲတွေများတော့ အငြိမ့်တွေ၊ ဇာတ်တွေလည်း များတယ်။ အငြိမ့်အဖွဲ့ပေါင်း နှစ်စဉ် လေးငါးခြောက်ဆယ် ရှိတယ်။ ရုံနဲ့ကတဲ့ ဇာတ်ကြီးနဲ့ ကြည့်ချင်ပွဲကတဲ့ ဇာတ်ကလေးတွေလည်း အတော်များတယ်။ ရဟန်းသံဃာများ စာဝါလိုက်ကြရာမှာ မန္တလေးမှာလာပြီး စာမသင်ဘူးသေးရင် စာတတ်ပြီလို့ မယူဆကြပါဘူး။ အဲဒီလိုပဲ သဘင်သည်များလည်း မန္တလေးလာပြီး ပညာမဆည်းပူးရသေးရင် ပညာစုံပြီ၊ သဘင်သည်လားမြောက်ပြီလို့ မယူဆဘူး။


Tuesday, April 24, 2012

ပြင်ဖို့ကတော့ တနည်းပဲရှိတယ် (ကာတွန်း စောငို)


တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော် (မောင်မောင်ဝမ်း)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများစု အနိုင်ရရှိခဲ့တယ်ဆိုတာ … အားလုံးအသိ ဖြစ်ပါတယ်။ သို့သော် လွှတ်တော်တက်ခါနီးဆဲဆဲမှာ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားနဲ့ပတ်သက်လို့ အငြင်းပွားစရာကိစ္စက ဖြစ်လာတယ်။ ဒီကိစ္စဟာ သာမန်ကြည့်မယ်ဆို … အသေးဖွားလေးလိုလို … ကျော်လွှားသွားရင်ပဲ ဖြစ်တော့မယောင်ယောင် ပြောဆိုနေတဲ့ ခပ်ညံ့ညံ့ လွှတ်တော်ကိုယ်စားလှယ်ဆိုသူများရဲ့ အင်တာဗျူးများကိုလည်း နားထောင်လိုက်ရပါတယ် …။

လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးခင်ရွှေ ကဆို … ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ကျမ်းသစ္စာ ကတိပြုချက် (အင်္ဂလိပ်လို) ဟာနဲ့ တလွဲ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့ ... နိုင်ငံတွေက ကျမ်းသစ္စာ ကျိန်ဆိုချက်တွေကို မဆီမဆိုင် ကိုးကားပြီးပြောသွားလေရဲ့ … ပြောသွားတော့လည်း အင်္ဂလိပ်လို တလွဲတွေချည်းပဲ … သူပြောသွားတာက … … …


ထိန်းသိမ်းကာကွယ်တယ် ဆိုတာ … (ကာတွန်း ဟာဂျူလီ - ကသာ)


အစိုးရပါတီနဲ့ အင်အယ်လ်ဒီ ဘယ်လို ဆက်ဆံရေးနဲ့ သွားကြမှာလဲ (မောင်ဝံသ)

မျက်ကန်း တစ္ဆေ မကြောက် 

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ “ပြည်သူများ၏ဆန္ဒကို ပုံမှန်ကျင်းပသော လွတ်လပ် တရားမျှတသည့် ရွေးကောက်ပွဲများမှတစ်ဆင့် ထင်ရှားစေရမည်” လို့ ဖော်ပြထားတာကို သတိပြုမိကြမယ် ထင်ပါတယ်ဗျာ။ အဲဒီကြေညာစာတမ်းကို လက်ခံကြောင်း အဖွဲ့ဝင်နိုင်ငံတိုင်းက လက်မှတ်ရေးထိုးထားကြပေမယ့် ကမ္ဘာမှာ လစဉ်နီးပါးလောက် ကျင်းပနေကြတဲ့ ရွေးကောက်ပွဲတွေအနက် စလယ်ဆုံး လွတ်လပ်ပြီး တရားမျှတပါတယ်လို့ ပြောနိုင်တဲ့ ရွေးကောက်ပွဲဆိုတာ အရေအတွက် အင်မတန်မှ နည်းပါးနေတယ်လို့လည်း အကဲခတ်များရဲ့ အစီရင်ခံစာတွေက ပြောနေတယ်ဗျ။ 

ရွေးကောက်ပွဲတွေ စလယ်ဆုံး လွတ်လပ် တရားမျှတပါတယ်လို့ပြောနိုင်တာ နည်းပါးရခြင်းရဲ့အကြောင်းရင်းကတော့ အဓိကအားဖြင့် နိုင်ငံ့အကျိုးထက် မိမိတို့ပါတီအကျိုး၊ အများအကျိုးထက် မိမိအကျိုးကို ရှေ့တန်းတင် ဦးစားပေးတဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေ (သူတို့ထဲက အားလုံးနီးပါးဟာ အာဏာရထားသူတွေဖြစ်တယ်ဆိုတာကိုတော့ အထူးပြောဖို့လိုမယ် မထင်ဘူးဗျ။) ပဲ ဖြစ်တယ်ဗျ။

တိုင်းပြည်အပေါ် စေတနာမမှန်တဲ့ အဲဒီပုဂ္ဂိုလ်တွေနဲ့ ပါတီတွေဟာ နဂိုကတည်းကိုက အာဏာနဲ့ အာဏာရဲ့ မမှန်ကန်တဲ့ အကျိုးဆက်တစ်ခုအဖြစ်ရရှိလာတဲ့ စည်းစိမ်ဥစ္စာတွေအပေါ်မှာ စွဲလမ်းတပ်မက်လေ့ရှိသူတွေဖြစ်ကြတာမို့ အာဏာမှာ အနေကြာလေ အာဏာကို ပိုမိုယစ်မူးရူးသွပ်လေ၊ အာဏာကို အလွဲသုံးစားလုပ်လေ၊ အာဏာကို စွန့်လွှတ်ဖို့ ပိုပြီးခက်ခဲလေဖြစ်လာရာကနေ ပညာရှိသူတော်ကောင်းတို့ ကဲ့ရဲ့တဲ့ မသမာမှု၊ မတရားမှုတွေကို ရွေးကောက်ပွဲနည်းလမ်းအတွင်းဖြစ်စေ၊ အခြားနည်းလမ်းများအတွင်းဖြစ်စေ မျက်ကန်း တစ္ဆေမကြောက် လုပ်လာကြတာပဲ ဖြစ်တယ်ဗျ။ 

Sunday, April 22, 2012

ကျောင်းသားဝတ္တရား

အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက ‘ကမ္ဘာအလုံးစုံသည် ဇာတ်ခုံမျှသာတည်း’ ဟု မိန့်မြွက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံတွင် လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို့သည် ကိုယ့်အခန်းကို ကိုယ်ကိုင်၍ ဇာတ်နိုင်အောင် ခင်းသွားရလေသည်။ သို့ဖြစ်ရာ လူတိုင်းလူတိုင်းမှာ သိကြားတတ်သောအချိန် အရွယ်မှစ၍ သေသည်ထိအောင် မိမိ၏ အလုပ်ဝတ္တရားအဖြစ်ရှိ၏။ ထိုဝတ္တရားကို ကျေပွန်မှသာလျှင် လောက၌ လူဖြစ်ကျိုးနပ်ပေမည်။ ကမ္ဘာ၏နောက်ခေတ် အမွေခံဖြစ်သော ကျွန်တော်တို့ကျောင်းသားတို့မှာလည်း အထူးသဖြင့် အသက် ၁၆ နှစ် ၊ ၁၇ နှစ်မှ အထက်သို့ရှိသော ကျောင်းသားများမှာလည်း အဆိုပါဝတ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းဖြစ်လျှင် ကျောင်းသားဝတ္တရားသည် အဘယ်နည်း။

အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသောသူတို့သည် ကျောင်းသားဆိုသည်မှာ အတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှ ဟူသော အများအယူအဆ တိမ်းခြင်းအဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက်ကျသည့် အယူအဆမျှသာ ဖြစ်ပေသည်။


Wednesday, April 18, 2012

ပိတောက် ဖျား

သူ့ အရင် ငုပင် ပွင့်နေသတဲ့
သူ့ မမြင် ငိုချင်တော့တာပဲ ။ ။

အို …
မိုး မခင် မကြင်ပစ်ရင်လ
ဖျားရော့ နွေထဲ ။ ။

 ဖေ့ဘုတ်က ကူးထားမိတာပါ။ ကဗျာဆရာ အမည် မပါလို့ ကဗျာရှင်အမည်ကိုသိရင် ပြောပေးကြပါအုံး။


 

Tuesday, April 17, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၂)

မျက်နှာပိုး မသေတဲ့ အဖွဲ့

ဆားမလောက်ကို တိုက်ပြီးပြန်တော့ အဖိုးတို့ လမ်းက ရွာတရွာမှာ ခဏ ဝင်နားကြတယ်။ ကရင်ရွာပဲ။ သဘောကောင်းတယ်။ ရွာသားတွေက အဖိုးတို့အဖွဲ့ကို ခေါ်လည်ကြတယ်။ အိမ်ပေါ် ခေါ်တက်တာပေါ့။ အဖိုးတို့က အိမ်ပေါ် မတက်ဘူး။ ရွှံ့တွေနဲ့ဆိုတော့ မတက်ချင်ဘူး။ အားနာတယ်။ သစ်ပင်အောက်မှာပဲ အိပ်နေကြတယ်။

သစ်ပင်အောက်မှာက အေးလည်းအေးတယ်။ တို့အဖွဲ့ တော်တော်အိပ်တယ်။ ပင်ပန်းထားတာကိုး။ တစ်ချက်တီး နှစ်ချက်တီးလောက် ကြာသွားတယ်။

နောက် တချို့ကောင်တွေ နိုးလာတယ်။ သူတို့ပြောတာ အဖိုး ကြားတယ်။ 

“တပ်စုမှူးကလည်း မထသေးဘူး။ ရေချိုးချင်လာပြီ” တဲ့။

အဖိုးကြားတော့ “အေး ဟုတ်သားပဲ” ဆိုပြီး အိပ်ယာကထ ရေချိုးပေါ့။

ချောင်းထဲမှာ ရေချိုး၊ အဝတ်အစားလဲတယ်။

အဖိုးတို့အဖွဲ့ကလည်း ‘တဟဲဟဲ’ နဲ့ ခပ်ပျော်ပျော်ပဲ။ အိမ်ရှင်တွေက အဖိုးတို့ကို အိမ်ပေါ်တက်ဖို့ ခေါ်တယ်။ အဖိုးတို့အိပ်တဲ့အိမ်နားက လင်မယားနှစ်ယောက်က အသက် ၄ဝ၊ ၅ဝ အရွယ်ပေါ့။ အဖိုးတို့အဖွဲ့ ချောင်းပြီးတော့ ကြည့်တယ်။

တို့တပ်စုက သူများ တပ်စုနဲ့ မတူဘူး။ မျက်နှာပိုး တယောက်မှမသေဘူး။ အဖိုးက အစ ပြုံးပြုံး ပြုံးပြုံးနဲ့ နေတာကိုး။ နောက်တော့ အိမ်ရှင်အမျိုးသမီးက …
 
“နင်တို့အဖွဲ့ ဗိုလ်က ဘယ်သူလဲ” တဲ့။ 

Monday, April 16, 2012

အိမ်ပြန်ချင်တဲ့ အလွမ်း (ရန်ဝင်း - တောင်တံခါး)

နွေရဲ့သစ္စာ
လှစ်ခါ ဖော်ကြူးတဲ့
ပေါ်ဦးစ ပိတောက်ဝါ။ ။

တနှစ်တလီ
အသစ်တွေ အစီအရီ ပြောင်းသော်လည်း
မဟောင်းတဲ့ သံသရာ။ ။

နွေရဲ့သရုပ်သဘောမို့
လေပွေနဲ့ ဥသြ
တွန်နေလေရဲ့ မြန်မာတကြော။ ။

နှစ်သစ်မှာ အသစ် အသစ်တွေဖြစ်စေဖို့ … (ကာတွန်း စောငို)

ဒေါ်စုရဲ့ သင်္ကြန်

 
သင်္ကြန် အတက်နေ့ကတွေ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့က ပုံရိပ်တွေပါ။

(Photos: AP, Reuters, Getty Images)

သမ္မတအကြံပေးရဲ့ နိုင်ငံရေးအမြင်၊ ဖွင့်ဟချက်များ

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် နဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်ကို ရောက်ရှိနေတဲ့ သမ္မတရဲ့ နိုင်ငံရေးအကြံပေးအရာရှိ ဦးကိုကိုလှိုင် က ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိမယ့်လို့ မျှော်လင့်ထားပေမယ့် ဒီလောက်အထိ အပြတ်အသတ်အနိုင်ရရှိလိမ့်မယ်လို့ မထင်မှတ်ခဲ့ကြောင်း ပြောပါတယ်။ ဗွီအိုအေ ဌာနချုပ်ကို လာရောက်ခဲ့တဲ့ ဦးကိုကိုလှိုင် ကို ဗွီအိုအေ မြန်မာအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Saturday, April 14, 2012

သမိုင်းစာမျက်နှာထဲက ဒေါင်း




ကိုအောင်ထက်က စီဒီကာဗာကို မေတ္တာဖြင့် ရေးဆွဲပေးပါတယ်။


Friday, April 13, 2012

ငယ်ငယ်တုန်းက သင်္ကြန် (ထိန်လင်း)

လောကဟူသည် ဆန့်ကျင်ဘက်အရာများဖြင့် ဖွဲ့တည်ထားသည်ဆိုသော ဝေါဟာရကို တစုံတယောက်က စတင် ပြောဆိုခဲ့ပေလိမ့်မည်။ သို့သော်လည်း ထိုသူ မပြောမီကပင် တည်ရှိခြင်းက ရှိနှင့်ပြီးဖြစ်ပါလိမ့်မည်။ ကျနော် မမွေးဖွားမီကပင်ရှိနှင့်သော ယင်းနိယာမက ကျနော့်ဘဝကိုပါ သက်ရောက်စေခဲ့ပါသည်။
မြို့တော်ကြီးတစ်ခုတွင် မွေးဖွားခဲ့ပြီးနောက် တောရွာကလေးများတွင် ကြီးပြင်းခဲ့ရသည့် ကျနော်သည် ယနေ့အချိန်ထိ တောသားလား မြို့သားလား ကိုယ့်ကိုယ်ကို ခွဲခြားမသိခဲ့ပေ။ တောသား မြို့သား ဘယ်ဟာမျှ မသေချာသော်လည်း နိုင်ငံသားတစ်ယောက်တော့ ဖြစ်ရပေလိမ့်မည်ဟု ဆိုနိုင်ပါသည်ဟု အချို့က ကောက်ချက်ပေးကောင်းပေးပေလိမ့်မည်။ သို့သော်လည်း ကျနော်ကား မည်ကာမတ္တမျှပင်။

ကိုယ့်မြေကိုယ့်ရေ ကိုယ့်ဒေသဖြစ်သော တောမှာလည်း မရှိ၊ မြို့မှာလည်း မရှိ၊ ကိုယ့်နိုင်ငံမှာလည်း မရှိသော ကျနော့်အဖို့ အလွမ်းတွေသာ ရှိနှင့်ပေသည်။

အလွမ်းကား စုံလှ၏။

ရန်ကုန်သင်္ကြန်

 
 
 ရန်ကုန်က သင်္ကြန် အကြိုနေ့ နဲ့ အကျနေ့က ပုံရိပ်တွေပါ။
(Photos: AP, Getty Images)

တောစပ်ကသာ ကြိုပါတော့ … (မောင်လင်းကြည်)



“အမေက မှာတယ် ...
ကားမစီးရဲလို့ ...
သားကြီးပဲ ပြန်ခဲ့ပါတဲ့ ...”

“သဲချောင်းတလျှောက်
လှဲ(လှည်း)မောင်းလို့ ရောက်ရင်
တစ်ခေါက်လောက် လာချင်သား တဲ့ ...”


Wednesday, April 11, 2012

ငုတ်တုတ်သင်္ကြန် (ထိန်လင်း)

မဟာသင်္ကြန်က တက်တော့မည်။ သင်္ကြန်မတိုင်ခင်ကတည်းက ငုတ်တုတ်ဖြစ်ခဲ့သော ကျနော်က အခုလည်း ငုတ်တုတ်ပင်။ သင်္ကြန်လည်း ငုတ်တုတ်မဖြစ်၊ လူကလည်း ငုတ်တုတ်ချည်း ထိုင်မနေ၊ စိတ်သည်သာ ငုတ်တုတ်ဖြစ်နေ၏ ဟု ခပ်ရှုပ်ရှုပ် ရှင်းရပါလိမ့်မည်။ လွမ်းစရာက သင်္ကြန်မှသာမဟုတ် အချိန်တိုင်း။ သည်တော့ သင်္ကြန်တစ်ခုတည်းကို လွမ်းလှသည်ဟု ဆို၍မဖြစ်။ ရေစိုရွှဲအောင် လောင်းပက်သည့်အလေ့ မရှိသော အရပ်မှာမို့ ရေမပက်သည်ကို ဟာတာတာ မဖြစ်သလို၊ အနည်းငယ် လောင်းကြ ပက်ကြ ကစားကြသည်ကိုလည်း အလွမ်းပြေမြင်ကွင်းအဖြစ် စိတ်က လက်မခံပြန်။ လူငယ်တွေ ပျော်ကြပါစေ ဆိုတဲ့စိတ်အပြင် ဘာမှ မရှိတော့သလို။ ထို့ကြောင့်ပင် လူက ငုတ်တုတ်မဟုတ်ဘဲ ငုတ်တုတ်သင်္ကြန်အဖြစ် ခံစားနေရခြင်းပါပေ။
 
မြန်မာပြည်မှာက သင်္ကြန်ပွဲတော်က လွဲ၍ စိတ်လွတ်ကိုယ်လွတ် ပျော်ရသည့်ပွဲတော် မရှိ။ လွတ်လပ်ရေးနေ့မှာပင် သည်လောက်မလွတ်လပ်။ သည်တော့ စုကြဝေးကြမည်၊ အော်ကြဟစ်ကြမည်၊ စိတ်တိုင်းကျ လျှောက်သွားကြမည်၊ ဒါက သင်္ကြန်၏ သင်္ကေတဖြစ်သည်။

ဒီနှစ်သင်္ကြန်မှာကဲကြမယ့် ပန့်ခ်တွေ

 
 
 
ဒီနေ့ ရန်ကုန် ဗိုလ်ချုပ်ဈေးမှာတွေ့ရတဲ့ သင်္ကြန်မှာကဲကြမယ့် ပန့်ခ်တွေရဲ့ပုံရိပ်တွေပါ။ 
သူတို့နဲ့ပတ်သက်ပြီး ဧရာဝတီ သတင်းတပုဒ်မှာတော့ ဒီလို ဖတ်ဖူးပါတယ်။ 

(ဓာတ်ပုံများ - အေပီ)


 

သင်္ကြန်မိုး၊ ပိတောက်ပန်းနှင့် ၈၀ ခုနှစ်လွန် ကာလများ ... (ညွှန်းဆက်)

အိမ်တအိမ်ထဲတွင် နေ့ချင်းအပြီးရိုက်သည်။ မင်းသားနှင့် မင်းသမီးတို့၏ အချစ်ခန်းရိုက်သည့်နေရာများကလည်း တကားနှင့်တကား ထပ်နေသည်။ ကော့စ်ကျူးမ် ဒီဇိုင်းနာ (အဝတ်အစား ဒီဇိုင်နာ) မပါလို့လား။ ဒါမှမဟုတ် ငွေကုန်ကြေးကျများမှာ စိုးလို့လေလား။ မင်းသား၊ မင်းသမီးတို့၏ အင်္ကျီအဝတ်အစားများကလည်း တကားနှင့်တကား တူနေသည်။ ကြည့်ရသည်မှာ ဈာန်ပျက်ရသည်ချည်း။
 
မင်းသားကလည်း တကားပြီးတကား သူ၊ မင်းသမီးကလည်း တကားပြီးတကား သူမ။ စန်းတက်တုန်း ရိုက်ထား။ ထုတ်လုပ်သူက မြတ်မှရိုက်သည်။ ဒါရိုက်တာ၏ အခန်း၊ ဇာတ်ညွှန်းဆရာ၏ အခန်းကား လကွယ်ည ဆောင်းနှင်းမှုန်တွေအကြား မြင်ကွင်းကို စူးစိုက်ကြည့်နေရသလို မပြီပြင် မှုန်ဝါးဝါးနှင့် …..။

စန္ဒယားဆရာနှင့် တပည့်မ သူဌေးသမီးတို့ ချစ်ကြိုက်သွားကြသည်။ လွတ်လပ်သည့် အရွယ်ရောက်လူငယ်တွေပဲ။ နှစ်လုံးသားတစုံကလည်း အနုပညာအပေါ်မှာ တထပ်တည်း။ ဒီတော့ သူတို့နှစ်ဦး ချစ်ကြ၊ ကြိုက်ကြသည်မှာ မဆန်း။ ဒါပေသိ သိတဲ့အတိုင်းပဲ လူတန်းစားကွာဟမှုက စကားပြောလွန်းလှသည်။ သူဌေးသမီး၏ မိဘများက လုံးဝ သဘောမတူကြ။ အောင်မယ် အနူလက်နဲ့ ရွှေခွက်နှိုက်ချင်လို့ ဘယ်ရလိမ့်မလဲ။ ဒါက ပဒေသရာဇ်နဲ့ အရင်းရှင် အထက်လွှာ လူတန်းစားစရိုက်ကို ဖော်ပြလိုက်ခြင်း။ သမီးဖြစ်သူကို သူတို့လို မနီးရိုးစွဲ ချမ်းသာသူ သူဌေးသားတဦးနှင့် အမြန်ပေးစားတော့မည်။ ဒီအချိန်မှာ ချစ်သူနှစ်ဦး ခိုးယူပေါင်းသင်းကြဖို့ ဆုံးဖြတ်လိုက်ကြသည်။

Tuesday, April 10, 2012

မြန်မာပြည်က HIV/AIDS ဝေဒနာရှင်များ

 
 
 
 ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နဲ့ ၄ ရက်နေ့က တွေ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း တာဝန်ယူဆောင်ရွက်ခဲ့တဲ့ HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာ (အဲဒီ ဂေဟာမှာ ကလေး၊ လူကြီး HIV/AIDS ဝေဒနာရှင် ၁၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်) နဲ့ ....


သကြားမင်း နဲ့ ဝန်မင်း (ကာတွန်းအောင်မော်)

ဒေါ်လာ - ကျပ်ငွေ လဲလှယ်နှုန်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မကြာသေးခင်က မြန်မာအစိုးရရဲ့ ငွေကြေးမူဝါဒဆိုင်ရာ ပြောင်းလဲခဲ့တဲ့ အခြေအနေအကြောင်း သိရှိနိုင်ဖို့ မြန်မာနိုင်ငံရှိ စီးပွားရေးပညာရှင် ဆရာ ဦးခင်မောင်ညို (ဘောဂဗေဒ) ကို ဦးစံမိုးဝေ က ဆက်သွယ်မေးမြန်း သုံးသပ်ဆွေးနွေးထားပါတယ်။

ဦးစံမိုးဝေ ။ ။ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရတက်လာပြီးနောက် တိုင်းပြည်မှာ မထင်ထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသားအများစုကို ပြန်လွှတ်ပေးတာ၊ လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်တာ၊ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်တာ၊ တချိန်က နိုင်ငံတော်ရဲ့ ရန်သူတွေအဖြစ်နဲ့ နေ့စဉ်သတင်းစာတွေပေါ်ကနေ တိုက်ခိုက်ရေးသားနေတဲ့ ပြည်ပမီဒီယာတွေကို ပြည်ဝင်ခွင့်ဗီဇာတွေပေးပြီးတော့ သတင်းယူခွင့်ပြုတဲ့အချက်တွေလည်း ပါပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့တုန်းကတော့ ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာက သတင်းသမားတွေ လေ့လာစောင့်ကြည့်သူတွေကို ဖိတ်ခေါ်ပြီး လွတ်လပ်တရားမျှတစွာ ကျင်းပပေးခဲ့တဲ့အတွက် အဓိကအတိုက်အခံပါတီလို့ အများက အသိအမှတ်ပြုထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်တဲ့ နေရာအားလုံးနီးပါး အနိုင်ရရှိခဲ့ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာပဲ နိုင်ငံတွင်းသုံး ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထားကို ပုံသေသတ်မှတ်ထားရကနေ အပြင်မှာ အမှန်တကယ် ပေါက်နေတဲ့ ပေါက်ဈေးအတိုင်း အတက်အကျဈေးနှုန်းကို အချိန်အတိုင်းသတ်မှတ်ခဲ့ပါတယ်။


Monday, April 9, 2012

အိုးဝေ မဂ္ဂဇင်း (အတွဲ ၁၊ အမှတ် ၉)

Oway19

လွှတ်တော်ထဲ ရောက်သွားပြီးရင် ဘာဆက်လုပ်မလဲ (မောင်ဝံသ)

ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့နိုင်ငံက ပြည်သူလူထုအများစုကြီးဟာ ၂၀၁၀ ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ပေါက်လာခဲ့တာဖြစ်တဲ့ လွှတ်တော်နဲ့ အစိုးရအပေါ် စောစောပိုင်းက သိပ်စိတ်မဝင်စားခဲ့ကြဘူးဗျ။

သို့ပေမယ့် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရိုးသားပွင့်လင်းတဲ့ စကားတွေ (ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ နောက်မှာတောင် ပြတ်ကျန်ရစ်ခဲ့ပြီ ဆိုတဲ့စကား၊ လွှတ်တော်ပြင်ပမှာရှိသူတွေဟာလည်း တိုင်းချစ် ပြည်ချစ်စိတ်ရှိသူတွေပဲဖြစ်တာမို့ ပူးပေါင်းဆောင်ရွက်ကြရအောင်လို့ ဖိတ်ခေါ်လိုက်တဲ့စကား) စတဲ့ စတဲ့ စစ်အစိုးရ ခေါင်းဆောင်အဆက်ဆက် ဘယ်တုန်းကမှ မပြောခဲ့ဖူးတဲ့ စကားတွေနဲ့ အဲဒီစကားတွေ နောက် တစ်ဆက်တည်း လိုက်ပါလာတဲ့ ရဲဝံ့ပြောင်မြောက်တဲ့လုပ်ရပ်တွေ (ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တာ၊ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်းပစ်လိုက်တာ၊ ယုံကြည်ချက် အကျဉ်းသား အများစုကို ပြန်လွှတ်ပေးလိုက်တာ၊ နှစ်ပေါင်းများစွာ ပစ်ထားခြင်းခံခဲ့ရတဲ့ ပင်စင်စားတွေကို ထည့်သွင်းစဉ်းစားပေးခဲ့တာ စတဲ့ စတဲ့ စစ်အစိုးရခေါင်းဆောင် အဆက်ဆက် ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတဲ့ လုပ်ရပ်တွေ)ကြောင့် နှစ်ပေါင်း ငါးဆယ်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်သူတွေဟာ အစိုးရအပေါ် စိတ်ဝင်စားလာခဲ့ကြတာ အမှန်ပဲဗျ။

Friday, April 6, 2012

ပိတောက် ... လမ်းခွဲ (ကမာပုလဲ)

ဘဝမှာ
ပိတောက်ပန်းနဲ့
သူစိမ်းဆန်ခဲ့တဲ့ သင်္ကြန်တွေ ...။

"သင်္ကြန်သီချင်းတွေဟာ
မြနန္ဒာကို မကျော်နိုင်သေးဘူး .." *


ပြည်သူတွေ သိပါတယ် … (ကာတွန်း စောငို)

Wednesday, April 4, 2012

တန်ခူး ကျိန်စာ (ကမာပုလဲ)

ဘယ်သူခူးမလဲ
နှစ်သစ်ဦးမှာ
ဝေဒနာပိတောက်
လွတ်မြောက်နယ်မြေ …။

နှစ်ပရိစ္ဆေဒ များစွာ
သိုဝှက်တမ်းတ
မမေ့မလျော့နိုင်တဲ့ ချင်ခြင်းများ
ကြည့် …
တပင်လုံး စိမ်းခဲ့။


မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၁၉)

ဆရာဇော်ဂျီ၏ ကဗျာ ၂ ပုဒ်
ထိန်လင်း

မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းမှာ စာပေရဲ့အခန်းကဏ္ဍက အရေးပါခဲ့သလို စာပေပညာရှင်တွေရဲ့ စာပေနဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေကလည်း အရေးကြီးပါတယ်။ အမျိုးသားစာဆို၊ ပြည်သူ့စာဆိုအဖြစ် သတ်မှတ်ခြင်းခံရတဲ့ စာပေပညာရှင်တွေကတော့ တိုင်းပြည်နဲ့လူထုအတွက် စာပေတာဝန်၊ အမျိုးသားတာဝန် ကျေသူတွေပဲဖြစ်ပါတယ်။ အဲဒီလို တာဝန်ကျေကြတဲ့ စာပေပညာရှင်တွေထဲမှာ ဆရာဇော်ဂျီလည်း ပါဝင်ပါတယ်။ ၁၉၂ဝ ပထမ ကျောင်းသားသပိတ် ပေါ်ပေါက်တဲ့အချိန်မှာ ဆရာဇော်ဂျီက ခုနစ်တန်းကျောင်းသားပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဆရာနေထိုင်ရာ ဖျာပုံမြို့မှာ သပိတ်မှောက်တော့ အဲဒီသပိတ်ထဲ ပါဝင်ခဲ့ပါတယ်။


Tuesday, April 3, 2012

ရွှေတိဂုံစေတီတော် ရင်ပြင်

 
 
ဒီနေ့ ရိုက်တာ သတင်းဌာနက တင်ထားတဲ့ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်က ပုံရိပ်တချို့။