
ကြည့်စမ်း... တို့များအစိုးရမင်းများ တီထွင်ပေးထားတဲ့ ပညာရေးစနစ်တွေကြောင့် နိုင်ငံတကာမှာ မြန်မာကျောင်းသားတွေလောက် ဇိမ်ကျသည့် ကျောင်းသားမရှိ။ ဂစ်တာလေး ခေါက်လိုက်... ကိုရီးယားကားလေး ကြည့်လိုက်... ရည်းစားလေး ထားလိုက်... အချိန်တန်တော့ တက္ကသိုလ်ဆရာမဆီမှာ ကျူရှင်တက်... စာမေးပွဲလေးဖြေ... အောင်ရော...။
မအောင်လည်း ကိစ္စတော့မရှိ။ ဆပ်ပလီဆိုတာလေးနဲ့ မအောင်မချင်း ပြန်ဖြေရုံပဲ...။ အဲ့ဒီလိုမှမဟုတ်ရင် အလုပ်ကြိုးစားချင်တဲ့ ကျောင်းသားတွေအတွက် အဝေးသင်ဆိုတာလည်း လုပ်ပေးထားသေး။ တစ်နှစ်လုံး အလုပ်လုပ်၊ စာမေးပွဲဖြေခါနီးမှ အနီးကပ်လေး ၁၀ ရက်တက်၊ ဆရာမတွေ ကျူရှင်လိုက်တက်၊ စာမေးပွဲခန်းထဲရောက်တော့လည်း သက်သက်သာသာပဲ။ ခုံနံပါတ်ထိုး ၄၉၊ ဘေးမျဉ်းဆွဲချ ၁ မှတ်ရ ... ကဲ ၅၀ ဆို အောင်ပြီ...။ ဒီလောက် သက်သက်သာသာ ပညာရေးစနစ်ကြီးကို အခြေပြုပြီး ဥပဒေမူကြမ်းဆွဲပေးတာတောင် ဒင်းလေးတို့က ဆူဆူပူပူနဲ့ သပိတ်မှောက်သတဲ့...။

