Wednesday, January 29, 2014

အကြမ်းဖက်အုပ်စုနဲ့ စကားပြောခြင်း (ခင်လွန်း)

သံပရာသီးဟာ 
ကမ္ဘာကြီးလောက် မချဉ်ဘူး 

ပူရှိန်းရှိန်း အခွံရယ် 
ဖန်ခါးခါး အစေ့ရယ် 
သင် မသုံးခင် 
နာနာလေး လှိမ့်ပေးရလိမ့်မယ် 

စစ်ပွဲတွေ 
အရည်တရွှမ်းရွှမ်းနဲ့ 
ကမ္ဘာကြီးခမျာတော့ 
ညှစ်ချလိုက်တိုင်း 
လူ့သွေးတွေ …
သွေးတွေ။ 


မိုးအေး၊ သူရိန် နဲ့ သမ္မတ ဦးသိန်းစိန် (ကိုညို)

မိုးအေး (၁၉၉၀ နိုဝင်ဘာ) 

ကျနော့်တကိုယ်လုံး ရက်ပေါင်းများစွာ ရေးမချိုးရလို့ အနံ့အသက်တွေ ဆိုးဆိုးဝါးဝါးထွက်နေတယ်။ ခေါင်းမှာ စွပ်ထားတဲ့ အဝတ်နက်ကြီးကလည်း ချဉ်နံ့စူးစူးနဲ့ ပိတ်လှောင်မွန်းကြပ်နေတယ်။ သူတို့ ကျနော့်ကို ဘယ်ခေါ်သွားနေမှန်း မသိဘူး။ ဘယ်အချိန်ရှိနေမှန်းလည်း မသိဘူး။ ကျနော့်ကို သီးသန့်ချုပ်နှောင်ထားတဲ့ ဆဲလ်ခန်းထဲကနေ အိပ်ကောင်းတုန်း ခေါ်လာတာဖြစ်တယ်။ ခေါင်းထဲမှာ ရိပ်တိတ်ရိပ်တိတ်နဲ့ မူးနောက်နေတယ်။ အိပ်ရေးမဝတာရော၊ အားမရှိတာရော၊ ဗိုက်ထဲ ဟာနေတာရော၊ ရေ အရမ်းဆာနေတာရော ဒုက္ခတွေအားလုံး စုပြုံခံစားနေရတယ်။

ဟိုဘက်ဒီဘက် လူနှစ်ယောက် ကျနော့်ပုခုံးအင်္ကျီစနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ပြီး ဒရွတ်တိုက်ဆွဲခေါ်မတတ် မပြေးရုံတမယ် လျှောက်နေရလို့ ကျနော့်ခြေလှမ်းတွေ သွက်နေသလို ထင်ရမှာပဲ။ အဝတ်နက်စွပ်ထားလို့ ဘာမှ မမြင်ရသလို မျက်စေ့ဖွင့်လိုက်ရင် ခေါင်းထဲ မိုက်ခနဲဖြစ်တတ်လို့ မျက်စေ့မှိတ်ပြီး သူတို့ခေါ်ရာနောက် မှေးလိုက်သွားတယ်။ တခါတခါ ဟတ်ထိုးလဲကျမလိုဖြစ်ပေမယ့် ပုခုံးစကို တင်းတင်းဆုပ် ဆွဲထိန်းထားလို့ မှောက်ရက်လဲမကျဘူး။

ဗြုန်းခနဲ တံခါးတချပ် ဆောင့်ကန်လိုက်တဲ့အသံကိုကြားပြီး ကျနော့်ခန္ဓာကိုယ်တခုလုံး အခန်းဒေါင့်ကို လွှင့်ပစ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ လူလည်း ထူပူသွားတယ်။ နံရံနဲ့ခေါင်းဆောင့်မိသွားတယ်နဲ့တူတယ်၊ ခေါင်းတခုလုံး ထူပူ နာကျင်သွားတယ်။


စားကောင်းရုံလုပ်ကြတဲ့ လောကကြီး (ဆောင်းလူ)

ကြာပြီဗျ။ ဒီလောကထဲရောက်နေတာ ...။ အော် ... လုပ်ကြကိုင်ကြတာကတော့ ... စားကောင်းရုံပေါ့ဗျာ။ တန်ဆေးလွန်ဘေး တဲ့ ...။ လွန်လွန်ကျူးကျူးလည်း လုပ်ရဲဘူးလေဗျာ ... လူသောက်မြင်ကပ်မှဖြင့် ...။ လူသောက်မြင်ကပ်တာတော့ ကြောက်တယ်လို့ ဆိုချင်တာလား ...။ စားကောင်းရုံလုပ်ကြတဲ့ လောကကြီးလေဗျာ ... မေ့နေပြန်ပြီလား ...။ 

မဆိုးပါဘူးဗျာ ...။ စားကောင်း သောက်ကောင်းလောက်ဆိုတော့လည်း ဒီလောက ဒီလိုပဲပေါ့ ...။ 

ကျနော်လား ... ပြုံးတတ်တာပေါ့ဗျာ ... မိုနာလီဆာအပြုံး ပဟေဋ္ဌိထက် ရှာရက်ခက်သွားမယ် ...။ အဲ ... မလှရင်သာနေမယ် ... ပြုံးတာတော့ဗျာ ... အောက်သွား ခပ်တုံးတုံးမှာတောင် ... ဟက်ဟက် ... ဟက်ဟက်နဲ့ ... အသံတောင်ထွက်တယ် ...။ ဟ ... မပြုံးလို့ရမလားဗျ ...။ စာကောင်းရုံလုပ်ကြတဲ့ လောကကြီးမှာလေ ...။ သွပ်သွပ် ... တော်ကြာ ကျုပ် စားမကောင်း ကြားမကောင်းဖြစ်နေဦးမယ် ...။ စားမကောင်းလို့တော့ မဖြစ်ဘူးဗျို့ ...။ ကျုပ်သွားတွေက ခုတလော ခပ်နဲ့နဲ့ရယ် ...။ 


Tuesday, January 28, 2014

နှလုံးသားဒိုင်ယာရီ (၂၂) - အုပ်ကြီးဖေ

၂၀၀၂ ခုနှစ်၊ မတ်လ 

အေးရွာသို့ သတင်းဆိုးတစ်ခု ဝင်ရောက်လာခဲ့ပြန်သည်။ ယုံကြည်စိတ်ချရသော မိတ်ဆွေတစ်ဦးမှ “အကိုရေ ရန်ကုန်မြို့ထဲမှာတော့ အခြေအနေတွေက ယောက်ယက်ခတ်နေပြန်ပြီဗျ” ဟုဆိုလာသောကြောင့် ကျနော်ကလည်း “ဘာတွေဖြစ်ပြန်ပြီလဲဗျာ၊ မထိတ်သာမလန့်သာရှိလိုက်တာ” ဟု ဆိုလိုက်သောအခါ “ဒီလိုဗျ … ဒီလို ကျနော်တို့နိုင်ငံရဲ့ အာဏာရှင်ဟောင်းကြီး ဦးနေဝင်းရဲ့ သားမက်နဲ့ြေ မးတစ်စုကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းလိုက်ပြန်ပြီ” ဟု ပြောလာသဖြင့် ကျနော်လည်း မဆီမဆိုင် မျက်ခုံးလှုပ်သွားရပြန်သည်။

ဒီလို တိုင်းပြည်အခြေအနေ မတည်ငြိမ်မှုကလည်း ကျနော့်၏လုံခြုံရေးကို ရိုက်ခတ်လာမည်ဖြစ်၍ ကျနော် ပိုမိုသတိထားနေထိုင်ခဲ့ရပါသည်။ ထိုအခြေအနေပေါ်မူတည်၍ ကျနော် အေးရွာတွင် ဆက်လက် ရပ်တည်လှုပ်ရှားရန် မဖြစ်နိုင်တော့သောကြောင့် လှိုင်သာယာဘက်သို့ မြားဦးလှည့်ရပြန်သည်။ ထိုအချိန်က လှိုင်သာယာမှာ စည်ကားလှသည်တော့ မဟုတ်၊ လူနေအိမ်နှင့် လမ်းများမှာ ဖောက်တုန်း၊ ဆောက်တုန်းသာ ရှိနေသေးသည်။ လှိုင်သာယာရှိ မိတ်ဆွေတစ်ဦးအိမ်တွင် ခေတ္တ သွားရောက်တည်းခိုဖြစ်သည်။ မိတ်ဆွေ၏ကူညီပံ့ပိုးမှုကြောင့် ဧည့်စာရင်းကိစ္စနှင့်တကွ အစစအရာရာ အဆင်ပြေခဲ့ရသည်။ 


Monday, January 27, 2014

ဘီယာ နို့ဆမ်း (မင်းသိုက်)

မန်းလေးသားတွေက သောက်ရမ်းကာရော အဆန်းတွေ စွတ်ထွင်တတ်တယ်။ ကိုယ်လို ရန်ကုန်မြို့ကြီးပြကြီး ဖဆပလ ဖွားတောင် မှင်သက်သွားတယ်။ 

၂၀၀၂ ကာလဆီတုန်းက ကျွန်တော် ကိုးကန့်မြို့တော် လောက်ကိုင်မှာ ခိုလှုံခဲ့ဖူးတယ်။ ညနေဆို ပျင်းတဲ့အခါ ဦးဖုန်ကျားရှင် အိမ်အနောက် တံတိုင်းဘေး ... ဝပ်ရှော့ ဖွင့်ထားတဲ့ မန်းလေးသားလေး တစ်ယောက်ဆီသွား အလာပ သလာပပြော၊ တစ်ခါတရံ သူတို့ ၂ ထပ် အိမ်ကြီးမှာပဲ ထမင်းစား ညအိပ်ပေါ့ ...။ 

လားအစား ကားသုံးလာတဲ့ ဘိန်းကုန်သည်တွေ၊ ထရန်စပိုတာတွေ အကုန်လုံး အောင်အောင့် ဝပ်ရှော့မှာပဲ ပြုကြ ပြင်ကြ ... စည်ကားတယ်။ ထိုစဉ်ကာလက မူးယစ်ဆေးသယ်ဆောင်တာ မျက်မြင်တွေ့ဖူးတာတော့ ထိုင်းနိုင်ငံလုပ် တိုယိုတာ တိုက်ဂါး ပစ်ကပ်ကား နောက်ကန်ထဲ အပြည့်ထည့်၊ တာလဘတ်အုပ် ... AK ၄၇ တစ်လက်၊ လမ်းလျှောက် စကားပြောစက်တစ်လုံးနဲ့ တစ်ယောက်ထဲ လိုရာခရီးရောက်အောင် သယ်ကြတာ။ တစ်ခါတစ်လေ တိုယိုတာ လင်ခရူဇာ ဆိုက်ဂနက်တို့ လပ်ဆပ်တို့ ဘော်ဒီ ၂ ထပ်ရိုက် သွပ်သွင်း ကားအစီးလိုက်ကို အရောင်းအဝယ် လုပ်ပလိုက်ထာ။ 


Friday, January 24, 2014

သမိုင်းတရားခံ ... (ကာတွန်း စောငို)


ရိဒ်ရေကန်ကို ရှင်သန်ခွင့်ပေးပါ (ကိုညို)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း လွန်ခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့က ဖလမ်း ဒေသခံတွေနဲ့တွေ့ဆုံစဉ် ချင်းဌာနေတိုင်းရင်းသားတွေက သူတို့ပြည်နယ်ရဲ့ အလှကျက်သရေဆောင် ရိဒ်ရေကန်ရဲ့ မျက်မှောက်အခြေအနေတွေကို စိုးရိမ်တကြီး ရှင်းလင်းတင်ပြကြပါတယ်။ ရှားရှားပါးပါး နတ်သိကြားတွေက ဖန်ဆင်းပေးထားသလို တောင်ကြားချိုင့်ဝှမ်းထဲက အသဲနှလုံးသဏ္ဍန် ရေကန်ကြီးရဲ့ ထူးခြားတဲ့အလှဟာ နိုင်ငံခြားသားခရီးသည်များအပေါ် ညှို့ယူနိုင်စွမ်းရှိပေမယ့် လက်ရှိအနေအထားမှာတော့ အနီးဝန်းကျင်က တောတောင်တွေ ခုတ်ထွင်ရှင်းလင်းပြီး ရေကန်ပတ်လည်မှာ အိမ်ရာမြေကွက်တွေဖော်ထုတ်ဖို့ လက်ရှိ ချင်းပြည်နယ်ဝန်ကြီးနဲ့အဖွဲ့တွေ စီစဉ်နေတာကို ချင်းပြည်သူတွေက ဝမ်းနည်းကြေကွဲနေပါတယ်။ 

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဖလမ်းမြို့နယ် ဟရန်ထီးယို ဘော်လုံးကွင်းမှာ ချင်းလူထုနဲ့ဆုံတွေ့ခိုက် ရိဒ်ရေကန်ကို ကယ်တင်ပေးဖို့ ရေကန်ရဲ့အလှကို ပညာရှင်များနဲ့ ပြန်လည်ထိန်းသိမ်းအကူအညီပေးဖို့ အားကိုးတကြီး တောင်းဆိုကြပါတယ်။ တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို အမြဲတစေ အလေးအနက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အနေနဲ့ ရိဒ်ရေကန်ကို မရောက်ဖူး မမြင်ဖူးပေမယ့် တန်ဖိုးထားတာကြောင့် ပြည်နယ်ရဲ့ အလှဂုဏ်ဆောင် ရိဒ်ရေကန်ရဲ့ သဘာဝအလှထိန်းသိမ်းရေးကို အမြန်ဆုံးဆောင်ရွက်သွားမယ်လို့ ဂတိကဝတ်ပြုခဲ့ပါတယ်။ ရိဒ်ရေကန်သာကြီးကို ချင်းပြည်သူတွေတွေ ဘာကြောင့်များ တန်ဖိုးထားရတာလဲ၊ ဘာကြောင့် ချင်းပြည်သူတွေရဲ့ ဘဝအစိတ်အပိုင်းတခုလို ချစ်ခင်မြတ်နိုးနေရတာလဲ၊ ရေကန်ကြီးနဲ့ပတ်သက်ပြီး သူတို့ခံစားချက် ဘယ်လိုရှိသလဲဆိုတာ ကျနော်တို့အားလုံး သတိပြုမခင် အဲဒီရိဒ်ရေကန်ကြီးရဲ့အကြောင်းကိုတော့ သိထားဖို့ကောင်းပါတယ်။ 


မန္တလေး (ကျော်သူမိုးမြင့်)

မင်းငိုနေတာလား 
မျက်လုံးတွေက မို့အစ်နေတာပဲ 

နေများ မကောင်းလို့လား
ဖြူဖပ်ဖြူရော်နဲ့ 

ဖြည်းဖြည်း ပြောပါလား 
မင်းစကားတွေ ငါ နားမလည်တော့ဘူး 

ခြေချင်း ချွတ်
ခြေတင် ခံရအောင် ဘယ်သူတွေ 
မင်းထမီကို ချွတ်ရောင်းစားတာလဲ။          ။

ကျော်သူမိုးမြင့် 

Wednesday, January 22, 2014

နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အများကြီးလိုနေ (ဟံသာဝတီ ဦးဝင်းတင်)

ကျုပ် မြို့နယ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ လုပ်ဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် ကျောင်းသားခေါင်းဆောင်ရယ်လို့ မပြောဘူး။ ကျုပ် ဂျာနယ်ကြီးတွေ၊ မဂ္ဂဇင်းကြီးတွေမှာ ကဗျာတွေရေးဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် ကဗျာဆရာရယ်လို့ မပြောဘူး။ ကျုပ် ဒီချုပ်လို နိုင်ငံရေးအဖွဲ့အစည်းကြီးတည်ထောင်ရာမှာ ပါဝင်ခဲ့ဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် နိုင်ငံရေးသမားရယ်လို့ မပြောဘူး။ 

စာနယ်ဇင်းလောကမှာ ကျုပ် ဘဝစုံခဲ့တယ်။ နိုင်ငံခြားရောက်နေတုန်း သတင်းစာထုတ်တယ်။ အရေးတော်ပုံကာလမှာ သတင်းစာထုတ်တယ်။ ထောင်ထဲနေရတုန်း သတင်းစာထုတ်တယ်။ (“ဒီလှိုင်း” ဟာ ထောင်ထဲက ကျုပ်တို့ရဲ့ သတင်းစာနာမည်ပေါ့) ဆယ်ကျော်သက်ကတည်းက နာခဲ့တဲ့ သတင်းသမားဘဝ ကျုပ်တွယ်တာတယ်။ ဒီတော့ သူစိမ်းသူရံဆံလာမေး။ ခင်ဗျား ဘာကောင်လဲ။ ကျုပ်အဖြေက သတင်းသမား။ မိတ်ဆွေက မေးမေး၊ ရန်သူက မေးမေး၊ ဒီအဖြေပဲ။ 

မနေ့တစ်နေ့က ကြုံဆုံပွဲလေးတစ်ခုမှာ ကျုပ်က နိုင်ငံရေးသမားမဟုတ်ဘူး ပြောမိတယ်။ ကျုပ်ရဲဘော်ကြီးတစ်ယောက်က မာန်လိုက်တာဗျာ။ တစ်ခန်းလုံးကို ညံသွားတာပဲ။ ခင်ဗျားဟာ နိုင်ငံရေးသမားတဲ့။ နိုင်ငံရေးသမားလို့ပြောရာမှာ မရွံ့နဲ့တဲ့။ နိုင်ငံရေးသမားဆိုတာ တိုင်းရေးပြည်ရာလုပ်တဲ့သူတဲ့။ ကြီးမြတ်တယ်တဲ့။ 


Tuesday, January 21, 2014

သိမ်းတယ် ... (ကာတွန်း စောငို)


ကော်လိုရာဒို (သို့) အပြာရောင်တိမ်နတ်သမီးတွေက ကြိုးသီတဲ့ပြည်နယ် (တာရာမျိုး)

မှန်ပြတင်းမှတဆင့် ကျောင်းရှေ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ရာသီဥတုက သာသာယာယာရှိလို့၊ လွန်ခဲ့တဲ့နှစ်ရက်ခန့်ကကျထားတဲ့ စနိုးပွင့်ဖြူလွလွများက ဟိုဒီနားပြန့်ကျဲ နေရာယူဆဲရှိသေးတယ်။ အိမ်ခေါင်မိုး၊ အိမ်ရှေ့လမ်းဘေးဝဲယာမှာ စနိုးပွင့်ချပ်များကို စံပယ်ပန်းများသဖွယ် လှပင်လှနေသေး၊ အစာတောင်းနေကြ ရှဥ့်ငပေါလေးတွေကလည်း ပြတင်းတံခါးနား ရစ်သီကာဝဲလို့ပေါ့၊ ဝမ်းစာအတွက် ခမျာတို့လည်း တောင်းနေတာလေ၊ ဗုဒ္ဓဒေသနာမှာတော့ ရှိပါတယ်၊ ဆိုးနေတဲ့ကံကို ကုသိုလ်ငါးမျိုးနဲ့ ချေဖျက်လို့ရတယ်လို့ ဟောကြားထားပါတယ်။ 

ဒါန၊ သီလ၊ ဂုဏ်တော်၊ မေတ္တာ၊ သမထဝိပဿနာစတဲ့ ကုသိုလ်များပြုပေးရင် ကောင်းကံများရနိုင်ပါတယ်တဲ့၊ အစာအတွက် ဘီစကစ်မုန့်များ ချကျွေးရင်း ကိုယ်နေတဲ့ပြည်နယ်လေးရဲ့အကြောင်းကို အတွေးများဖြန့်ကျက်နေမိပါတယ်။ အပြာရောင်နတ်သမီးများက ကြိုးသီတာလို့ တင်စားရမလိုပင်၊ ကော်လိုရာဒိုပြည်နယ်ရဲ့ကောင်းကင်က အမြဲလိုလို အပြာရောင်တိမ်တိုက်များခြယ်သကာ အလှစခန်းဖွင့်နေတတ်ပါတယ်။ 


သက်သက်လွတ်စားမယ့် ကျား ... (ကာတွန်း အောင်မော်)


ဒါဟာ ... ခေတ်ပျက်နေတာဖြစ်တယ် (ကိုညို)

ဘာမှ ဝေဝေဝါးဝါးတွေးမနေနဲ့ ... 
ဒီကနေ့ဟာ ခေတ်ပျက်နေတာဖြစ်တယ်။ 

သူခိုးတွေက အစိုးရဖြစ်ပြီး 
ဓားပြတွေက တိုင်းပြည်အုပ်ချုပ်နေတယ်။ 

ကျွန်သဘောက်တွေက ခရိုနီဖြစ်ပြီး 
မတော်လောဘသမားတွေက စီးပွားဖြစ်နေတယ်။ 

လူလည် နိုင်ငံရေးသမားတွေက ကြီးပွားနေပြီး 
သူခိုးနဲ့ ပေါင်းသွားသူက ကောင်းစားနေတယ်။ 

ဒါပေမယ့် ... 
လယ်သမားတွေက 
ကိုယ့်လယ်ထွက်စပါး ကိုယ်မစားရဘူး 
လယ်ပျောက်နေတယ်၊ အိမ်ပျောက်နေတယ်။ 


Monday, January 20, 2014

လူ့ဘောင်သစ်ပါတီရဲ့ အနာဂတ်

၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် အုံကြွမှုအရေးအခင်းကြီးအပြီး ဒုတိယအကြီးဆုံး လူငယ်ထုဦးဆောင်ပါတီကြီးတရပ်အဖြစ် ထင်ရှားခဲ့တဲ့ DPNS လို့ခေါ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ပြည်ပရောက် တောခိုပါတီအဖြစ်ကနေ အခုလက်ရှိမှာ ပြည်တွင်း တရားဝင်ပါတီတခုအဖြစ် ရပ်တည်နိုင်ဖို့အတွက် မှတ်ပုံတင်ခွင့် တောင်းခံထားပြီ ဖြစ်ပါတယ်။ 

တချိန်တည်းမှာပဲ ပါတီရဲ့ပြန်လည်ထူထောင်ရေးကာလ ဦးဆောင်မှုအပိုင်းမှာ ကွဲလွဲမှုသတင်းတွေလည်း အဆက်မပြတ် ထွက်ပေါ်နေပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ဦးအောင်မိုးဇော်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။ 

ဦးအောင်မိုးဇော် ။ ။ ကျနော်တို့ နောက်ဆုံးအဆင့်ကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည် တည်ထောင်ခွင့်ပေါ့ ပြန်ပြီးလျှောက်တဲ့အဆင့်ပေါ့ ကော်မရှင်မှာ။ အဲ့ဒါကို ကျနော်တို့ အရင်လ ၁၇ ၇က်နေ့က ကော်မရှင်မှာ ပြန်လည်တည်ထောင်ခွင့် လျှောက်ခဲ့ပါတယ်။ အဲ့လိုလျှောက်နိုင်ဖို့ကို ကျနော်တို့ ၁ နှစ်လောက်ပေါ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလကတည်းကစပြီး ကြိုးစားရတာပေါ့နော်။ နောက်ဆုံးတော့ ကျနော်တို့ ပါတီကို ပြန်ပြီးတော့ တည်ထောင်ခွင့်လျှောက်တဲ့အဆင့်ကို ရောက်ပါပြီ။ 


Sunday, January 19, 2014

အလံရှူးတွေ ... (ကာတွန်း အောင်မော်)


ကုပ်ချာချာ ခေတ်သစ်ပုဂံငကျွဲ ကာချုပ်နဲ့ ဗန်းမော်ဆရာတော်ရဲ့မေတ္တာပို့ (ရဲဘော်ကျော်သန်း)

ရဲသလိုလို မရဲသလိုလိုနဲ့ စီးလည်းစီချင်လှပါတယ်ဆိုသူများအတွက် ဗန်းမော်ဆရာတော်ရဲ့မေတ္တာပို့နဲ့သာ ထိုက်တန်တဲ့ ကျွဲပြဲတကောင်တော့ ပေါ်လာပြီ။ ဗြောင်ကျလိုက်ပုံများ ဝန်ခံရဲတယ်လို့ သတ္တိကိုချီးမွမ်းရမှာလား ဆင်ခြင်တုံတရားမဲ့လိုက်တာလို့ ကဲ့ရဲ့ရမလားတောင် ဝေခွဲရခက်လှတယ်။ 

အဲဒါကတော့ ကာချုပ်ဆိုတဲ့ ကုပ်ချာချာ ခေတ်သစ် ပုဂံငကျွဲ မင်းအောင်လှိုင်ပါပဲ။ သူက မျိုးဖျက်ပြိတ္တာကြီး သန်းရွှေလမ်းညွန်ချမှတ်ခဲ့တဲ့ မူကြီး ၄ ရပ်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၉ ရက်နေ့ကလုပ်တဲ့ စစ်အရာရှိတွေရဲ့ သင်တန်းဆင်ပွဲမှာပြောသွားတယ်လို့ ပြည်တွင်းသတင်းဂျာနယ်တွေက ဆိုတယ်။ အခြေနေတွေက ၁၉၈၈ အချိန်ကာလက အနေအထားတွေနဲ့ တူနေသလိုရှိလို့ အမြင်တချို့ကို ယှဉ်ပြပါမယ်။ 

၁၉၈၈ မတ်လက အာအိုင်တီ ဘုန်းမော်အရေးနဲ့ အင်းလျားကန်ဘောင် တံတားနီအရေးတွေကြောင့် ပိတ်ထားတဲ့ တက္ကသိုလ်၊ ကောလိပ်တွေ ဇွန်လဆန်းမှာပြန်ဖွင့်တာနဲ့ ကျောင်းသားတွေ တိုက်ပွဲပြန်ဖော်ကြတယ်။ ဒီနေ့ ပြည်တွင်းဒီမိုကရေစီအင်အားစုတွေထဲမှာ လမ်းပေါ်တိုက်ပွဲတွေ မလိုတော့ဘူး၊ လိုသေးတယ် လုပ်ရမယ်လို့ ဝိဝါဒကွဲနေကြသလိုပဲ အဲဒီတုန်းက တိုက်ပွဲတွေထဲမှာလည်း ကျောင်းသားအရေးပဲ လုပ်မယ်၊ နိုင်ငံရေး မလုပ်ဘူးဆိုတဲ့ အယူအဆတွေဝင်လာပြီး အမြင်ကွဲခဲ့ကြသေးတယ်။ အဓိက ကတော့ အာအိုင်တီအရေးနဲ့ တံတားနီအရေးတွေမှာ ကျောင်းသားတွေ ထိခိုက်နစ်နာဆုံးရှုံးခဲ့တာတွေကို ကျေနပ်အောင်ဖြေရှင်းဖို့လောက်ပဲ တချို့က လုပ်ချင်တယ်။ 


Saturday, January 18, 2014

လူပေါင်းမှားလေခြင်း … (ကိုညို)

ဘယ်လောက်များရှုံးလိုက်သလဲဆို 
တစ်ဘဝသေခဲ့တာကိုတောင် မမှတ်တော့ဘူး
နောက်ထပ်ဘဝတွေ အခါခါသေဖို့အထိ အသိတွေပျောက်နေကြတာ ...။ 

ဘယ်လောက်များ မှားလိုက်သလဲဆို 
ကိုယ့်အဖေကို သတ်သွားတဲ့လူကိုမှ 
ကျေးဇူးရှင်ထင်ပြီး အဖေ ပြန်ခေါ်နေကြတာ ...။ 


Friday, January 17, 2014

မွေခံထိုက်စေ ... (ကာတွန်း စောငို)


လူကြီးလူကောင်းအထာ၊ ဂိုဏ်းစတားအထာနှင့် လမ်းသရဲအထာ (ညီစောလွင်)

ဒီမိုကရေစီနဲ့ အသားမကျသေးတဲ့ နိုင်ငံတွေမှာ နောက်ဆုံးပေါ်ရောဂါကတော့ လွှတ်တော်ကို ပြန်ပေးဆွဲတာပါပဲ။ အရင်က အတိုက်အခံနိုင်ငံရေးသမားတွေကို အကျဉ်းချ ပြန်ပေးဆွဲတဲ့ ဇာတ်ကွက်နေရာမှာ လွှတ်တော်ကိုပြန်ပေးဆွဲတဲ့ နိုင်ငံရေးယဉ်ကျေးမှုတရပ် ထွန်းကားလာပါတယ်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်တို့မှာပေါ်ပေါက်နေတဲ့ ဆန္ဒပြပွဲတွေဟာလည်း ဒီရောဂါကနေ ဖြစ်လာတာပါပဲ။ ဒီဇာတ်လမ်းအရ နိုင်ငံရေးဇာတ်ကောင်တွေထဲမှာ ဇာတ်ကောင်နှစ်မျိုး ပေါ်ပါတယ်။ တမျိုးက လူကြီးလူကောင်းအထာဖြစ်ပြီး၊ နောက်တမျိုးက လမ်းသရဲအထာ ဖြစ်ပါတယ်။ 

ထိုင်း အတိုက်အခံခေါင်းဆောင် အဘိဇစ် ဝိချာချီဝနဲ့ ကမ္ဘောဒီးယား အတိုက်အခံ ဆမ်းရိန်စီတို့ကို လူကြီးလူကောင်းအထာ (တနည်း) ပညာတတ်အထာ (intellectual style) နဲ့ နိုင်ငံရေးသမားတွေလို့ ဆိုနိုင်ပါတယ်။ အဘိဇစ်က ယူကေမှာ မွေးပြီး Oxford မှာ ကျောင်းတက်ခဲ့တယ်။ ဆမ်းရိန်းစီ ကတော့ ပြင်သစ်မှာအနေများပြီး ပြင်သစ်နိုင်ငံရေးသမားလို လူကြီးလူကောင်းဆန်လွန်းသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဂိုဏ်းစတားအထာနဲ့ နိုင်ငံရေးသမားတွေနဲ့ ယှဉ်တဲ့ပွဲမှာ သူတို့ နှစ်ယောက်စလုံး ရှုံးသွားပါတယ်။


မျက်ရည်အစစ်တွေ ကျခဲ့တယ် (ကျော်သူမိုးမြင့်)

ပြည်သူ့ဆေးရုံ အတု 
ဆရာဝန် အတု
ဆေး အတုများ။ 

ငှက်ဖျား အစစ် 
ညီလေး 
မင်းဟာ လူသား အစစ်။ 

ငါတို့ မိသားစု 
မျက်ရည် အစစ်တွေကျခဲ့တယ်။ 

*ညီလေး ကောင်းရာသုဂတိ လားပါစေ...... 

ကျော်သူမိုးမြင့်

Wednesday, January 15, 2014

ကျနော့်အမေ ... မဟာမိခင် (ကိုညို)

မှတ်မိသေးတယ်။ နယူးဒေလီမှာ မိခင်များနေ့ကျင်းပတော့ (ဘယ်နှစ်လဲဆိုတာတော့ မေ့နေတယ်) အခမ်းအနားမှူးက အဖွဲ့အစည်းခေါင်းဆောင်တွေကို စကားပြောခိုင်းတယ်။ ခေါင်းဆောင်တွေကလည်း အဝေးက အမေတွေ၊ မရှိတော့တဲ့ အမေတွေရဲ့ကျေးဇူးတရားတွေကို မှန်းမျှော်ဟောကြတာပေါ့။ တချို့ကလည်း မျက်ရည်တစမ်းစမ်းနဲ့၊ တဆို့ကလည်း ဆို့နစ်ပြီး အသံတုန်တုန်ရီရီတွေနဲ့ပေါ့။ နောက်ကျတော့ အခမ်းအနားတက်လာတဲ့ လူတွေအားလုံး တယောက်ပြီးတယောက် သူတို့အမေတွေအကြောင်း အားရပါးရပြောကြတော့တာပဲ။ နှပ်တရှုံ့ရှုံ့၊ မျက်ရေတသုတ်သုတ်နဲ့ ... တကယ်ပဲ မိခင်တွေကို လွမ်းဆွတ်တသသ သတိရပွဲကြီး။ 

အမေအကြောင်းဆိုတော့လည်း လူတိုင်းက ခံစားချက်ရှိတာကိုး ...။ သိပ်ပြောချင်ကြတာပေါ့ ...။ အပြောမကောင်းတဲ့ လူတွေ၊ တခါမှ လူရှေ့စကားမပြောခဲ့ဖူးသူတွေလည်း ဘယ်နေလိမ့်မလဲ၊ ကိုယ့်အမေက တကယ့်လူစွမ်းကောင်း၊ တကယ့်မေတ္တာရှင်ကြီး၊ တကယ့်အာဇာနည်မိခင်ကြီးလို အားရပါးရပြောတော့တာပဲ။ ကျနော်ကလည်း ပြောချင်လို့ မတ်တပ်ထ ဟန်ပြင်တုန်းရှိသေးတယ်၊ နောက်တယောက်က ထပြောနေပြီ။ တချို့က လေကြောရှည်တယ်၊ သူ့အမေ့ ကျေးဇူးကြီးမားပုံတွေကို ပြောလို့လည်း မပြီးနိုင်ဘူး၊ နောက်လူလည်း အားမနာဘူး၊ အမေအကြောင်းဆိုတော့ လူတိုင်း လောဘတကြီး အလုအယက်ကို ပြောတော့တာ ...။ 


ပဲယ်လ်ရယ်လယ် သီအိုရီ (ဆောင်းလူ)

ဘယ်လိုတွေးကြသည်မသိ ...။ သည်စကားတလုံး .. .. ရောက်သွားသည့် အတိုင်းအတာတခုတိုင်းဆီမှာ ... ကြားနေကြ .. သုံးနေကြ ...။ တခါတလေ လှပသလောက် ... တခါတလေများကျ ...အကျည်းတန်သယောင်ယောင် ...။ 

မြင်ပန်းလှအောင် ... ရုပ်ဝတ္တုတို့ကို တတ်နိုင်သမျှ တန်ဆာဆင် ... အကျည်းတန်သည်ပင် လှလို့ ...။ မမြင်ကွယ်ရာ ... စိတ်ဝတ္တုတို့မှာကား ... အပျော်တမ်းအဆင့်ပင် မရှိ ...။ 

တချို့သည် သီအိုရီကို တန်ဆာဆင်ရသည်ကို ကြိုက်၏ ...။ စိတ်လွတ်ကိုယ်လွတ်ကား မလုပ်ရဲ ...။ မရှိသည့် သိက္ခာကိုဆယ်ကာ ... အတွေးမျာများ မပွားရဲ ...။ 
နားတွေကိုသား ကားကားထားပြီး ... ကိုယ့်လိပ်ပြာ ကိုယ်မလုံသည့်အဖြစ် ...။ 


ချီးလျှော်နိုင်ငံ ... (ကာတွန်း အောင်မော်)


ပြက်လုံး (သစ်ကောင်းအိမ်)

အဖြစ်တွေထုံးထားတဲ့ ဖြစ်ထုံးကြီးတသီသီ 
အပျက်တွေလုံးထားတဲ့ ပျက်လုံးကြီးတလိမ့်လိမ့် 
ပျော်မလားဆိုပြီး 
ရဟတ်လုပ်စီးမိတဲ့ဝင်္ကပါကြီး တဝှီးဝှီး တဟားဟား 

အိပ်မက်ထဲ တက်မောင်းမိတဲ့ကားပဲ 
ချောက်ကမ်းပါးအကွေ့မှာ 
စတီယာရင် မရှိဘူး ... 
တောင်နံရံနဲ့ အတိုးမှာ 
ဘရိတ်မမိဘူး … 

သစ်ကောင်းအိမ် 
(၁၄ ဇန်နဝါရီ၊ ၂၀၁၄) 

(မခက်မာအတွက် မွေးနေ့လက်ဆောင်..) 

မျက်ရည်ဝဲဝဲနဲ့ရေးခဲ့တဲ့ သတင်း (သို့မဟုတ်) နယူးဒေလီက မိခင်များနေ့ (ကိုညို)

ဘာရယ်မဟုတ်ဘူး၊ မိခင်များနေ့ဆိုတာနဲ့ အာအက်ဖ်အေ သတင်းထောက်ဘဝတုန်းက သတင်းပေးပို့ခဲ့တဲ့ ၂၀၀၂ ခုနှစ် မတ်လလောက်က နိုင်ငံတကာ မိခင်များနေ့အခမ်းအနား ဖီရှာသတင်းလေးတပုဒ်ကို သွားသတိရလိုက်တယ်။ အသံသွင်းထားတဲ့ သတင်းပေးပို့ချက် တိတ်ခွေလေးရှိနေလို့ ပြန်ပြီးနားထောင်ကြည့်တယ်။ အင်တာဗျူးလေးတွေက အတော်လေး... လွမ်းစရာ၊ ဆို့နစ်စရာ၊ ကြည်နူးစရာတကယ့် အဖြစ်အပျက်လေးတွေမို့ ပြန်ရေးချလိုက်တယ်။ 

နယူးဒေလီမြို့အနောက်ပိုင်း ဗစ်ကပ်စ်ပူရီ ရပ်ကွက်လေးမှာ အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ မြန်မာရိပ်သာခန်းမ (Burmese Community Hall) မှာ တနင်္ဂနွေနေ့ ၈ နာရီလောက်ကစပြီး နိုင်ငံတကာမိခင်များနေ့နဲ့ မြန်မာပြည်တွင်းက လူမှုဒုက္ခပေါင်းစုံခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ဘာသာပေါင်းစုံ အထူးဆုတောင်းမေတ္တာပေးပို့ပွဲ အခမ်းအနားတခု ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဟိန္ဒူဘာသာ၊ ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ဘုန်းတော်ကြီးတွေက မြန်မာနိုင်ငံ ငြိမ်းချမ်းစေဖို့နဲ့ မိခင်တွေနဲ့ ခွဲခွာနေရတဲ့ သားသမီးတွေ၊ မိသားစုတွေ ပြန်လည်ဆုံစည်းနိုင်ဖို့ ဖယောင်းတိုင်မီးတွေထွန်းညှိပြီး ဆုတောင်းမေတ္တာပေးပို့တာကို မြင်တွေ့ခဲ့ပါတယ်။ 


Tuesday, January 14, 2014

အဘ (မင်းသိုက်)

မတ်လ ၁၁ ရက်နေ့ နေ့ခင်းက ဘော်ဘော်တစ်ယောက်နဲ့ချိန်းထားလို့ တက္ကစီနဲ့ အမြန်လစ်တာ၊ express way ကို ၂၅ ဘတ်တန် တစ်ဂိတ်၊ ၄၅ ဘတ်တန် တစ်ဂိတ် ၂ ဆင့်တက်ပြီးတော့ကို ဘိုးတော်ကို မောင်းခိုင်းရတယ်။ ကားပေါ်မှာတော့ ဘိုးတော်နဲ့ စကားမပြောဖြစ်ပါဘူး၊ သူလည်း သူ့အာရုံနဲ့သူ။ နာရီဝက်လောက်ကြာတော့ ဘိုးတော်က express way ကနေ ဆင်းရမယ့်နေရာ လွဲသွားပြီ၊ သူလည်း ဒီနေရာကို သိပ်မကျွမ်းကျင်တော့ လမ်းမှားသွားတဲ့အကြောင်း ထိုင်းလို ပြောလာတယ်။

ကျွန်တော်လည်း ဒီဘိုးတော် လုပ်စားလိုက်ပြီလားဆိုပြီး ခပ်စူးစူးတစ်ချက်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက တကယ်ကို အားနာနေတဲ့ အထာ။ ကျွန်တော်လည်း ကိစ္စမရှိပါဘူး၊ ရှေ့မှာ လမ်းခွဲတစ်ခုက ဆင်းလို့ရတဲ့အကြောင်း ထိုင်းလိုပြန်ပြောတာ့ ဘိုးတော်က ကျွန်တော့်အသံကိုကျက်မိသွားပြီး ထိုင်းမဟုတ်မှန်း သိသွားတယ်။


Monday, January 13, 2014

စိုးရိမ်ရှာတယ် ... (ကာတွန်း ဝင်းအောင်)


မြွေ၊ ပချုပ်နှင့် အလမ္ပာယ်ဆြာ (ဆောင်းလူ)

မြွေကလည်း မြွေအလျောက် ....
ပြစားခံရတာကို ကျေနပ်နေတယ် ...။ 

ပချုပ်ကလည်း ပချုပ်အလျောက်
မြွေခွေအိပ်နေတာကို သဘောခွေ့နေတယ် ...။ 

အလမ္ပာယ်ဆြာကလည်း အလမ္ပာယ်ဆြာအလျောက် ... 
တယောထိုးပြီးတော့မှ မြွေကို သိမ်းသွင်းချင်တယ် ...။ 


မြန်မာ့ ၂၀၁၄ ကို လှမ်းမျှော်ကြည့်ကြခြင်း

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ ဘယ်ဘက်ကိုရွေ့ခဲ့သလဲ၊ ဘယ်လောက်ထိရွေ့ခဲ့သလဲ၊ ၂၀၁၄ ခုနှစ်အတွက်ကော အလားအလာ ဘယ်လိုရှိသလဲဆိုတာတွေကို ဝါရင့်သတင်းသမားတွေဖြစ်ကြတဲ့ ဦးကျော်ရင်မြင့်၊ ဧရာဝတီ ဦးအောင်ဇော်တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဆရာကျော်ရင်မြင့်ကို မေးပါရစေ။ ၂၀၁၃ ခုနှစ်ကို ပြန်ပြောင်းသုံးသပ်မယ်ဆိုရင် မြန်မာတို့ချီတက်နေတယ်ဆိုတဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ အတော်ကလေး ရွေ့ခဲ့ပါသလား။ သို့တည်မဟုတ် ရပ်တန့်နေသလား။ နောက်ကို ပြန်လျှောကျသွားသလားဆိုတာကို ပထမဦးဆုံး လွှမ်းခြုံပြီးတော့ အကျဉ်းချုံး ဖြေပေးပါ။ 

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ ပြည်သူလူထုမျှော်မှန်းထားတဲ့အတိုင်းမဖြစ်ဘဲနဲ့ နောက်ကိုပြန်ပြီးလျှောကျသွားတယ်လို့ မြင်ပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ဦးအောင်ဇော်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ 

ဦးအောင်ဇော် ။ ။ ကျနော် မြင်တာကတော့ အရင်အစိုးရလုပ်သွားတဲ့အတိုင်း သူ့ road map လို့ခေါ်တဲ့ လမ်းပြမြေပုံကို ဆက်လုပ်နေတယ်လို့ မြင်ပါတယ်။ တိုင်းပြည်ကို အတိုင်းအတာတခု တံခါးလေး ဖွင့်ပေးခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်မှာရှိတဲ့ power နဲ့ resources အဲဒါတွေအားလုံးကတော့ အရင်လက်ဟောင်းတွေပဲ ပုံစံတမျိုးနဲ့ ပြန်ပြီးထိန်းချုပ်ထားဆဲပဲလို့ မြင်ပါတယ်။ ဒါကြောင့် ပြောရရင်တော့ တိုင်းပြည်မှာ ဒီမိုကရေစီ နီးစပ်သွားပြီလားလို့ ပြောရမယ်ဆိုရင်တော့ ဆရာကျော်ရင်မြင့် ပြောခဲ့သလိုပဲ stall ဖြစ်သွားပြီ၊ ရှေ့ကိုဆက်မသွားတော့ဘူး။ ဒီလောက် အတိုင်းအတာလောက်ပဲ ရတော့မယ်ဆိုတာကို စိတ်ထဲမှာ ခံစားရပါတယ်။ 


Sunday, January 12, 2014

ဘာကြောင့် တောင်းစားသူတွေ များနေတာလဲ (ခင်မမမျိုး)

သူတို့ကို လူအများက သူတောင်းစားတွေလို့ ခေါ်ကြတယ်။ အများခေါ်နေတာ ဖြစ်ပေမယ့် ဘာကြောင့်လဲ မသိ၊ ကျွန်မ နားထဲမှာ ရင့်သီးသလိုပဲ။ ဒါကြောင့် တောင်းစားသူတွေလို့ပဲ သုံးနှုန်းချင်ပါတယ်။ 

ဒီနေ့ညနေတုန်းက လမ်းမပေါ်မှာ တောင်းနေတဲ့ မိသားစုလေးတခုတွေ့တယ်။ အမျိုးသမီးတယောက်၊ ကလေးနှစ်ယောက်နဲ့ ရင်ခွင်ပိုက် ကလေးလေး။ 

အမျိုးသမီးပုံက ခါတိုင်းတွေ့နေကျ တောင်းစားသူတွေပုံ မဟုတ်ဘူး။ မျက်စိသူငယ်၊ နားသူငယ်နဲ့။ ဒါနဲ့ သေချာမေးမိတော့ သူက တောင်းစားဖူးသူ မဟုတ်ဘူး။ 

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ရွာလေးတရွာက။ လယ်အလုပ်မကောင်းလို့ ယောက်ျားက မြို့တက်အလုပ်လုပ်တယ်။ နောက်တော့ မြို့မှာ မိန်းမ ထပ်ယူတယ်။ ကောင်မလေးက ကလေးတွေ လက်ဆွဲလိုက်လာရှာတယ်။ တာဝန်မယူဘူး။ လက်မခံဘူး။ 


ကျေးဇူးရှင်တွေ ... (ကာတွန်း ဝင်းအောင်)


Saturday, January 11, 2014

တွင်းများ ... မြွေများ (ဆောင်းလူ)

တွင်းများ ...
မြွေများ ... 
တွန့်လိမ်ကွေးကောက်သော အလေ့အထများနှင့် ...။ 

တွင်းများ
မြွေများ 
တွင်းဝင်မဖြောင့်ခြင်းသော သီအိုရီများအရ ...။ 

တွင်းများ 
မြွေများ ... 
စိတ်သီအိုရီ ... အရေခွံလဲသောနေ့များနှင့် ...။ 


ပြင်ဖို့လိုအပ်တယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့် ပြင်ဆင်သင့်သလဲဆိုတာနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို ဗွီအိုအေ ဝိုင်းတော်သား ဦးသိန်းထိုက်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။ 

ဦးသိန်းထိုက်ဦး ။ ။ မြန်မာနိုင်ငံမှာ အတည်ပြုထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရရဲ့အကြီးအကဲ နိုင်ငံတော်သမ္မတထက် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာပိုပြီး အပ်နှင်းထားတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောဆိုပါတယ်။ ရှေ့နေများ ကွန်ရက်က ဦးကိုနီ အပါအဝင် ပါတီအဖွဲ့အစည်းအသီးသီးက အဖွဲ့ဝင် (၇) ယောက်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖယ်ဒရယ်ရေးရာကိစ္စရပ်တွေကို လေ့လာဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဦးကိုနီ ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းတဲ့အချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံပါ ကာကွယ်ရေးဦးစီးချုပ်ကို ပိုပြီးအာဏာအပ်နှင်းထားတဲ့ အုပ်ချုပ်ရေးအာဏာနဲ့ ပတ်သက်တဲ့အချက်တွေကို သူက အခုလိုစပြီး ရှင်းပြပါတယ်။ 

ဦးကိုနီ ။ ။ တကယ်တော့ အုပ်ချုပ်ရေးအာဏာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သူက ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ပုဒ်မ (၁၆) မှာပါတယ်။ ပုဒ်မ (၅၉) မှာပါတယ်။ ပုဒ်မ (၁၉၉) မှာပါတယ်။ နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်အကြီးအကဲလည်း ဖြစ်တယ်။ အစိုးရအဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ တကယ့်တကယ်တော့ တခြားတခြား ပြဌာန်းချက်တွေနဲ့ ချိန်းထိုးကြည့်လိုက်တဲ့အခါကြတော့ နိုင်ငံတော်သမ္မတဟာ တကယ့်အစိုးရအဖွဲ့ရဲ့ အကြီးအကဲ အမှန်တကယ် ဟုတ်ရဲ့လားလို့ မေးစရာမေးခွန်းတွေ တွေ့လာတယ်။ ဥပမာ ဘာတုန်းဆိုတော့ နိုင်ငံတော်သမ္မတဟာ အကြီးအကဲအမှန်ဖြစ်ရင် သူ့လက်အောက်မှာ အလုပ်လုပ်မယ့် ဝန်ကြီးတွေကို သူ့မှာ ခန့်အပ်နိုင်တဲ့ အခွင့်အဏာရှိရမယ်။ 


သတိ ...ပေါက်ကွဲစေတတ်သည် (ကာတွန်း ဝင်းအောင်)


Friday, January 10, 2014

နွေဦးကာလ မြူထသောအခါ (ဆောင်းလူ)

Photo: နွေဦးကာလ မြူထသောအခါ
ဆောင်းလူ
ဇန်န၀ါရီ ၁၀၊ ၂၀၁၄
xxxx

ကိုယ့်အရပ် ... ကိုယ့်ဌာနေဆီက ... နွေဦးကို မျှော်သည် ...။ စီကနဲ စီကနဲနေသည့် ပင်ကျရည်စစ်စစ်နှင့် ... တွင်းအောင်းကောင် ကြွက် ကောင်ကိုမှ သတိတရနှင့် လွမ်းမိ၏။ ကြက်နှင့်တောင် မလဲနိုင်သည့် ကြွက်ကောင်ကို ပင်စိမ်းဖြင့် ..ကျနစွာ ချက်ပြုတ်ထားသည့် ဟင်း တခွက်ကိုလည်း မျှော်သည် ...။ 

ခုနေ ခုခါမှာ နွေဦးနှင့်အတူ ... စပါးနှံတို့ ၀င်းဝါ ခြောက်သွေ့ကုန်တာကို မြင်လိုလှသည်။ တချို့ ကွင်းပြင်တွေသည် ရိုးပြတ်တို့ဖြင့် ပြည့်နှက် နေမည်က မလွဲ။ 

လမ်းဘေး ၀ဲယာမှာက မယ်ဇလီတန်းတို့ရှိ ရွက်ဝါတို့သည်လည်း ဇရာသဘောမှာ နွေဦး လေရူးနှင့် လိုက်ပါ ကူးခတ်နေမည်မှာမလွဲ ...။ မြို့ကိုပတ် ၀န်းရံထားသည့် ကျောက်စရစ်ခဲ ပြည့်နှက်လွမ်းနေသည့် မြေနီလမ်းလေးသည်လည်း ဖုန်မှုန့် ဖုန်နံ့တို့ဖြင့် ..အထီးကျန်နေမည်မှာ  ..မလွဲ ...။ 

အဝေးတနေရာမှာ မှိုင်းပြပြမြင်နေရသည့် ပဲခူးရိုးမသည်လည်း ခုချိန် ..ခုချိန်မှာ ၀ါကြန့်ကြန့် အသွေးအဆင်နှင့် ဖြစ်နေပေလိမ့်မည် ...။ တောင်ညို တောင်ခြောက်ဟူသည့် တောင်မောင်နှမတို့သည်လည်း ..၀ါကြန့်ကြန့် အသွေးအဆင်ဖြင့် ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည် ...။  တောင်တွေကို အခြေပြု စီးဆင်းလာသည့် န၀င်းမြစ်သည်လည်း ရေသွေ့... နွံ့သွေ့ဖြင့် ..ပိတ်ဆို့ကာရံထားသည့် ဆည်သည်ပင် ... လှိုင်းကြက်ခွပ် ခပ်ရေးရေးဖြင့် ... တိတ်ဆိတ်နေကောင်း တိတ်ဆိတ်နေပေလိမ့်မည် ...။ 

နွေနှင့်အတူ တွေ့ရသည့် ကွင်းပြောင်ပြောင် ကွင်းခေါင်ခေါင်ထဲက ထုံးဖြူဖြူ ပုရားပုထိုး စေတီငယ်တို့သည် ထီးထီးကြီး ဖြစ်နေဦးမည်မှာ မလွဲ ...။ 

နွေဦးသည် ..ထူး၏ ...။ နွေဦးနှင့်အတူ ... တခါတရံ စိတ်ရူးတို့လည်း လွင့်ပျံ့နေတတ်ပြန်၏ ...။ 

နွေဦးနှင့်အတူ မြို့ထွက်က နတ်ကွန်းသည် တိတ်ဆိတ်နေပေလိမ့်မည် ...
ဖြတ်နေကျ ရှမ်းတံတားသည် နွေနေနှင့်အတူ ပူကြွပ်နေပေလိမ့်မည် ...

နွေနေနဲ့အတူ မန်းကျည်းတို့လည်း မှည့်လောက်ပြီ ...
ဇီးတို့သည်လည်း ဖန်လောက် ခါးလောက်ပြီ ...

နွေနှင့်မှ ကပ်ပေါက်တတ်သည့် ဂန့်ဂါးကပ်ပါးပင်တို့ ပိုမိုခါးလောက်ပြီ ...
ဖြူဖြူလွလွ လဲမှို့တို့သည်လည်း လေထဲ ပျံ့လွင့်နေလောက်ပြီ ....

နွေနေနှင့်အတူ ကျွန်းပင်ပျိုတို့သည်လည်း ဇကာပေါက် ရွက်ကျောများဖြင့် နွေနေကို အံတုနေလောက်ပြီ ...။
တမြို့ထဲရှိ နှစ်သုဿန်တို့သည်လည်း ထုံးဖြူဖြူ ဖွေးဖွေးတို့ဖြင့် ..ရှိနေမည် မလွဲ ...။

နွေနေနှင့်အတူ နေကြာတို့သည်လည်း ထိုးထိုးထောင်ထောင် ရှိနေလောက်ပြီ ...
ဖရဲတို့သည်လည်း ရဲပလောင်းခတ်နေလောက်ပြီ ..

နွေနေနှင့်အတူ ... ထိုနေရာကလေးသည် ဖုန်တသောသောနှင့် ....
နွေနေနှင့်အတူ ... ထိုအရပ်ကလေးတွင် ..
ထိုအရပ်ကလေးသည် ..နွေနေနှင့်အတူ ...

ထိုအရပ်မှသည် အဝေးဆုံးတနေရာတွင်ရှိနေရသည့်အချိန်တွင် .. ကျောင်းတော်ကြီးမှာ နှစ်ဝက်ခန့်ကျမှတ်ခဲ့ရဖူးသည့် နွေဦးကာလ မြူထသောအခါကို တမိသည် ...။


ဆူးထနောင်းတို့မှ ကျကျနနရှင်သန်တတ်သည့် ထိုအရပ်အား ... ခွဲခွာခဲ့သည်မှာ ၁၀ စုနှစ် မကတော့ပြီ ...။ ထိုအရပ်သည် ... မွေးရပ် ...။ သေရပ်သည်ကား ... မသေချာ ...။ 
ကိုယ့်အရပ် ... ကိုယ့်ဌာနေဆီက ... နွေဦးကို မျှော်သည် ...။ စီခနဲ စီခနဲနေသည့် ပင်ကျရည်စစ်စစ်နှင့် ... တွင်းအောင်းကောင် ကြွက်ကောင်ကိုမှ သတိတရနှင့် လွမ်းမိ၏။ ကြက်နှင့်တောင် မလဲနိုင်သည့် ကြွက်ကောင်ကို ပင်စိမ်းဖြင့် ... ကျနစွာ ချက်ပြုတ်ထားသည့် ဟင်းတခွက်ကိုလည်း မျှော်သည် ...။ 

ခုနေ ခုခါမှာ နွေဦးနှင့်အတူ ... စပါးနှံတို့ ဝင်းဝါ ခြောက်သွေ့ကုန်တာကို မြင်လိုလှသည်။ တချို့ ကွင်းပြင်တွေသည် ရိုးပြတ်တို့ဖြင့် ပြည့်နှက်နေမည်က မလွဲ။ 

လမ်းဘေး ဝဲယာမှာက မယ်ဇလီတန်းတို့ရှိ ရွက်ဝါတို့သည်လည်း ဇရာသဘောမှာ နွေဦး လေရူးနှင့် လိုက်ပါကူးခတ်နေမည်မှာမလွဲ ...။ မြို့ကိုပတ်ဝန်းရံထားသည့် ကျောက်စရစ်ခဲ ပြည့်နှက်လွမ်းနေသည့် မြေနီလမ်းလေးသည်လည်း ဖုန်မှုန့် ဖုန်နံ့တို့ဖြင့် ... အထီးကျန်နေမည်မှာ ... မလွဲ ...။

Thursday, January 9, 2014

နှလုံးသားဒိုင်ယာရီ (၂၁) - အုပ်ကြီးဖေ

၉-၃-၂၀၀၂ 

မတ်လသည် မြန်မာ့နိုင်ငံရေးတွင် အရေးပါသောလတစ်လဟုဆိုရမည်။ တော်လှန်ရေးနေ့ချဉ်းကပ်လာသည်နှင့် မြို့တော်ရန်ကုန်မှာလည်း လှုပ်လှုပ်ရှားရှားဖြင့်သက်ဝင်လာခဲ့သည်။ ရန်ကုန်မြို့အတွင်း ကျင်လည်လှုပ်ရှားရန် အခွင့်မသာတော့။ ညစဉ်ညတိုင်း ရဲနှင့်ရဝတ များမှ နေ့/ညမပြတ် ဧည့်စာရင်းများ စစ်ဆေးလျက်ရှိသည်။ ထို့ကြောင့် ကျနော် ဒုတိယအကြိမ်မြောက် အေးရွာဘက်သို့ ခြေဦးလှည့်ရပြန်သည်။ 

ကမ်းနားဈေးအနီးတစ်ဝိုက်တွင်လည်း လက်နက်အပြည့်အစုံနှင့် တပ်မတော်သားအတော်များများ ရှိနေသည်ကိုတွေ့ရသည်။ လှေဆိပ်သို့ရောက်သည်နှင့် စက်လှေငှားကာ အေးရွာသို့ အမြန်ကူးလိုက်ရသည်။ အခြေအနေတစ်ခုခုကြောင့် အဖမ်းခံရမည့်အဖြစ်မရောက်စေရန် အထူးသတိထားနေရသည်။ အေးရွာသို့ရောက်ပြန်တော့လည်း တပ်မတော်သားများနှင့်ကျနော် ရေစက်က ထပ်ဆုံကြရပြန်သည်။ မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးကိုကြိုတင်ယူထားဟန်တူသည်။ နောက်ကြောင်းပြန်လှည့်ရန် စဉ်းစားလိုက်ပြန်တော့လည်း လမ်းခရီးတစ်လျှောက် အစစ်အဆေးများကြမ်းနေကြောင်း ကြားသိရသည်။ 


ကျနော် သတိရလိုက်တဲ့အခါ ... (ထက်ရာဇာ)

(နိဒါန်း) 

အဲဒီနေ့က ကျနော် တော်တော်သောက်ဖြစ်တယ်ဗျာ။ ဝီစကီ မသောက်တာကလည်းကြာပြီး သောက်လို့ကောင်းကောင်းနဲ့ သောက်ဖြစ်တယ်။ ပြီးတော့ အမြည်းကလည်း ဝက်သားနဲ့ ဒညင်းသီးကို ချက်ထားတယ် သောက်လို့ကောင်းသလားမပြောနဲ့ သောက်ပြီးတာနဲ့ ဝက်သားဒညင်းသီးချက်ဟင်းနဲ့ ငါးပိထောင်းနဲ့ အမေရိကမှာ ရှားရှားပါးပါးရတဲ့ ကတက်ချည်နဲ့စားပြီး ခဏအိပ်လိုက်တာ မှေးခနဲ ခဏအိပ်ပျော်သွားတယ်။ 

အခန်း(၁) 

ကျနော်ပြန်နိုးလာတော့ ကျနော်နေခဲ့တဲ့ ဦးဝိစာရရပ်ကွက် (မင်းမနိုင်)ရပ်ကွက်ထိပ်မှာ။ ကျနော်လည်း ပျော်လိုက်တာဗျာ ကျနော်နေခဲ့တဲ့တိုက် ၃၁ ကို ပြေးတာပေါ့၊ ကျနော့်အခန်းရှေ့ကိုရောက်တော့ ကျနော်နေခဲ့တဲ့အခန်းက အရင်လိုမဟုတ်ဘဲ ခြံစည်းရိုးတွေ ဘာတွေ ခတ်ထားတယ်ဗျ။ ကျနော်လည်း ဒါ ငါ့အိမ်ကွ ငါ့ကိုဖွင့်ပေးလို့ အကြိမ်ကြိမ်အော်နေပေမယ့် ဘယ်သူကမှ ကျနော့်ကို အဖက်မလုပ်ကြပါဘူး။ 


Wednesday, January 8, 2014

ကာလုံ တဲ့နော် ... (ကာတွန်း စောငို)



နားဝယ်ခါးခါး၊ ကောလဟဠလား (ဟံသာဝတီ ဦးဝင်းတင်)

ကျုပ်ခမျာလည်းဗျာ။ အိုနာကျိုးကန်းဘဝ၊ မှန်းသိရမ်းသိ၊ တိုင်းရေးပြည်ရာ ကမ္ဘာကြည့် မကြည့်နိုင်၊ ဗမာကြည့် မကြည့်နိုင်။ ဇရာကြည့်၊ မရဏကြည့်သာ ကြည့်နိုင်တော့သဗျာ။ ဒါကြောင့်ပဲ ထင်ပါရဲ့။ သေခါနီးကြီး မျက်စိလည်ရုံမက ခေါင်းပါလည်ရော့ လဟယ်လို့များ အကြံဆိုးကြလေရော့လား မသိပေါင်ဗျာ။ ယုတ်တမ်းရမ်းတုတ် လံကြုတ်သတင်းတွေချည်း ကျုပ်ဆီ ရောက်လာနေကြပါရော့လား။ 

သတင်းတွေကလည်း ပေါက်ကရပါဗျာ။ ဒီချုပ်ကတဲ့။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးကိုတဲ့၊ ဝင်ကိုဝင်မှာတဲ့။ 

နေဦးဗျ။ သတင်းက ဆိုလေကဲလေ၊ မန်းလေပြဲလေဗျ။ နှစ်နှစ်ကြီးများ တောင်ဝေးသေးတဲ့ ရွေးကောက်ပွဲကြီးကို ဒီချုပ်က ဝင်ကိုဝင်မှာတဲ့။ စကားကြီးက ယုံကောင်းနိုင်သေးရဲ့လား။ ဒါပေမယ့်တဲ့။ ဒီချုပ်ရွေးကောက်ပွဲဝင်မယ်ဆိုတာ တကယ်တဲ့။ မယုံခါမှနေရော။ ကောလာဟလက သူ့ထက်ကဲ၊ ရွှေပြည်စိုးဗျ။ ၂၀၀၈ အခြေခံဥပဒေပြင်သည်ဖြစ်စေတဲ့၊ မပြင်သည်ဖြစ်စေတဲ့။ ဒီချုပ်ကတော့ ရွေးကောက်ပွဲကြီးမှာ ဝင်ကိုဝင်မှာပဲတဲ့။ အစောကြီးကတည်းက ဆုံးဖြတ်ပြီးသားတဲ့။ အခြေခံဥပဒေပြင်မှာ မပြင်မှာက ဘယ်မှာနေမှန်း မသိသေး။ ရွေးကောက်ပွဲဆိုတာကြီးကိုကလည်း ဘယ်မှာနေမှန်းမသိသေး။ ကိုင်း- ယုံချင်ယုံ၊ မယုံချင်နေ။ 


Monday, January 6, 2014

အချိန် အကန့်အသတ်ရှိတယ် ... ပေးသလောက်ပဲယူ (ကာတွန်း စောငို)



အပြတ်အတောက် (မင်းသိုက်)

ဂနေ့ ညနေက ခြေတုတစ်ဘက်နဲ့ ဘဝကိုရုန်းနေရတဲ့ သာမန်ပြည်သူ ဘွားတော်ကြီးတစ်ဦးကို ဓာတ်ပုံရိုက်မိပြီး လက်ဖက်ရည်ဆိုင်ထိုင် အတွေးချဲ့မိတယ်။ 

အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါစွန့်ရတဲ့ သာမန်ပြည်သူတွေဘဝမပြောနဲ့ တိုက်ပွဲမှာ ပြတ်တောက်ကုန်တဲ့ တပ်မတော်သားတွေထဲမှာတောင် ၂ မျိုး ၂ စားရှိတယ်။ 

တစ်မျိုးက ဝထ္တုစာအုပ် လည်ရောင်းရင်ရောင်း မရောင်းရင် နီးစပ်ရာမီးပွိုင့်တို့ လူစည်ကားရာ အရပ်တို့မှာ ပိုက်ဆပ်လိုက်တောင်းစားပဲ။ 


အမေရိကန် အအေးလှိုင်း

St.Louis မြို့ နှင်းထုကြားက လမ်းဖြတ်ကူးဖို့ကြိုးစားနေသည့် လူတဦး။ အမေရိကန်ပြည်နယ်တချို့ စံချိန်တင် အအေးဒဏ် ကြုံနေကြရ။ 

ကနေဒါနိုင်ငံနဲ့ အမေရိကန် အရှေ့မြောက်ပိုင်းဒေသတွေမှာ နှင်းထု ၂ ပေအထိ ဖုံးလွှမ်းနေ။ 

အမေရိက မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ရေခဲမှတ်အောက် ၅၀ စင်တီဂရိတ်အထိ ကျရောက်ဖွယ်ရှိ။ နှင်းခဲရှင်းနေတဲ့ ခြံပိုင်ရှင်တဦး။ 

Sunday, January 5, 2014

ကြံ့ဖွတ် အပိုင် ... (ကာတွန်း စောငို)

 

၂၀၁၄ ခုနှစ်ရဲ့ ပွဲကြီးပွဲကောင်း (ရဲဘော် ဖိုးသံချောင်း)

ဒီနေ့ ဗမာပြည်ရဲ့ နိုင်ငံရေးမှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြပ်အတည်းဆိုက်နေတယ်” ဆိုတဲ့ အသုံးအနှုန်း ခေတ်စားနေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက သူ့ဖာသာသူ တည်ရှိနေတာပါ။ အကြပ်အတည်းဆိုက်ရအောင်သူက လှုပ်ရရှားရတဲ့ သက်ရှိအရာဝတ္ထု မဟုတ်ပါဘူး။ အကြပ်အတည်းဆိုက်နေတာက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြောဆို ငြင်းခုံ၊ နိုင်ငံရေးလုပ်နေကြသူတွေနဲ့ နိုင်ငံရေးပါတီတွေ ဖြစ်တယ်လို့ဆိုမှ ပိုမှန်ပါလိမ့်မယ်။ 

ဘာကြောင့် ဒီလို အကြပ်အတည်းဆိုက်နေတာလဲ။ 

အဓိကအကျဆုံး အကြောင်းရင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ ကိုယ့်ရပ်တည်ချက်ကို တိတိပပ၊ ပြောင်ပြောင်တင်းတင်း ပြောရတော့မယ့်အချိန်ကို ရောက်လာလို့ ဖြစ်ပါတယ်။ ဒါဟာ လပိုင်းပဲ လိုပါတော့တယ်။ 


ဇော်မျိုးထွဋ် အတွက် ဆုတောင်း (မင်းကျော်ခိုင်)

မဇ္ဈိမလှိုင်းအဖွဲ့က လိဒ်ဂစ်တာသမား ကိုဇော်ကြီး (ဇော်မျိုးထွဋ်) နှလုံးရောဂါနဲ့ ဒီည ၉း၃ဝ နာရီမှာ ကွယ်လွန်သွားတယ်ကြားရလို့ သူ့မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ 

ကိုဇော်ကြီး ကောင်းရာမွန်ရာဘုံဘဝကို ရောက်ပါစေဗျာ... 

ခင်တဲ့ 
မင်းကျော်ခိုင် 
ဇန်နဝါရီလ ၅ ရက်၊ ၂ဝ၁၄ ခုနှစ်

 

Saturday, January 4, 2014

ဆယ်လ်မွန်သင်းကွဲ (သစ်ကောင်းအိမ်)

မိကျောင်းပေါတဲ့
နွံတောကြီးတွေကို ဖြတ်ပြီးမှ 
အိမ်ပြန်ရောက်မယ် 

မီးသတ်ကားဥသြကို 
တယောနဲ့ဆွဲတဲ့ 
မြို့ကြီးပြကြီးတွေကို 
တွားသွားခုတ်မောင်းပြီးမှပဲ 
အိမ်ပြန်ရောက်မယ် 

ဘီလူးဂမုန်းကို
သွေးနဲ့လောင်းပြီး 
ပေါင်းသင်စိုက်ပျိုးထားတဲ့ 
သွေးရဲရဲသံရဲရဲ ပန်းခင်းကြီးတွေကို 
လွန်မြောက်တော့မှပဲ 
အိမ်ပြန်ရောက်မယ် 


Friday, January 3, 2014

အတွေးအမြင် နဲ့ ကျနော့်ဘဝ တစိတ်တပိုင်း (မောင်စိုးသစ်)

ရိုးရိုးသားသားပြောရရင် ဆွေမျိုးမတော်စပ်ဘဲ ဆွေလိုမျိုးလို ရင်းရင်းနှီးနှီး ကိုယ်ပြောချင်တာ၊ ကိုယ်မြင်တာကို ပေါ့ပေါ့ပါးပါး ပြောဆိုနိုင်ခဲ့တဲ့သူတွေ ကျနော့်ဘဝမှာ များများစားစား မရှိခဲ့ပါဘူး။ အဲဒီလို ကျနော် ပြောဆိုဆက်ဆံနိုင်ခဲ့တဲ့ ရှားရှားပါးပါးသူတွေထဲမှာ ဆရာ မောင်ဝံသမိသားစုက ပါနေခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ဆရာ ထောင်က ပြန်မလွတ်ခင်ကတည်းက ရင်းနှီးပြီးဖြစ်တဲ့ ဆရာ့ဇနီး အမ ဒေါ်မြင့်မြင့်နဲ့ အဲဒီအချိန်က အိမ်မှာကျနော်ရောက်တိုင်း အတွေ့ရများတဲ့ ဆရာ့သမီး လတ်လတ်စိုး (ကျနော်ကတော့ စကတည်းက လတ်လတ် လို့ပဲ ခေါ်ခဲ့ပါတယ်။)၊ ကျန်တဲ့ဆရာ့သားနဲ့ သမီးတွေကတော့ သူတို့လည်း ကျောင်းနဲ့အလုပ်နဲ့ ကျနော်ကလည်းရတဲ့ စာသင်ချိန်အားတဲ့ အချိန်လေးတွေပဲ ဝင်ရောက်လေ့ရှိတာဆိုတော့ မဆုံဖြစ်တာများပါတယ်။ 

အဲဒီတုန်းက ကျနော်က ရန်ကုန်အနှံ့အပြားမှာ စာသင်ဝိုင်းလေးတွေလိုက်ပြီး အင်္ဂလိပ်စာသင်ပြပေးနေတဲ့ ကျူရှင်ဆရာအဖြစ် အသက်မွေးနေတဲ့ အချိန်ဖြစ်ပါတယ်။ တဖက်က ဝါသနာအရနဲ့ တာဝန်ရှိတယ်လို့ ခံယူချက်အရ စာရေးနေပေမယ့် အသက်မွေးမှုအရတော့ ကျူရှင်ဆရာပါ။ အဲဒီလိုနဲ့ တဖက်က စာသင် တဖက်က စာရေးနေရင်းနဲ့ တချိန်မှာ ကျနော် စာသင်ရာမှာ သွားလာလှုပ်ရှားရာမှာ အရင်နဲ့မတူဘဲ မောလွယ်လာ ပင်ပမ်းလာတာကို သတိပြုမိလာပါတယ်။ ဒါပေမယ့် အလုပ်ကလည်း မလုပ်လို့မရတော့ အသက်လေးရလာလို့ပဲဖြစ်ပါလိမ့်မယ်ဆိုပြီး ဆက်ပြီး စာသင်နေခဲ့တာပါပဲ။ ဒါပေမယ့် နောက် တဖြည်းဖြည်းဖြစ်လာတာက အသံတဖြည်းဖြည်းတိုးလာပြီး စာသင်ရာမှာ အသံကို မနည်းညှစ်ပြီးပြောလာရတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဒါပေမယ့် ကျနော်ကပေပြီး ဆက်သင်နေခဲ့တာပါပဲ။ ဒီနေရာမှာအတွေးအမြင်စာစဉ် နဲ့ ဒေါင်းစာပေ ကို ကျနော့်ဘဝအတွက် ကျေးဇူးအများကြီးတင်စရာဖြစ်ခဲ့ပါတယ်။