Showing posts with label သတင်းဆောင်းပါး. Show all posts
Showing posts with label သတင်းဆောင်းပါး. Show all posts

Wednesday, January 15, 2014

မျက်ရည်ဝဲဝဲနဲ့ရေးခဲ့တဲ့ သတင်း (သို့မဟုတ်) နယူးဒေလီက မိခင်များနေ့ (ကိုညို)

ဘာရယ်မဟုတ်ဘူး၊ မိခင်များနေ့ဆိုတာနဲ့ အာအက်ဖ်အေ သတင်းထောက်ဘဝတုန်းက သတင်းပေးပို့ခဲ့တဲ့ ၂၀၀၂ ခုနှစ် မတ်လလောက်က နိုင်ငံတကာ မိခင်များနေ့အခမ်းအနား ဖီရှာသတင်းလေးတပုဒ်ကို သွားသတိရလိုက်တယ်။ အသံသွင်းထားတဲ့ သတင်းပေးပို့ချက် တိတ်ခွေလေးရှိနေလို့ ပြန်ပြီးနားထောင်ကြည့်တယ်။ အင်တာဗျူးလေးတွေက အတော်လေး... လွမ်းစရာ၊ ဆို့နစ်စရာ၊ ကြည်နူးစရာတကယ့် အဖြစ်အပျက်လေးတွေမို့ ပြန်ရေးချလိုက်တယ်။ 

နယူးဒေလီမြို့အနောက်ပိုင်း ဗစ်ကပ်စ်ပူရီ ရပ်ကွက်လေးမှာ အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ မြန်မာရိပ်သာခန်းမ (Burmese Community Hall) မှာ တနင်္ဂနွေနေ့ ၈ နာရီလောက်ကစပြီး နိုင်ငံတကာမိခင်များနေ့နဲ့ မြန်မာပြည်တွင်းက လူမှုဒုက္ခပေါင်းစုံခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ဘာသာပေါင်းစုံ အထူးဆုတောင်းမေတ္တာပေးပို့ပွဲ အခမ်းအနားတခု ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဟိန္ဒူဘာသာ၊ ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ဘုန်းတော်ကြီးတွေက မြန်မာနိုင်ငံ ငြိမ်းချမ်းစေဖို့နဲ့ မိခင်တွေနဲ့ ခွဲခွာနေရတဲ့ သားသမီးတွေ၊ မိသားစုတွေ ပြန်လည်ဆုံစည်းနိုင်ဖို့ ဖယောင်းတိုင်မီးတွေထွန်းညှိပြီး ဆုတောင်းမေတ္တာပေးပို့တာကို မြင်တွေ့ခဲ့ပါတယ်။ 


Thursday, February 23, 2012

လွှတ်တော်နိုင်ငံရေး နှင်းဆီခိုင် အဖြစ်သို့ (မောင်ဝံသ)

“ပါတီကို သဘောတရားအရ ဦးဆောင်မှုပေးခဲ့တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဆိုရင် အခုကျင်းပဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုပါ အစောပိုင်းတုန်းက ဆက်လက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သူဖြစ်တယ်ဗျ။ သူက နိုင်ငံရေးဆိုတာ လွှတ်တော်တွင်း နိုင်ငံရေးတစ်ခုတည်းရှိတာ မဟုတ်ဘူး။ လွှတ်တော် ပြင်ပနိုင်ငံရေးလည်း ရှိတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုသာရှိတယ်ဆိုရင် NLD ပါတီဟာလည်း တရားဝင်တယ်။ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုလည်း လုပ်လို့ရတယ်ဆိုတဲ့ သဘောထားနဲ့ ၂၀၀၈ အခြေခံဥပဒေက မွေးဖွားလာတဲ့ ရွေးကောက်ပွဲမှန်သမျှကို သပိတ်မှောက်ရေး ရပ်ချက်ကို ကိုင်စွဲထားခဲ့တာ ဖြစ်တယ်ဗျ …”

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အပါအဝင် ယှဉ်ပြိုင်ကြမယ့်ပါတီတွေဟာ အခုဆိုရင် တရားဝင် မဲဆွယ်စည်းရုံးမှုတွေကို စတင်လုပ်ဆောင်နေကြပြီဖြစ်တယ်ဗျ။ 

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ NLD ဒီချုပ်ပါတီ ပြန်လည်ပါဝင်လာတဲ့ အဲဒီရွေးကောက်ပွဲဟာ အစိုးရသစ်လက်ထက်မှာ မြင်တွေ့ခဲ့ကြရတဲ့ အားတက်မျှော်လင့်စရာ မြင်ကွင်းတွေအရရော ပြည်တွင်း ပြည်ပက စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်လေ့လာ အကဲခတ်နေကြမယ့် အနေအထားအရပါ ယေဘုယျအားဖြင့် ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ပြီးဆုံးသွားနိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်မြင်ယူဆထားတယ်ဗျ။

Saturday, January 28, 2012

အစိုးရ နဲ့ ကေအန်ယူ အပစ်အခတ်ရပ်စဲရေး

“မြန်မာ့နိုင်ငံရေးမှာ မူဝါဒသဘောတရားအပေါ်မှာ အခြေမခံဘဲ လူပုဂ္ဂိုလ်ပေါ်မှာ အခြေခံတဲ့ဓလေ့က ကြီးစိုးတတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့အခါမှာ သူရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်တာဟာ ထင်ရှားတဲ့ သာဓက ဖြစ်ပါတယ်။ စစ်မြေပြင်ဖြစ်ခဲ့တဲ့ ကရင်တို့ဌာနေကို ပြန်လည်ထူထောင်ရေးဟာ အချိန်ကြာညောင်းနိုင်ပါတယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန် လက်ထက်မှာ ကရင်တိုင်းရင်းသားအရေးကို အလုံအလောက် ဖြေရှင်းနိုင်ပါ့မလားဆိုတာ …”

အနှစ် ၆၀ ကျော် လက်နက်ကိုင်တော်လှန်နေတဲ့ ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံးနဲ့ ဦးသိန်းစိန် အစိုးရတို့ အပစ်အခတ်ရပ်စဲဖို့ ဇန်နဝါရီလ ၁၂ ရက်နေ့က သဘောတူလိုက်တဲ့သတင်းကို အပြည်ပြည်ဆိုင်ရာက ကြိုဆို ထောက်ခံကြတာ တွေ့ရပါတယ်။ အရင်ကလည်း ကေအန်ယူ နဲ့ စစ်အစိုးရ တွေ့ဆုံဆွေးနွေးပြီး ယာယီအပစ်အခတ် ရပ်စဲနိုင်တာမျိုး ရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် အစောပိုင်းက ဗိုလ်ချုပ်ကြီးစောဗိုလ်မြ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သွားပြီး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနိုင်ခဲ့ပါတယ်။

Sunday, December 4, 2011

အမေရိကန် နဲ့ မြန်မာ့ဒီမိုကရေစီ

မြန်မာနိုင်ငံမှာ စတင်ပြုပြင်ပြောင်းလဲနေတာကို ထောက်ခံအားပေးဖို့ အမေရိကန်အစိုးရက အဆင်သင့်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ရဲ့ခရီးစဉ်က ပြသနေပါတယ်။ ပြုပြင်ပြောင်းလဲမှု အရှိန်ရပြီး ကျယ်ပြန့်လာလေလေ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်လေလေ ဖြစ်လာပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဗမာအစိုးရတို့ရဲ့ ဆက်ဆံရေးအပေါ်မှာ မူတည်ပါတယ်။ 
 
လက်နက်ကိုင်ပဋိပက္ခ နိဂုံးချုပ်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အတိုင်း မြောက်ကိုရီးယားနဲ့ဆက်ဆံရေး စတာတွေကို အမေရိကန်က တောင်းဆိုပါတယ်။ ဒီခရီးကို သမိုင်းတွင်မယ့်ခရီးအဖြစ် ကမ္ဘာ့သတင်း မီဒီယာမှာ အကြီးအကျယ်ဖော်ပြပေမယ့် ဒီဇင်ဘာ ၁ ရက်နေ့ထုတ် ဗမာအစိုးရသတင်းစာတွေမှာ အရေးမကြီးတဲ့ သတင်းတိုလေးအဖြစ်သာ အတွင်းစာမျက်နှာမှာဖော်ပြတာ တွေ့ရပါတယ်။
 

Wednesday, May 4, 2011

ဘင်လာဒင် ဘယ်လိုလူမျိုးလဲ

ကမ္ဘာတဝန်းမှာ လူအများအပြားသိကြတဲ့ အိုစမာဘင်လာဒင်ကို အနောက်နိုင်ငံတွေကတော့ အမေရိကန်နိုင်ငံက စက်တင်ဘာ အကြမ်းဖက်တိုက်ခိုက်မှုကြီး 9/11 ဖြစ်ရပ်ကို ကြိုးကိုင်ခဲ့သူလို့ သိထားကြပါတယ်။

တချို့က သူရဲကောင်းလို့မြင်ကြတဲ့ ဘင်လာဒင်ဟာ အစ္စလာမ်ဘာသာကို ထဲထဲဝင်ဝင် သက်ဝင်ယုံကြည်သူတဦးဖြစ်ခဲ့ပြီး ဘာသာရေးစစ်ပွဲ အမည်တပ်လို့ ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့ပါတယ်။

Monday, May 2, 2011

အိုစမာဘင်လာဒင်ကို အမေရိကန်တို့ ဘယ်လို စီးနင်းတိုက်ခိုက် သတ်ဖြတ်ခဲ့သလဲ ?

၂၀၀၁ ခု စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှုကြီးကို ကြိုးကိုင်ခဲ့တယ်လို့ အမေရိကန်တို့ကပြောနေတဲ့ အယ်ကိုင်ရီးဒါးအဖွဲ့ကို ထူထောင်သူ ခေါင်းဆောင်လည်းဖြစ်တဲ့ အိုစမာဘင်လာ သေဆုံးသွားပါပြီ။

ကမ္ဘာမှာ အလိုအရှိဆုံးပုဂ္ဂိုလ်၊ အမေရိကန်ပြည်ထောင်စုရဲ့ နံပါတ် ၁ ပြည်သူ့ရန်သူ လို့သတ်မှတ်ထားတဲ့ အိုစမာဘင်လာဒင် ကို ပါကစ္စတန်နိုင်ငံမှာ အမေရိကန် အထူးတပ်ဖွဲ့တွေက တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အမေရိကန်တို့က ဘယ်လို စုံစမ်းထောက်လှမ်း ခြေရာခံပြီး သတ်ဖြတ်နိုင်ခဲ့ပါလဲ။
 

Saturday, February 5, 2011

နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်အား ရွေးချယ်တင်မြှောက်

နိုင်ငံတော် သမ္မတလောင်းများဖြစ်ကြသည့် ဒုတိယသမ္မတ သုံးဦးအနက် ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ် သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၄ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်သမ္မတလောင်းများဖြစ်ကြသည့် ဒုတိယသမ္မတ သုံးဦးမှာ ဦးသိန်းစိန်၊ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် သီဟသူရ ဦးတင်အောင်မြင့်ဦး တို့ဖြစ်ကြပြီး ၎င်းတို့အနက် ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။