Showing posts with label မိုးသီးဇွန်. Show all posts
Showing posts with label မိုးသီးဇွန်. Show all posts

Tuesday, November 26, 2013

ဧည့် စာ ရ င်း မ တို င် တဲ့ က ဗျာ ( မိုး သီး ဇွန် )

ငါမွေးခဲ့တဲ့ နိုင်ငံကို ငါ တပတ်လှည့်ကြည့်မယ် 
ဘယ်နေ့သွားမယ် 
ဘယ်မှာတည်းမယ် 
ဘယ်သူတွေနဲ့တွေ့မယ်ဆိုတာ 
ဘယ် ခွေးတကောင် ကြောင်တမြီးကိုမှ ပြောနေစရာ မလိုဘူး။ 

ဒီမြေက ငါ့မြေ 
ဒီလူတွေက ငါ့လူတွေ 
ဒီရေက င့ါရေ 
ဒီသစ်ပင်က ငါ့သစ်ပင် 
ဒီကျွဲက ငါ့ကျွဲ 
ကဲ ...။ 

ငါ့အမျိုးတွေလည်း
ဒီမြေပေါ်မှာနေ 
ဒီမြေပေါ်မှာပဲ ပျော်ပျော်ပဲ 
သေပွဲဆင်ခဲ့ကြရဲ့။ 


Friday, November 15, 2013

တုံး မောင်း ခေါက် သံ ( မိုး သီး ဇွန် )

( ၁ ) 

ကုန်သည်လေ တိုက်ချိန်ကြမှ 
ငါတို့ဟာ လက်ဗလာနဲ့ 
အိမ်ကို ပြန်လာကြ ... 
လယ်တွေကို တို့ မပိုင်ကြတော့ဘူးလေ .... ။ 

ဒါ .. မြေကို သိမ်းတာမဟုတ် ... 
ဘဝတွေကို ဖျက်သိမ်းလိုက်တာလေ .... ။ 

မြေတွေကို ယူသွားတာ မဟုတ် ... 
ရွှေတွေကို ယူသွားတာ .... ။ 
တောင်တွေကို ယူသွားတာ မဟုတ် ... 
အပြုံးတွေကို ယူသွားတာ .... ။ 
ထန်းတောကို ယူသွားတာ မဟုတ် ... 
ယဉ်ကျေးမှုကို ယူသွားကြတာလေ .... ။ 
သူတို့တံခါးတွေ ဖွင့် 
တို့တံခါးတွေကို ပိတ်လိုက်တာ .... ။