Friday, April 13, 2012

တောစပ်ကသာ ကြိုပါတော့ … (မောင်လင်းကြည်)



“အမေက မှာတယ် ...
ကားမစီးရဲလို့ ...
သားကြီးပဲ ပြန်ခဲ့ပါတဲ့ ...”

“သဲချောင်းတလျှောက်
လှဲ(လှည်း)မောင်းလို့ ရောက်ရင်
တစ်ခေါက်လောက် လာချင်သား တဲ့ ...”


“ထန်းမြစ်က တစ်တွဲ နှစ်တွဲ
ပဲနီက တစ်ပြည် နှစ်ပြည်
ပုံးရည်က တစ်အိုး နှစ်အိုး
တန်ဖိုးမရှိပေမယ့်
ကိုယ့်ဇာတိ ကိုယ့်အစာ
အကဲ မပါပေမယ့်
လှဲ(လှည်း)လာရင် တင်ခဲ့မတဲ့ ...”

“နေပါတော့အမေ
ကားမစီးရဲတော့
သားကြီးပဲ ပြန်ခဲ့ပါ့မယ် ... ...”

“နွားညီနောင် လှဲ(လှည်း)တပ်လို့
တောစပ်ကသာ ကြိုပါတော့ ...”


 

No comments: