Wednesday, May 30, 2012

ဖယောင်းတိုင်မီးနဲ့ ကျွန်တော် (မောင်ဝံသ)

ဒီတစ်ပတ် ပြောစရာတွေ ပြောချင်တာတွေ အတော်များသဗျ။ ကျွန်တော်က ပြည်သူ့ခေတ် ဂျာနယ်တွင်မက တစ်ခြား အပတ်စဉ်ထုတ်ဂျာနယ် တချို့မှာပါ ဆောင်းပါးတွေ ရေးနေတော့ တစ်ခါတစ်လေ ရေးစရာ ကုန်ကြမ်းရှားတဲ့ အချိန်တွေနဲ့ ကြုံရတတ်တယ်။ အဲသလို အချိန်မျိုးဆိုရင် လတ်တလော သတင်းဖြစ်ရပ်တွေအပေါ် ဝေဖန်သုံးသပ်ရေးသားတဲ့ ကျွန်တော်ရေးနေကျ ပုံစံကနေ ဘယ်တော့ပဲ ပြောပြော မရိုးနိုင်တဲ့ အကြောင်းအရာမျိုးတွေဘက်ကို လှည့်ရေးရတယ်ဗျ။

မရိုးနိုင်တဲ့ အကြောင်းအရာတွေ 

အဲဒီအကြောင်းအရာတွေကတော့ ဘယ်အခါမှ မရိုးတဲ့ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူလူထုအပေါ်မောက်မာတဲ့ အာဏာပိုင် အဆင့်ဆင့်အကြောင်း၊ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများကို ဖော်ထုတ်ဖယ်ရှားရေး၊ အရည်အချင်းပြည့် နိုင်ငံရေးသမားများ မွေးထုတ်ရေး စတာတွေပဲ ဖြစ်တယ်ဗျာ။

ခုရက်ပိုင်းအတွင်း သတင်းဖြစ်ရပ်အသစ်တွေ အတော်ကလေးများခဲ့တယ်။ စက်ရုံအလုပ်သမလေးတွေ ဆန္ဒပြကြတာ၊ လျှပ်စစ်မီး ပြတ်တောက်လွန်းလို့ ဖယောင်းတိုင်မီးတွေ ကိုင်မြှောက်ဆန္ဒပြကြတာ၊ ဒုတိယသမ္မတတစ်ယောက် နှုတ်ထွက်စာတင်တယ်လို့ သတင်းထွက်တာ၊ နိုင်ငံတော်သမ္မတကြီး ကျန်းမာရေး စိုးရိမ်ရသလိုလို ပြောကြဆိုကြတာ၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးထွက်ဖို့ စီစဉ်တာ စသည်ဖြင့် သတင်းသမားတွေအကြိုက် သတင်းထူးတွေ ဖြစ်ပေါ်ခဲ့တယ်ဗျ။

ဆန္ဒပြတာ အနှောင့်အယှက်လား 

ဆန္ဒပြတာတွေနဲ့ပတ်သက်လို့ ပြည်တွင်း ပြည်ပ မိတ်ဆွေတချို့က ကျွန်တော့်ကို လှမ်းမေးတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ အရှိန်အဟုန်ရအောင် ကြိုးစားနေချိန်မှာ ဆန္ဒပြတာတွေကြောင့် အနှောင့်အယှက် မဖြစ်နိုင်ဘူးလား၊ ဆန္ဒပြတာတွေကို နှိပ်ကွပ်ရတာမျိုးတွေဖြစ်လာရင် ပြုပြင်ပြောင်းလဲရေးတွေ နောက်ပြန်ဆုတ်ရသလို ဖြစ်မသွားနိုင်ဘူးလားလို့ မေးတာပါ။


Tuesday, May 29, 2012

ပန်းတိုင် ရောက်ပြီလား ... (အုပ်စိုးနိုင်)


“ကိုယ့်ကိုယ်ကို ဒီမိုကရေစီလိုလားသူများ၊ ဒီမိုကရက်တစ်များဟု ယုံကြည်နေကြသူတွေထဲက အတော်လေး ခပ်များများဟာ အခြားသူတွေရဲ့ယုံကြည်မှုနှင့် ရွေးချယ်မှုများကို မလေးစားတတ်ကြ၊ ညှိနှိုင်းအဖြေရှာသောနည်းများကို မယုံကြည်တတ်ကြ၊ ကိုယ့်ယုံကြည်မှုနှင့် ဆန့်ကျင်နေလျှင် ကိုယ့်အချင်းချင်းပင်ဖြစ်စေကာမူ ရန်ဘက်အသွင် သဘောထားကာ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ချေမှုန်းပစ်ချင်တတ်ကြတာမို့ ...” 

We are heading towards heaven or the other way around.

(ချားလ်စ်ဒစ်ကင်)

တကယ်တော့ ကျနော်တို့အားလုံး အကောင်းဘက်ကို ဦးတည်နေတယ်လို့ အပြုသဘောဆောင်စွာဆိုနိုင်ကြပေမယ့် ဘာမဆို အချိန်မရွေး ပြောင်းသွားနိုင်သေးတယ်ဆိုတာကိုလည်း မမေ့မလျော့ကြဖို့ လိုပါတယ်။

Transition အကူးအပြောင်းကာလတိုင်းဟာ စိန်ခေါ်မှုပေါင်းစုံနဲ့ ရင်ဆိုင်ရတတ်တာတော့ သဘာဝပါပဲ။

အခြေခံအားဖြင့်တော့ ပါတီစုံရွေးကောက်ပွဲကို အခြေခံတဲ့စနစ်တခုကတော့ ရှိနေပြီ။ ဒါပေမယ့် ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ်တွေကတော့ အခိုင်အခံ့မဟုတ်သေးဘူးဆိုတာလည်း သိသာထင်ရှားနေတုန်းပဲ။ လွတ်လပ်စွာ ပြောရေးဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ စီးပွားရှာခွင့်၊ လွတ်လပ်စွာ တရားစီရင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုတဲ့ အခြေခံ ဒီမိုကရေစီမှတ်ကျောက်တွေနဲ့သာ တိုင်းလိုက်ရင်တော့ ရွှေပြည်တော် နည်းနည်းတော့ မျှော်တိုင်းဝေးနေသေးတာကို တွေ့ကြရမှာပါ။


ထိုင်းနိုင်ငံရောက် ဒေါ်စု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာအတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်ကို ဒီကနေ့ည ရောက်ရှိလာတဲ့ ပုံရိပ်တချို့ပါ။

Monday, May 28, 2012

မြကျွန်းညိုညို (ခင်ငြိမ်းသစ်)

အခုတော့ ကျမတို့ချစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ နှစ် ၉၀ ကျော်ခဲ့ပါပြီ။ ရန်ကုန်တက္ကသိုလ်ရဲ့ တချို့ အစိတ်အပိုင်းတွေကိုလည်း ရောင်းစားခံခဲ့ရပါပြီ။ နာဂစ် ဖြစ်တော့ ရန်ကုန်တက္ကသိုလ်ထဲက နှစ်ချို့ပင်တချို့ လဲပြိုကြပေမယ့် သစ်ပုတ်ပင်ကြီးကတော့ မပြိုလဲခဲ့ပါဘူး။ ဒါကြောင့်လည်း ကျမတို့ ရန်ကုန်တက္ကသိုလ်ရဲ့ အထင်ကရ အမှတ်အသားထဲမှာ သစ်ပုတ်ပင်ကြီး ပါခဲ့တာပေါ့။

ကျမ တက္ကသိုလ်အကြောင်း စပြီးစိတ်ဝင်စားမိတာက နှစ်ပတ်လည် မဂ္ဂဇင်းလေးတစောင်ကြောင့်ပါ။ ကျမ အဖေဆီမှာ ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းတစောင်ကို တွေ့ပါတယ်။ အဲဒီ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပန်းချီက တော်တော် ထူးခြားပါတယ်။ အရောင်မှိုင်းမှိုင်းတွေနဲ့ အရောင်တောက်တောက်တွေကို ရောစပ်ပြီး သရုပ်ဖော်ထားပါတယ်။ မျက်နှာဖုံးမှာ ထင်ရှားတာက သစ်ပုတ်ပင်ကြီးပါ။ အဲဒီသစ်ပုတ်ပင်ကို သေချာကြည့်ရင် လက်သီးဆုပ်ထားတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ စာအုပ်ကို ဘယ်ဘက် ညာဘက် စောင်းကြည့်လိုက်ရင် အုတ်ဂူလိုပုံစံမျိုး၊ လူတွေ လဲကျနေပုံမျိုး၊ စစ်သားတွေက လှံစွပ်တွေနဲ့ ထိုးနေတဲ့ ပုံစံ၊ သေနတ်နဲ့ ပစ်နေပုံတွေကိုလည်း တွေ့ရပါတယ်။


လှိုင်သာယာ

ဒီနေ့တွေ့ရတဲ့ ရန်ကုန်အနီး လှိုင်သာသာ က ပုံရိပ်တချို့ နဲ့ လှိုင်သာယာ စက်မှုဇုံမှာ အလုပ်သမားအခွင့်အရေး တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမတချို့။

Photos: Getty Images 

လျှပ်စစ်မီး၊ အလုပ်သမားများ အခွင့်အရေးရရှိရေး ဆန္ဒပြပွဲများ

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံတဝှမ်း ရန်ကုန်၊ မန္တလေး၊ ပြည်စတဲ့ မြို့ကြီးတွေ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြတောင်းဆိုမှုတွေနဲ့ ရန်ကုန်မြို့အနီးတဝိုက် စက်ရုံအလုပ်ရုံတွေမှာဖြစ်ပွားနေတဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက ပကတိဖြစ်စဉ်အတိုင်း ရှုမြင်ပြီး ပြေလည်အောင် ဖြေရှင်းပေးလိုတဲ့ဆန္ဒနဲ့သာ ကိုင်တွယ်ဖြေရှင်းပေးသင့်ပြီး အားလုံးအနေနဲ့လည်း လက်ရှိမြန်မာနိုင်ငံအတွင်း အသွင်ကူးပြောင်းနေတဲ့ ဖြစ်စဉ်တွေ၊ အသွင်ကူးပြောင်းနေတဲ့ ဆောင်ရွက်ချက်တွေကို မထိခိုက်အောင် ဝိုင်းပြီးသတိထားသင့်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီး က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ဦးကိုကိုကြီး ကို ကျနော် ဆက်သွယ်မေးမြန်းထားတာပါ။

ဦးကိုကိုကြီး ။ ။ အခု ဒီ မီးပျက်တဲ့ကိစ္စတွေကတော့ အထူးသဖြင့် မြို့ကြီးတွေမှာ ဒီဒုက္ခခံနေရတာ တော်တော်ကြာပါပြီ။ တိုင်းပြည်က အထိုက်အလျောက်လေး ပွင့်လင်းလာတော့ လူထုကလည်း သူတို့နစ်နာချက်တွေ၊ သူတို့ လိုအပ်ချက်တွေကို တင်ပြတောင်းဆိုတာတွေ ဆန္ဒပြထုတ်ဖော်တာတွေ လုပ်လာတော့ ပွင့်လင်းတဲ့လူအဖွဲ့အစည်းမှာ ကြိုဆိုရမယ့်ကိစ္စပေါ့။


Saturday, May 26, 2012

မီးအခက်အခဲ ရှိပါသဖြင့် … (ကာတွန်း စောငို)

လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်နေဆဲ

လျှပ်စစ်မီးရရှိရေးအတွက် ရန်ကုန် ဆူးလေစေတီအနီးမှာ ဆက်လက်ဆန္ဒပြနေကြဆဲ ရန်ကုန်က ပြည်သူတွေရဲ့ ပုံရိပ်တွေပါ။

အခွင့်ထူးခံ စီးပွားရေးသမားများ

စစ်အုပ်စုရဲ့  ဦးပိုင်ကုမ္မဏီတွေ၊ စွမ်းရည်မရှိတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ အခွင့်ထူးခံတစု ကြီးစိုးနေတဲ့ မြန်မာစီးပွားရေးမှာ တခြားလုပ်ငန်းကြီးငယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင်လုပ်ဖို့လိုကြောင်း မေလ (၁၀) ရက်နေ့ကထုတ်ပြန်တဲ့ ESCAP (ခေါ်) ကုလသမဂ္ဂ အာရှပစ္စဖိတ် လူမှုစီးပွားရေးကော်မရှင်ရဲ့  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရပ်သားတပိုင်းအစိုးရက ကြိုးစားပြီး ပြုပြင်ပြောင်းလဲနေပေမယ့် ချုပ်ချယ်ကန့်သတ်မှုတွေ ရှိနေသေးတာဟာ ကုန်ထုတ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို ဟန့်တားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ လုပ်ငန်းအသေးစားနဲ့ အလတ်စားတွေ များပြားလာဖို့ လိုပါတယ်။


Thursday, May 24, 2012

ဖယောင်းခေတ် (ကာတွန်း စောငို)

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၆)

စစ်တိုက်တယ်ဆိုတာ လူထုထောက်ခံမှုရှိဖို့ လိုတယ် 

ဝါးခယ်မကိုရောက်တော့ ပါတီကော်မတီဝင်တွေ၊ တပ်မှူးတွေက အဖိုးကိုကြည့်ပြီး …

“တို့ဆရာကြီး မျက်နှာမကောင်းပါလား။ ဘာဖြစ်တာလဲ”

အဖိုးရဲဘော်တွေက …

“မင်းတို့ မသိချင်နဲ့။ တို့လူတွေ ကျကျန်ခဲ့တာ တယောက်မှ ပြန်မကောက်နိုင်လို့ စိတ်ဆိုးနေတာ။ ဒီအဖိုးကြီး စိတ်ဆိုးလို့ မျက်ရည်နေတာ” လို့ ပြန်ပြောပြတယ်။

ဝါးခယ်မမြို့နယ်ကိုရောက်တော့ ဗိုလ်မှူးကွယ်ကော်ကို အဖိုးက မှာတယ်။ သူက ဝါးခယ်မနယ်မှာ ရှိတာကိုး။

“ကွယ်ကော်ကို သွားခေါ်စမ်း။ ငါရောက်လာပြီလို့၊ အခု ချက်ချင်းလာခဲ့လို့ ငါမှာတယ်လို့ ပြောလိုက်”

သူနေတဲ့နေရာက အဖိုးတို့ဆီကသွားရင် ၂ နာရီ ၃ နာရီလောက် ကွာတယ်။ ကွယ်ကော် ချက်ချင်းပဲ အဖိုးဆီကို ရောက်ချလာတယ်။

“ကျနော် ရောက်လာပြီ” ဆိုပြီး သူ သတင်းပို့ပြီးတော့ ထမင်းတွေ ဘာတွေ စားတယ်။ နောက် သူက အဖိုးကို မေးတယ်။

“ကျနော် ဘာလုပ်ပေးရမလဲ”

“မင်းတို့တပ် အဆင်သင့် ရှိရဲ့လား”

“ရှိပါတယ်”

“တို့လူတွေ လမ်းမှာ အထိနာခဲ့တယ်။ တို့ ပြန်တိုက်ရမယ်ကွ။ ရန်သူအခြေအနေ ဘယ်လိုရှိတယ်။ ဘယ်လို သွားလာလှုပ်ရှားနေတယ်ဆိုတာ မင်းလေ့လာ။ သူတို့ ဘယ်နေရာမှာ အားကောင်းလဲ။ ဘယ်နေရာမှာ အားနည်းလဲ။ ဘယ်လိုနေရာတွေမှာ ချောင်နေလဲ။ ဒီတာဝန်ကို မင်းယူ။ တပတ်အတွင်း ငါ့ဆီ သတင်းပြန်ပို့”

“စိတ်ချပါ”


Wednesday, May 23, 2012

ငံ့လင့်ကူသံ (မောင်လွမ်းဏီ)

ကျစ်ကျစ်ဆုပ်ထား
လက်သီးများပေါ်က ဖယောင်းစက်တွေ
ချော်ရည်ပူလား၊ အေးခဲ မာကျောတဲ့အထိ။

ဖယောင်းတိုင်တွေက
အလင်းကိုပေးဖို့ သွေးကို မီးမြှိုက်ပေးသလို
တို့တတွေကလည်း အလင်းကို ဝင်းဖို့
ဘဝကို ရင်းနှီး လောင်မြှိုက်ရတဲ့အချိန်။


ပိုနေလို့ ရောင်းလိုက်မိတာပါကွယ် … (ကာတွန်း စောငို)

ကေအိုင်အေ

မေလ ၁၆ ရက်နေ့က တွေ့ရတဲ့ ခုခံစစ် ဆင်နွှဲနေရဆဲဖြစ်တဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေရဲ့ပုံရိပ်တချို့။

(Photos: Getty Images) 

ရှုပ်ရှုပ်ယှက်ယှက်တွေ မရှင်းချင်ဘူး ... (ကာတွန်း အောင်မော်)

Tuesday, May 22, 2012

အလင်းရောင် (ကာတွန်း စောငို)



လျှပ်စစ်မီးရရှိရေး ရန်ကုန်လူထု ဆန္ဒပြ

ဒီနေ့ ရန်ကုန်မြို့ ဆူးလေစေတီအနီးမှာ လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုနေတဲ့ ရန်ကုန်က ပြည်သူလူထုရဲ့ ပုံရိပ်တချို့ပါ။

Photos: AP, Reuters, Getty Images 

တိုင်ချီ (ခေါ်) တရုတ်ရိုးရာသိုင်း

 

တိုင်ချီ (ခေါ်) တရုတ်ရိုးရာ သိုင်းကစားနည်း လေ့ကျင့်ကစားနေကြတဲ့ မြန်မာပြည်သားများကို အင်းယားကန်ဘေးမှာ ဒီနေ့ တွေ့ရစဉ်။

Photos: Getty Images 

ရန်ကုန်တက္ကသိုလ်နှင့် တကသ အဆောက်အဦ ပြန်လည်တည်ဆောက်ရေး (မောင်ဝံသ)

မနေ့က ရန်ကုန်မြို့ Micasa Hotel မှာပြုလုပ်တဲ့ အမျိုးသား စိုက်ပျိုးရေး တိုးတက်မှုဆိုင်ရာ မူဝါဒများ စာတမ်းဖတ်ကြားပွဲ မှာ စာတမ်းရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး ပြည်သူထံအိတ်ဖွင့်ပေးစာကို့ ဖြန့်ဝေလိုက်ပါတယ်။

ဒေါက်တာဦးမြင့်ရဲ့ ပြည်သူထံအိတ်ဖွင့်ပေးစာ စာတမ်းကို

https://www.facebook.com/#!/media/set/?set=a.462180547131079.125612.287336421282160&type=1

http://www.irrawaddyblog.com/2012/05/blog-post_7237.html

တို့မှာ ဖတ်ရှုနိုင်ပါတယ်။

ကျွန်တော်ကတော့ ဆရာမြင့်ရဲ့စာတမ်းကိုဖတ်ပြီး ကျေနပ်ပီတိဖြစ်လွန်းလို့ မျက်ရည်တောင်လည်မိပါတယ်။

ဆရာမြင့် ပြောထားတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး သုံးသပ်တင်ပြချက် အားလုံးကို အပြည့်အဝ ထောက်ခံပါတယ်။


ဆင်ဆာ !!! အော်ပီကျယ်




ကာတွန်း အော်ပီကျယ်ရဲ့ ဆင်ဆာထိ ကာတွန်းကွက်တချို့။ 


Tuesday, May 15, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၅)

မနည်းကို ချော့လိုက်ရတယ် 

အဖိုး ရွာကို ၂ နှစ်၊ ၃ နှစ် တခါမှ ပြန်တယ်။ တခါတလေ ၄ နှစ်ပြည့်ခါနီးပဲ။ အကြီးကောင် အောင်စိုးသိန်းဆိုရင် သူ့ကိုမွေးပြီး ၃ လအရွယ်မှာ အဖိုး ထွက်သွားတာ။ ၄ နှစ်ထဲမှာမှ အဖိုး အိမ်ကို ပြန်ရောက်တယ်။ အဖိုး အိမ်ပြန်ရောက်တော့ ဒီကောင်က သူ့အဖိုးဆီ ကပ်လိုက်၊ သူ့အဖွားဆီ ကပ်လိုက် …

“အင်း ဒီကောင်ဟာ ငါ့သားပဲဖြစ်မယ်”

ဒီကောင်က လူချော။ နောက်တော့ သူ့ အဖိုး အဖွားက ...

“ဟိုမှာ နင့်အပါး”

သူက အနား လုံးဝ အကပ်မခံဘူး။ ခေါ်လို့လည်း မရဘူး။ မိုးချုပ်တော့ အဖိုးက အိပ်ယာထဲ ဝင်အိပ်တာပေါ့။ ဒီကောင်က မသိဘူး။ သူ့အမေ သူ့ကို သေးတည်တော့မှ အဖိုးကိုတွေ့ပြီး ငိုတော့တာပဲ။

“အမိုးနားမှာ မအိပ်နဲ့။ အမိုးနားမှာ မအိပ်နဲ့”

သူ့အမေက …

“ဒါ နင့်အပါးပဲ”

“ငါ့အပါး မဟုတ်ဘူး။ ငါ့အပါး မဟုတ်ဘူး”

အော်လိုက်တာ အကျယ်ကြီးပဲ။ ခယ်မတွေကလည်း အပျိုတွေ၊ ယောက်ဖတွေကလည်း လူပျိုတွေ။ ဒီကောင်ကလည်း အော်မှ အော်ပဲ။ နောက်ဆုံးတော့ ခေါင်းအုံးနဲ့ စောင်ယူပြီး အဖိုး အပြင်မှာ ထွက်အိပ်ရတယ်။ အဲဒါမှ သူအော်တာ ရပ်သွားတယ်။ အဖေမှန်းသိအောင် တပတ်လောက် မနည်းချော့ရတယ်။ ရွာထဲက လူတွေ မေးတယ်။


မနားပါနဲ့ဦးလို့ တားထားရမယ့် ခေါင်းဆောင်တွေ လိုအပ်နေချိန် (မောင်ဝံသ)

ဒီရက်ပိုင်းအတွင်း ကြားသိရတဲ့ သတင်းတွေက တိုင်းပြည်အတွက် အရေးကြီးတယ်လို့ ပြောနိုင်တဲ့သတင်းတွေ ဖြစ်နေတယ်ဗျ။ ကြားသိရတယ်ဆိုတာက ပြည်ပ မီဒီယာတွေနဲ့ အင်တာနက် အွန်လိုင်းတွေမှာ ပလူပျံနေတဲ့သတင်းတွေကို ဖတ်ရှု နားထောင်ရတာပါဗျာ။ ပြည်တွင်း သတင်းမီဒီယာတွေမှာ ကြားလည်းမကြားရ ဖတ်လည်းမဖတ်ရပါဘူးဗျ။

တစ်ဆင့်ခံလည်း ပြောလို့မရ 

သတင်းတွေက မြန်မာနိုင်ငံအတွက် သေရေးရှင်ရေး အရေးကြီးတယ်လို့ မဆိုချင်ရင်တောင်မှ တော်တော်ကလေး အရေးကြီးတယ်လို့ အဆင့်သတ်မှတ်လောက်တဲ့ သတင်းတွေ ဖြစ်နေတယ်ဗျာ။ အဲဒီသတင်းတွေကို ပြည်ပမီဒီယာတွေမှာ ဒီလိုဒီလိုရေးနေ ပြောနေကြပါတယ်လို့ တစ်ဆင့်ခံသတင်းအဖြစ်ဖော်ပြခဲ့တဲ့ ပြည်တွင်း သတင်းဂျာနယ်အချို့ဟာလည်း သတိပေးခံရတယ်လို့ ကြားရပြန်တယ်ဗျ။

ဦးသန့် နားတော့မယ်ဆိုတုန်းက 

ကျွန်တော်က အဲဒီအခြေအနေတွေကို မသိရခင်ဖြစ်ပေါ်နေတဲ့ သတင်းအချို့နဲ့ပတ်သက်လို့ ကျွန်တော့်အမြင် ကျွန်တော့်အာဘော်ကို ရေးထားပါတယ်။ ၁၉၇၁ ခုနှစ်တုန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ မြန်မာ့ဂုဏ်ဆောင် ဦးသန့် အနားယူတော့မယ်ဆိုတဲ့ သတင်းထွက်လာတော့ ရွှေတူဂျာနယ်က ကျွန်တော့်ကော်လံကနေ ‘ဦးသန့် နေပါဦး၊ မနားပါနဲ့ဦး’ လို့ရေးခဲ့ဖူးတာနဲ့ အစပျိုးထားတယ်။ ဦးသန့်က သူ့အရင် အတွင်းရေးမှူးချုပ် ကွန်ဂို ငြိမ်းချမ်းရေးဆောင်ရွက်ရင်း လေယာဉ်ပျက်ကျ သေဆုံးသွားလို့ ဆက်ခံတာဝန်ယူရသူဖြစ်ပါတယ်။ အဲဒီရာထူးသက်တမ်းကုန်ဆုံးသွားတော့ ဦးသန့်ကိုပဲ အတွင်းရေးမှူးချုပ်အဖြစ် ဆက်ပြီး တင်မြှောက်ကြတယ်။ ကျန်ရှိတဲ့ အဲဒီသက်တမ်းတစ်ခုလုံးကုန်ဆုံးတော့ ဦးသန့်ကိုပဲ ထပ်မံရွေးချယ်တင်မြှောက်လို့ ပထမသက်တမ်းအဖြစ် တာဝန်ထမ်းဆောင်ရတယ်။ အဲဒီ ပထမသက်တမ်းပြီးဆုံးချိန်မှာ ဒုတိယသက်တမ်းအတွက် ဆက်အရွေးခံရင် သူ့ကိုပဲ ရွေးကြမယ်ဆိုတာ သေချာပေမယ့် ဦးသန့်က အနားယူတော့မယ်၊ အရွေးမခံတော့ဘူးလို့ အရိပ်အမြွက် ထုတ်ဖော်ပြောဆိုပါတယ်။


Sunday, May 13, 2012

တောမီးငြိမ်းမှာကြောက်သော တောကြောင်များ (မောင်မောင်ဝမ်း)

နယ်စပ်တည်ငြိမ်ပြီး မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးလာမှာကို အင်မတန်မှ စိုးရိမ်ကြောက်ရွံ့တဲ့အထဲမှာ ထိုင်းက ထိပ်ဆုံးက ရှိတယ်။ နယ်စပ်တည်ငြိမ်ရင် ထိုင်းဘက်မှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေဟာ မြန်မာပြည်ဘက် ရွှေ့လာမယ်။ (ထိုင်းနယ်စပ်မှာ ထိုင်းအမျိုးသားပိုင်ဆိုင်တဲ့ စက်ရုံ အလုပ်ရုံဆိုတာ တော်တော်ရှားပါတယ်၊ တခြားနိုင်ငံသားတွေ လာရောက် ရင်းနှီးမြှုပ်နှံကြတာ များတယ်) အလုပ်သမားတွေ အကုန်နီးပါးလောက်က မြန်မာနိုင်ငံသားတွေချည်းပဲ။

မြန်မာနိုင်ငံဘက်မှာ လာရောက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုန်ကျစရိတ်ဟာ ထိုင်းနိုင်ငံထက် လုပ်ငန်းရှင်တွေအဖို့ အများကြီး သက်သာသွားမယ်။ (ဒါကို ထိုင်းအစိုးရ အကြီးအကျယ် တုန်လှုပ်တယ်) နောက်တခါ ဒုက္ခသည်ကို အကြောင်းပြုပြီး အမြတ်ထုတ်လို့ရနေတာ တနှစ်တနှစ် ဒေါ်လာ သန်းပေါင်းများစွာရတယ်။ ဒါတွေ ဆုံးရှုံးမှာကို စိုးတယ်။ ထိုင်းနယ်စပ် မြို့ကြီးတွေဟာ မြန်မာဘက်ကို အလုပ်သမားက အစ တော်တော်များများ မှီခိုနေရတယ်။

ဒါ့ကြောင့် ထိုင်း - မြန်မာနယ်စပ် ငြိမ်းချမ်းသွားမှာကို စိုးရိမ်တယ်။ ဒါ့ကြောင့် DKBA ဗိုလ်စောလားပွယ်တို့ကို ပစ်မှတ်ထား ပြဿနာရှာ၊ မမှန်မကန်တွေစွပ်စွဲပြီး နယ်စပ် မတည်ငြိမ်ဖြစ်အောင် ကြိုးစားတယ် (ကလေးကွက်တွေ)။ နောက်ထပ် ထိုင်းတွေ ဆုံးရှုံးနိုင်တဲ့အရာတွေလည်း ရှိသေးတယ်။ (ပြောချင်တာက) ထိုင်းတွေ ကြီးပွားချမ်းသာဖို့ ကျနော်တို့ပြည်သူတွေ သေပေးရမှာလား။ ကမ္ဘာတည်သ၍ အမြဲတန်း ဒုက္ခသည် လုပ်ပေးနေရမှာလား။


အမျိုးသားရေး စိတ်ဓာတ် (ကာတွန်း အောင်မော်)

ကိုယ့်ကိုကိုယ် ပြန်လည်ရေးဆွဲခြင်း (မည်သူကိုမျှ မရည်ရွယ်ပါ)


 

လူငယ်တွေအတွက် မရှိမဖြစ် အရာနှစ်မျိုး (လူထုစိန်ဝင်း)

"ပညာတတ်လောကမှာ ရေပန်းစားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင်ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲဆိုကတည်းက အရှုံးအနိုင် သိဖို့လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ် ..."

လူငယ်တွေ ရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာလိုနေလဲ။ ဘာတွေကြိုးစားရမလဲ ဆိုတဲ့မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့သဘောဆောင်တဲ့အတွက် ဝမ်းသာရပါတယ်။

ချီးကျူးရမယ့်စိတ် 

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့အရာများကိုလည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလားလား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ်ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့်မှာ ဖြည့်ဆည်းဖို့ လိုအပ်နေတာတွေကို သိချင်စိတ်ရှိတာလည်း ကောင်းတာပဲ။ တစ်ပါးသူကို ထောက်ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ်လိုဖွယ်ကောင်းတယ်။ ပလွှားစိတ် မရှိတာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ်သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

Friday, May 11, 2012

ဖယောင်း မသုတ်ဘူး၊ ကွာလတီကောင်းလို့ … (ကာတွန်း စောငို)

အုတ်ဖုတ်ကြသူများ

 
မေလ ၁၀ ရက်နေ့က ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်တခုက အုတ်ဖုတ်လုပ်ငန်းတခုမှာတွေ့ရတဲ့ လုပ်သားတွေရဲ့ မြင်ကွင်းတချို့ပါ။

(Photos: Getty Images) 

Thursday, May 10, 2012

စစ်တုရင် နိုင်ငံရေး (သုအိုင်စံ)

အရှုံးအနိုင်ပဲပေါ်ပေါ် 
သရေနဲ့ပဲတော်တော် 
ခုံပေါ်မှာ ပြန်ကာကြည့် 
‘ပွန်း’ တွေ မရှိကြတော့ဘူး။


 

နောက်ကြောင်းပြန်နိုင်သေးသလားလို့ မေးလာရင် (မောင်ဝံသ)

ဒီနေ့ခေတ် နိုင်ငံရေးပါတီတွေဟာ အိုင်ဒီယော်လော်ဂျီလို့ခေါ်တဲ့ သဘောတရားရေးတွေကို သိပ်မပြောကြတော့ဘူး။ ဒီမိုကရေစီနဲ့ ဈေးကွက် စီးပွားရေးဆိုတာကိုပဲ တွင်တွင်ပြောတတ်ကြတယ်။ မြန်မာနိုင်ငံမှာ လောလောဆယ် ရပ်တည်နေတဲ့ နိုင်ငံရေးပါတီထဲမှာ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးကို ရှေးရှုပါတယ်လို့ ကြွေးကြော်တဲ့ပါတီ တစ်ခုတလေမှ မတွေ့ရပါဘူး။ အလားတူပဲ တစ်သွေး တစ်သံ တစ်မိန့် အာဏာရှင်စနစ်နဲ့သွားမှသာ နိုင်ငံ ထိပ်တန်းရောက်မယ်လို့ အာဘောင်အာရင်းသန်သန် ပြောဝံ့သူလည်း တစ်ယောက်မှ မတွေ့ပါဘူး။

မကြာသေးခင်ကာလတစ်ခုအထိ မြန်မာနိုင်ငံအကြောင်းရေးသားတဲ့ နိုင်ငံခြားသတင်းဆောင်းပါးတွေထဲမှာ နောက်ကြောင်းပြန်ဖို့ ရှိသေးသလား၊ နောက်ပြန်လှည့်ဦးမလားလို့ စောကြောဝေဖန်တာတွေ ဖတ်ရပါတယ်။ ကျွန်တော်က ပြောချင်လွန်းလို့ ဆောင်းပါးတစ်ပုဒ်ကို ‘တစ်မိန့် တစ်အာဏာစနစ် တော်ပါပြီ တန်ပါပြီ’ လို့ ခေါင်းစဉ်တပ်ပြီး ရေးလိုက်တာ ဟောင်ကောင်က နိုင်ငံရေးလေ့လာသူ ပညာရှင်တစ်ယောက်က သဘောကျလွန်းလို့ဆိုပြီး အင်္ဂလိပ်လို ဘာသာပြန်တယ်။ ပြီးတော့ သူ့မိတ်ဆွေအတော်များများဆီ အီးမေးလ်နဲ့ ဖြန့်ဝေတယ်။ ဖတ်မိသူတွေထဲက တချို့က ကျွန်တော့်ဆီ လှမ်းမေးကြတယ်။ ကျွန်တော့်ကို နောက်ကြောင်း မပြန်ဘူးဆိုတာ လောင်းရဲလားလို့ စိန်ခေါ်သူ အမျိုးသမီးတစ်ယောက်လည်း ပါတယ်။


မူးယစ်ရာဇာ တဲ့လား … (ကာတွန်း စောငို)


ဗိုလ်နှုတ်ခမ်းမွှေးရဲ့ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ

ဒီနေ့ မြဝတီမြို့နယ် ဆုံဆည်းမြိုင်ရွာမှာ ပြုလုပ်တဲ့ DKBA အဖွဲ့ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်ချုပ်စောလားပွယ် ရဲ့ သတင်းစာရှင်းလင်းပွဲပါ။

Monday, May 7, 2012

စကား (ကာတွန်း အောင်မော်)


ပထမတန်းစားနိုင်ငံ ပထမတန်းစားစိတ်ဓာတ် (မောင်ဝံသ)

စင်ကာပူနိုင်ငံကို ပထမကမ္ဘာထဲ ရောက်နေပြီလို့ တင်စားသုံးနှုန်းထားတာတွေကို ဖတ်လိုက်ရတယ်၊ စီးပွားရေးအရ ပထမတန်းစားနိုင်ငံထဲ ရောက်နေပြီဆိုတာ မငြင်းလိုပါဘူး။ သို့ပေမယ့် ယဉ်ကျေးမှုအဆင့်အတန်းမှာတော့ အငြင်းပွားစရာတွေ ရှိနေအုံးမယ် ထင်တယ်။

စင်ကာပူနိုင်ငံမှ The Straits Times သတင်းစာ ၂၃ ဇွန် ၂၀၁၀ နေ့ထုတ်မှာ လူထုအာဘော် အတိုလေးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ရေးသူက စင်ကာပူ လူမျိုးတစ်ယောက်ပါ။ သူက ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ တန်းစီစောင့်နေရင်း ကြုံခဲ့ရတဲ့ မြင်ကွင်းလေးတစ်ခုအကြောင်း ရေးထားတာပါ။

မဟန့်တားရဲလို့ ရှက်မိသတဲ့ 

အဖိုးတန်ဝတ်စုံဝတ်ထားတဲ့ အသက်ကြီးကြီး စင်ကာပူ အမျိုးသားကြီးတစ်ယောက်ဟာ တန်းစီနေတဲ့ သူ့ရှေ့က ဖီလစ်ပီနို အမျိုးသမီး (ကလေးငယ်လေးကို ချီပိုးထားသူ) ကိုကျော်ပြီး ရှေ့တိုးသွားတယ်တဲ့။ လူချင်းတွန်းတိုက်မိသွားလို့ အမျိုးသမီးက မကျေမနပ်ပြောတဲ့အခါ အဲ့ဒီ စင်ကာပူလူကြီးက ဖီလစ်ပီနို အမျိုးသမီးကို ဒေါသတကြီး ကျိန်းမောင်းတော့တာပဲ တဲ့။ နောက်ဆုံးစကားကတော့ “နင်တို့ အလကား ဒီမှာလာရှုပ်နေတယ် ကိုယ့်တိုင်းပြည် ကိုယ်ပြန်ကြ” လို့ပြောတာ ဖြစ်တယ်တဲ့။ ဖီလစ်ပီနို အမျိုးသမီးဟာ တန်းစီတဲ့အထဲက ထွက်သွားရရှာတယ်တဲ့။


ကဆုန်လပြည့်နေ့

ပြီးခဲ့တဲ့ မေလ ၅ ရက်၊ ကဆုန်လပြည့်နေ့က တွေ့ရတဲ့ ရန်ကုန်က ရွှေတိဂုံ နဲ့ ဗိုလ်တထောင်စေတီက ပုံရိပ်တွေပါ။ 
(Photos: AP, Reuters, Getty Images)