Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Thursday, May 21, 2015

ဇော်ထွန်း (သို့မဟုတ်) ယုံကြည်ချက် ကြယ်စင် (၃) - ဝင်းနိုင်ဦး (ဆေး ၂)

၎ 

ဝ တောင်ပိုင်းဌာနချုပ်က ဆမ်လိုရောင်း ၃၆၁ တောင်ကုန်းနဲ့ သူ့ နားတဝိုက်မှာ တည်ထားတာ၊ အဆောက်အဦ အတော်အများများက အသစ်တွေလိုတွေ့ရသမို့ ဒီစခန်းသက်တမ်းက အလွန်ဆုံးရှိလှ တနှစ်လောက်ပဲ ရှိဦးမယ့်ပုံပါ။ ဒီရေဒီမြေက အပင်တွေက ကျနော်တို့နေဖူးတဲ့ မြန်မာပြည်တောင်ပိုင်းက မိုးရေများများနဲ့ စိမ်းရင့်နေတဲ့ မုတ်သုန်တောက အပင်တွေနဲ့မတူပေမယ့် စိမ်းနု တခါ ရင့်ချီ တလှည့် တောတွေ၊ တောင်တွေကတော့ မီးခိုးပြာရောင်မှိုင်းဝေတဲ့ တောင်ခိုးတွေကို ရှေ့ကထားရင်း လှိုင်းတွေ လှိုင်းတွေ ဆင့်ကာဆင့်ကာ ပြေးလာသလို ပြေးလာနေကြတာကတော့ တူမြဲ တူဆဲပါ။

တောင်နိမ့်၊ တောင်လတ်၊ တောင်မြင့်၊ အဲဒီ တောင်တွေ တောင်တွေအပေါ်မှာ တောင်ထိပ်တွေကို ပြန့်သွားအောင် တိခနဲ ဖြတ်ချထားပြီး ရဲဘော်တွေအတွက် ဘားတိုက်တွေ၊ ကလေးတွေအတွက် စာသင်ကျောင်း၊ ဆရာ၊ ဆရာမတွေအတွက် အဆောင်၊ အခမ်းအနားတွေ လုပ်လို့ရအောင်ကျယ်တဲ့ ခမ်းမ၊ အရာရှိရိပ်သာ၊ ဆက်သွယ်ရေးဌာန၊ ဈေးဆိုင်၊ ခေါင်းဆောင် ကေဒါတချိုရဲ့ အိမ်တွေ၊ လက်လုပ်ဗုံးနဲ့ မိုင်းထုတ်တဲ့စက်ရုံ၊ ကျနော်တို့ အလုပ်လုပ်ရမယ့်ဆေးရုံ စတဲ့ စတဲ့ အဆောက်အဦတွေက တောင်ထိပ်တွေပေါ်မှာ အစီအရီ တင်ထားသလိုပါ။ ကျနော်တို့အလုပ်လုပ်ရမယ့် ဆေးရုံကတော့ ဘေးနံတလျောက် မြင့်တဲ့တောင်တွေက အလုံခြုံဆုံး ကာထားပေးသလို၊ လူတွေလည်း အလွယ်ဆုံးလည်း လာနိုင်ဖို့ တောင်နိမ့်နိမ့်လေးတခုပေါ်မှာပါ။

Monday, March 2, 2015

စစ်တပ် အာဏာသိမ်းမှု ၅၃ နှစ်ပြည့် အထူးအစီအစဉ် (ကိုတင်အောင်ကျော်)

ဒီနေ့ဟာဆိုလို့ရှိရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာလ ပြည်သူလူထုရဲ့ ရွေးကောက်ခံ ပါလီမန် ဒီမိုကရေစီစနစ်ကို ဆုံးခန်းတိုင်စေခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှု ၅၃ နှစ် ပြည့်မြောက်ခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ အဲဒီအချိန်ကစပြီး နှစ်ပေါင်း ၅၀ နီးပါး စစ်တပ်အာဏာရှင်တို့က ကြီးစိုးအုပ်ချုပ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် မြန်မာနိုင်ငံရဲ့ ပါလီမန်ဝန်ကြီးချုပ် ဦးနုဆီကနေ စစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ဘယ်လို အာဏာသိမ်းယူခဲ့သလဲ၊ ဒီလိုသိမ်းဖို့ ဘယ်လိုစီစဉ်ခဲ့သလဲဆိုတာကို အဲဒီအချိန်က စစ်တပ်အာဏာသိမ်းမှုကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတဲ့ လူပုဂ္ဂိုလ်အချို့ကို ကျနော် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ 

အဲဒီအာဏာသိမ်းမှုကို ၂ ရက်လောက်ကြိုသိနေတဲ့ သံလွင်မြစ် အနောက်ဘက်ခြမ်း တပ်မ ၁၃ မှာ ဒုတိယ တိုင်းမှူးအဖြစ် တာဝန်ယူခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ... 


Monday, February 23, 2015

ဇော်ထွန်း (သို့မဟုတ်) ယုံကြည်ချက် ကြယ်စင် (၁) - ဝင်းနိုင်ဦး (ဆေး ၂)

(၂) 

နေရာ က All Burma Students Democratic Front (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ဗဟို ရုံးခွဲဖွင့်ထားတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆင်ခြေဖုံးဘက်မှာရှိတဲ့ လုံးချင်းအိမ်လေးတခုထဲမှာပါ။ ၁၉၉၀ သင်္ကြန်အလွန် ရက်ပိုင်းကာလပေါ့။ အဲဒီတုန်းက ကျနော်ရော၊ ဇော်ထွန်းရော ဝင်ထားတဲ့ ABSDF ရဲ့ ဥက္ကဋ္ဌ က ကိုမိုးသီးဇွန်။ သူက အခန်းတခုထဲ ကျနော်နဲ့ ဇော်လွင်စိုး (သူက နောက်ပိုင်းမှာ ABSDF တပ်ရင်း (၁၀၂) တပ်ရင်းမှူး ဖြစ်လာခဲ့သူ၊ ကျနော်တို့တော့ သူ့ကို တရင်းတနှီး နာမည်ဖြစ်တဲ့ ကိုပိန် လို့ပဲ ခေါ်ကြတယ်) ကို ဝ နယ်မြေဘက်သွားရေး၊ စည်းရုံးရေး စကားတွေ စပျိုးနေခဲ့ပေါ့။ 

“ဝ တပ်တွေ က အင်အားကောင်းတယ်။ ၂ သောင်း ကျော်တောင်ရှိတာ၊ သူတို့တွေ နဝတ ကို ပြန်တိုက်လာရင် သိပ်ကောင်းမယ်၊ ပြန်တိုက်အောင်လည်း တို့ လုပ်ရမယ်၊ ဟေ့ရောင်တွေ ငါတို့ ကြိုးစားရမယ် ထင်တယ်ကွ။ အဲဒါ ငါတို့ဘက်က စည်းရုံးရေးအဖွဲ့တွေ လွှတ်တယ်။ သူတို့ပညာရေးဌာနဘက်မှ တို့တွေဆီက အင်္ဂလိပ်စာ သွားသင်ပေးတာမျိုး၊ နောက် သူတို့ ကျန်းမာရေးဌာနမှာလည်း တို့ အခု ၆ လစီမံချက် နဲ့ ဆေးမှူးတွေ လွှတ်ထားတယ်။ သူတို့ဆီမှာ ဆေးမှူးသင်တန်းပေးရင်း သူတို့ ဆေးရုံမှာ ကူရင်းပေါ့။ အခု ဆရာ ဒေါက်တာ ပါကျင် နဲ့ ဇော်ထွန်း ရောက်နေပြီ။ အဲဒါ မင်းတို့လည်း လိုက်သွားစေချင်တယ်” 


Saturday, February 21, 2015

ဇော်ထွန်း (သို့မဟုတ်) ယုံကြည်ချက် ကြယ်စင် - ဝင်းနိုင်ဦး (ဆေး-၂)

(၁) 

ဆေးတက္ကသိုလ် (၂) စာသင်ခန်းခန်းမ တခုထဲမှာ တာဝန်ကျဆရာ လာတော့မယ့်အချိန်လည်း နီးလာတာနဲ့အတူ ကျောင်းသားတွေ အတော်စုံနေပေပြီ။ စုစုပေါင်းမှ တရာကျော်ကျော်လေးလောက်ရှိတဲ့ အတန်းမို့ လူကလည်း သိပ်မများ၊ ဝင်းကျယ်တဲ့ ကျောင်းကိုယ်တိုင်ကလည်း လူရာချီလောက်သာရှိတတ်တဲ့ ကျောင်းမို့ တိတ်ဆိတ်ခြင်း၊ ငြိမ်းအေးခြင်း၊ ပုံမှန်လှုပ်ရှားမှုတွေနဲ့သာ သက်ဝင်တတ်ခြင်းတို့က ဒီ ကျောင်းရဲ့ပြယုဂ်တွေလို့ ဆိုနိုင်ပါတယ်။ 

စာသင်ခန်းထဲက ဖိုင်နယ်တန်း ကျောင်းသားတွေ ထိုင်နေရာနေရာတွေအလိုက် အစုဖွဲ့ရင်း ခပ်တိုးတိုး စကားတီးတိုးဖွဲ့နေကြတဲ့ အသံတွေနဲ့အတူ ကျောင်းရဲ့နာရီက အပြင်ကနေ တချက်တချက် ခပ်သဲ့သဲ့လွင့်လာတဲ့ ပုစဉ်းရင်ကွဲသံတချို့ အရင်နေ့တွေကထက် တိုးလာနေတာကလွဲလို့ အရင်နေ့တွေကအတိုင်း။ လူက နည်း၊ ဒီကြားထဲ အများစုက အဆောင်တွေမှာနေရင်း ကျောင်းတက်ကြတာဆိုတော့ တို့ထဲက တယောက် (ပုံမှန်မဟုတ်တာ) ဘာလုပ်နေတယ်ဆိုတဲ့သတင်း တတန်းလုံးပျံ့ဖို့က အလွန်ဆုံးကြာလှ တရက် နှစ်ရက်ပေါ့။ 


Saturday, February 14, 2015

ပဒိုမန်းရှာ (သို့မဟုတ်) ချစ်သူများနေ့မှာ အမှတ်ရတဲ့သူ (နေသွင်)

ဗမာဖြစ်သော ကျွန်တော့်အတွက် အလေးစားရဆုံးခေါင်းဆောင်များထဲမှ “ပဒိုမန်းရှာ” 

၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက် ၊ ညနေ ၄ နာရီခွဲ။ 

“ပဒိုမန်းရှာ လုပ်ကြံခံလိုက်ရတယ် ဆိုဗျ” 

အွန်လိုင်းမှာ သူငယ်ချင်းတယောက်က ကျနော့်ကို လှမ်းမေးတယ်။ 

“ဟာ ... မဟုတ်တာဗျာ” 

ကျနော် ဒီလောက်ပဲ အကြောင်းပြန်နိုင်ပါတယ်။ စိတ်ထဲမှာတော့ နည်းနည်း ထိတ်သွားတာ အမှန်ပါပဲ။ မဲဆောက်က သူငယ်ချင်းတယောက်ဆီ ဖုန်းခေါ်ကြည့်တော့ ကျနော်က ဘာမှ မမေးခင်မှာပဲ ... 

“ကြားပြီးရော့ပေါ့” တဲ့။ 

“ဟာ ... ဒါဖြင့် သွားပြီပေါ့” 


Friday, February 13, 2015

ပဒိုမန်းရှာ၏ နောက်ဆုံးနေ့ရက်များနှင့် ကျနော် (ရဲဘော် ဇော်နောင်)

အချိန်တွေ ကြာညောင်းလာခဲ့ပြီဖြစ်သော်လည်း ဒီလ ဒီရက်ကိုရောက်တိုင်း အတိတ်ရဲ့ဖြစ်ရပ်တွေ ကျနော့် အာရုံထဲ အသစ်တဖန် ပြန်ဝင်ရောက်လာပါတော့တယ်။ အချိန်ကာလအနေနဲ့ပြောရရင် ၂၀၀၇ ခုနှစ် နှောင်းပိုင်းကနေ စရမှာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ ကေအဲန်ယူ ခေါင်းဆောင်များကို လုပ်ကြံမယ်ဆိုတဲ့သတင်း ကေအဲန်ယူအတွင်း ခါတိုင်းထက် ပိုထွက်ပေါ်လာခဲ့ပါတယ်။ အချိန်နှင့်အမျှ သတင်းတွေ တမျိုးပြီးတမျိုး ထွက်ပေါ်လာသော်လည်း လုပ်ကြံခံရမယ့်စာရင်းထဲမှာ ပဒိုမန်းရှာရဲ့နာမည် အမြဲလို ပါဝင်နေခဲ့ပါတယ်။ 

ဒါကြောင့် ပဒိုမန်းရှာရဲ့လုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ပဒိုမန်းရှာက တုန်လှုပ်မှု မရှိခဲ့ပါဘူး။ သွားမြဲ လာမြဲအတိုင်း ပုံမှန်ပဲရှိခဲ့ပါတယ်။ ပဒိုမန်းရှာက အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ပေမယ့် ခုလို အချိန်မျိုးမှာတောင် သူ့ရဲ့လုံခြုံရေးအတွက် တစုံတခုလုပ်ပေးဖို့ မတောင်းဆိုခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ရုံးရှိ ရဲဘော်များက သူ့အပေါ် စိတ်ပူပင်နေခဲ့ကြပါတယ်။ 


အောင်ဆန်း (သို့မဟုတ်) အရိုင်း - ဒဂုန်တာရာ

သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်း မရှိ၊ တချို့က ပြုံးရယ်၍ နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်းတစ်ခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပြက်ရယ်ပြုခြင်းကား မရှိ၊ လေးစားခြင်းသည် အားလုံး၌ တစ်ညီတညွတ်တည်း တည်ရှိ၏။ 

အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကို နောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံတောတောင်မှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပာယ်ကိုမျှ ထူးထူးထွေထွေ မဖော်ပြ။ သို့သော် မှိုင်းညို့ခြင်းတစ်ခုတည်းကိုသာ ရဲဝံ့စွာဆောင်၍နေသည်။ 


မြေလတ်သား လောဘ (မောင်လွမ်းဏီ)

ရရင်ရ
မရရင်ချ ဆိုတဲ့ ကျောင်းသားခေါင်းဆောင်။

အနီးကပ်ဆုံး
ရန်သူကို ရှာပြီး တိုက်ကြ ဆိုတဲ့ စစ်သေနာပတိ။

တစ်နှစ်အတွင်း
လွတ်လပ်ရေး ရစေရမယ် ဆိုတဲ့
ကတိကို ပေးရဲတဲ့ အမျိုးသားခေါင်းဆောင်။


ရေဆန်လမ်းမှာ အလွမ်းတွေဝေ (ခိုင်မာကျော်ဇော)

အတီးမန်းရှာရေ အတီးက အတီးရဲ့ယုံကြည်ချက်တွေ အတီးရဲ့အချစ်တွေကို ကျမတို့ ကရင်အမျိုးသားထုအတွက်သာမက တိုင်းရင်းသားလူမျိုးပေါင်းစုံကိုပါ ဝေငှထားခဲ့ပြီး ဟောဒီ ကမ္ဘာကြီးထဲကနေ သူရဲကောင်းပီသစွာနဲ့ ထွက်ခွာသွားခဲ့ပေမယ့် ကျမတို့ကတော့ အတီးရဲ့အကြောင်းတွေကို သတိတရနဲ့ မမောနိုင်မပမ်းနိုင် ပြောကြရဦးမှာပါ။ အတီးသွေးနဲ့ ခင်းခဲ့တဲ့၊ အတီးယုံကြည်မျှော်လင့်တဲ့ ခရီးဆုံးပန်းတိုင်ဆီကို ဆက်လက် ချီတက်ရဦးမှာပါ။ 

အတီးကျဆုံးခဲ့တဲ့ ညက ကော်သူးလေကောင်းကင်ယံမှာ ကြယ်ကြီးတလုံး လင်းလက်ခဲ့တယ် အတီးရေ။ အဲဒီကြယ်ကြီးကို မြစ်ဝကျွန်းပေါ်ကပဲ ကြည့်ကြည့်၊ ပဲခူးရိုးမပေါ်ကပဲ ကြည့်ကြည့်၊ ဒေါနတောင်စဉ် တောင်တန်းပေါ်က ကြည့်ကြည့်၊ သံလွင် သောင်းရင်းနဲ့ ယွန်စလင်းကမ်းနံဘေးကပဲ ကြည့်ကြည့် ရွှန်းမြလင်းလက်နေတာကို တွေ့ရတယ်။ အဲဒီကြယ်ကြီးရဲ့ လင်းလက်မှုမှာ တည်ကြည်တဲ့ သစ္စာတရားတွေ၊ မြင့်မြတ်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ငြိမ်းချမ်းမှုတွေပါတယ်။ တကယ်တော့ အဲဒီကြယ်ကြီးဟာ ကျမတို့အားလုံးကို ခွန်အားများစွာပေးခဲ့တဲ့ ပဒိုမန်းရှာလားဖန်း ဆိုတဲ့ ကြယ်ကြီးပါပဲ အတီးရယ်။ 


Friday, January 23, 2015

ငွေလရောင်ရဲ့ တိမ်းရှောင်သူ - ၂ (သစ်ကောင်းအိမ်)


(၅)

ကျနော် ၅ တန်းစာမေးပွဲဖြေဆိုပြီးသည့်နှစ်တွင်တော့ အနော်မာမြစ် တဖက်ကမ်းကို လှမ်းမျှော်ရည်စူး၍ အဖေနဲ့ အမေက ကျနော်တို့တခြံကျော်ရှိ တိုက်ကြီးကျောင်းမှာ ကိုရင်ဝတ်ပေးပါသည်။ 

ထိုစဉ်က ကျနော်တို့ရပ်ကွက် ရွာဦးရှိ ဘိုးဘွားအစဉ်ဆက် ကိုးကွယ်ဆည်းကပ်ခဲ့သော ကျောင်းထိုင်ဘုန်းဘုန်းမှာ ကျောင်းဝန်းကျယ်ကြီး တခုလုံး တပါးတည်း အုပ်စိုးခြယ်လှယ် သီတင်းသုံးနေထိုင်လေရာ ကျောင်းကြီးပေါ် မောင်မဆော့ပေမယ့် အလှူပြီးသည့်ညမှာပဲ ကျနော် ကိုရင်အား လက်ခံစောင့်ရှောက်မည့်သူ မရှိသဖြင့် တခြံကျော်ရှိ ကိုယ့်အိမ်ကိုယ်ပြန်ကာ သီတင်းသုံးနေထိုင်ရပါသည်။ 

အဖေရယ် အမေရယ် အိမ်ရယ်နဲ့ ကျနာ် တခါမှ ခွဲမအိပ်စဖူး... အိမ်ရှေ့ခန်းက သီးသန့်ခင်းကျင်းပေးထားသည့် အိပ်ရာပေါ်က သင်္ကန်းနံ့စူစူးပေါ် လူးလိမ့်လို့ ကြမ်းတပြေးကြီးပေါ်မှာ အလွမ်းကြီးကြီး … ကျမ်းကြီးကြီး ညတညပါ မေမေရယ်... ဘယ်အမျိုးသမီးနဲ့မှ တမိုးတည်းအောက် မအိပ်ရဆိုတော့ ကျနော် ငရဲရောက်ရတော့မှာလား ... အမေ့မေတ္တာတရားမှာ တရားဦးမနာဘဲ ဈာန်နဲ့ပျံကြွနိုင်သူ ရဟန္တာ... ကောင်းကင်မှာ ဘယ်နှပါးများ ရှိပါလိမ့် …။ 

Wednesday, January 21, 2015

ငွေလရောင်ရဲ့ တိမ်းရှောင်သူ - ၁ (သစ်ကောင်းအိမ်)


(၃)

နှစ်တနှစ်အရောက်တွင်တော့ ထိုသူ့လက်ထဲသို့ စိတ်ပုတီးတကုံး ရောက်လာပါသည်။ သူ၏နှုတ်ကမူ တလှုပ်လှုပ်နဲ့ ဘာတွေ ရွတ်ဆိုနေသည် မသိ။ လက်ဖက်ရည်ဆိုင်ထိုင်ရင်လည်း ထိုပုတီးနှင့်...၊ သို့သော်လည်း သူ့နိုင်ငံရေးသိပ္ပံကို စိတ်အားထက်သန်စွာ ဆွေးနွေးနေချိန်နှင့် ကမ္ဘာ့ရေးမြန်မာ့ရေး သတင်းများအလယ် သူ နစ်မြုပ်နေချိန်များတွင်တော့ သူ့ စိတ်ပုတီးသည် စားပွဲခုံအောက် သူ့ခြေထောက်နားတွင် ပြုတ်ကျလျက် မြင်တွေ့သူ ကျနော်တို့ တယောက်ယောက်က ကောက်ယူကာ စားပွဲပေါ်သို့ ပြန်တင်ပေးထားရတတ်ပါသည်။ 

ကျောင်းပိတ်ရက် နေ့လယ် တနေ့ခင်း ကျနော်တို့ညီအကိုတသိုက် မျိုးကိုတို့အိမ်တွင် ထိုကာလက ထွက်ခါစ ခိုင်ထူးရဲ့ မကျေနပ်ဘူး သိလား... သီချင်းတိတ်ခွေကို စုဝေးနားထောင်နေခိုက် ပုတီးတကုံးနဲ့ သူရောက်ရှိလာကာ နေရာလွတ် ခုံတန်းလျားတခုတွင် ဝင်ထိုင်ရင်း ကျနော်တို့ညီအကိုတသိုက်နဲ့အတူ အကြင်နာသစ်ဆု… အကြင်နာသစ်ဆု… ကို ဝင်တောင်းရမ်းရင်း ပုတီးစိတ်နေပါသည်။ ထိုစဉ် ဘယ်အချိန်ကာလတည်းက သူ့ပုတီးစိတ်နည်းကို စပ်စပ်စုစု လေ့လာထားသည်မသိသော ကျနော့်အကို အောင်ကိုကြီးက ကို(…) ခင်ဗျားစိတ်တဲ့ပုတီးက ဒီနေ့ဘာလို့ တလုံးလျော့နေရတာလည်းဟူ၍ အမေးအမြန်း ထထူပါတော့သည်။ သူကတော့ သူ့ကိုယ်ပိုင် အေးဆေးလေးလံသော လေသံဖြင့် ... … 


Monday, January 19, 2015

ငွေလရောင်ရဲ့ တိမ်းရှောင်သူ (သစ်ကောင်းအိမ်)

(၁) 

ကျနော့်အမေ ကွန်မြူနစ်ဖြစ်သွားရခြင်းအကြောင်းကို ပြန်လည်တွေးမိတော့ တယောက်တည်း ပြုံးရယ်ချင်စိတ်နဲ့အတူ အတိတ်ထဲကနေ၍ မျက်တွင်းများ ပါးရိုးနားရိုးများ ချိုင့်ဝင်လျက်၊ ရီဝေဝေ ကြောင်စီစီ မျက်လုံးများ မုတ်ဆိတ်ကျိုးကျဲ ဆီနဲ့ဝေးသော ဆံပင်ခွေ လိပ်လိပ်များနှင့် ကျောပြင်တခုလုံး ပေါက်ပြဲနေသော အင်္ကျီနွမ်းတထည်ကို ဝတ်ဆင်ထားသော လူတယောက် တခါတရံတွင် သတင်းစာတစောင်ကိုကိုင်လျက်၊ တခါတရံတွင် ပုတီးတကုံးကို လက်ထဲတွင်စိတ်လျက် ထိုသို့မှမဟုတ်လျှင် စာအုပ်တအုပ်ကိုကိုင်လျက် ကျနော်တို့ အိမ်မျက်စောင်းထိုး လက်ဖက်ရည်ဆိုင်ဘက်မှနေပြီး ကျနော်တို့အိမ်ရှိရာဘက်ခြမ်းကို လမ်းဖြတ်ကူးလာသည်ကို လှမ်းပြီးမြင်တွေ့လိုက်ရပါသည်။ 

ထိုသူကား ထိုနှစ်များမတိုင်ခင် အချိန်ကာလတခုက ဆင်းရဲသောမိဘ၏ စာတော်သော ကျောင်းသား။ သူတို့ခေတ်ကာလ တက္ကသိုလ်ကျောင်းက ငွေလမင်းတို့အလယ်က ပျိုတိုင်းကြိုက် ဂျိမ်းစဒင်း။ စာပေနှံ့စပ်၍ သီချင်းဆိုလည်း အလွန်ကောင်းသူ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတယောက်။ ကျောင်းဆင်းလာပါက လက်ထပ်ထိမ်းမြားရမည့် စေ့စပ်ပြီးသားချစ်သူနှင့် ရာထူးနေရာတခုကလည်း အဆင်သင့်။ 


Wednesday, December 31, 2014

အဘ အတွက် အမှတ်တရ ရေးတဲ့စာ (ကျော်ကျော်ငြိမ်းချမ်း)

အရင် နဝတ.. နအဖ.. ခေတ်မှာရော ခု နမလ ခေတ်မှာရော နေရာတကာမှာ.. အဘတွေက များလှသဗျာ..။ (ဘာမှန်းမသိအောင် နားမလည်နိုင်တဲ့ခေတ်ဆိုတော့ နမလ ခေတ်ပေါ့ဗျာ) 

အရင် ကျနော်တို့ခေတ် မကဒတ (ABSDF) ကျောင်းသားတပ်မတော်မှာတုန်းကတော့ လူတိုင်းက အဘ ခေါ်တာ ၂ ယောက်လောက်ပဲ ရှိသဗျ.. ကျနော်တို့ရဲ့ အဘ ဗိုလ်စွန်ညို [ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) အေးမြင့် (ကြည်း-၈၅၆၃)] နဲ့ ဆက်သွယ်ရေးက အဘ ဦးဝင်းမောင် (အချက်ပြဆက်သွယ်ရေးတပ် တပ်ကြပ်ကြီးဟောင်း.. မကဒတ ဗဟိုဆက်သွယ်ရေးတပ်-နည်းပြ)။ အဘ ဗိုလ်စွန်ညိုကိုတော့ ကေအန်ယူနဲ့ တခြားမဟာမိတ်ခေါင်းဆောင်၊ ရဲဘော် အတော်များများကလည်း ကြီးကြီးငယ်ငယ် ကျနော်တို့ခေါ်သလို အဘ ပဲ ခေါ်သဗျ။ 

လူချင်းစတွေ့တော့ ၁၉၉၀ နှစ်ဆန်းပိုင်း ထင်ပါတယ်.. ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်းတို့က အဘကို ဘန်ကောက်ကနေ မဲဆောက်ကို လာပို့ပါတယ်။ ကျနော်က မာနာပုလောကနေ မဲဆောက်ကို လာကြိုပါတယ်။ ဒီမတိုင်ခင် သူ ဘန်ကောက်မှာရှိနေစဉ်က ကိုနိုင်အောင်နဲ့ ကိုသောင်းထွန်းတို့က လှမ်းအကြောင်းကြားလို့.. သူ ကျနော်တို့ မကဒတ-ကျောင်းသားတပ်မတော်မှာ ကာလတခုလာနေရင်း သင်တန်းလာပေးမယ့်အကြောင်း၊ ခွင့်ပြုပေးဖို့အကြောင်း မာနာပုလောမှာ ကေအဲန်ယူခေါင်းဆောင်များနဲ့ ညှိနှိုင်းခဲ့ပါတယ်။ 


Saturday, August 23, 2014

ဒေါင်းနီ (သို့မဟုတ်) သံလွင်ကမ်းက ပဉ္စလက် တော်လှန်ကဗျာမှော်ပန်းချီ (သုအိုင်စံ)

၁၉၈၈ စက်တင်ဘာ ၁၈ မှာ စစ်တပ်အာဏာသိမ်းပြီးမှ တပြည်လုံးက ကျောင်းသားတွေဟာ အသုတ်လိုက် အသုတ်လိုက် အလျှိုလျှို ချိတ်ဆက်ပြီး တောခိုတော့တာပဲ။ အဲဒီမတိုင်ခင်တည်းက ကြိုတွက်ပြီး ကြိုထွက်သွားကြနှင့်သူတွေလည်း အတော်များပါတယ်။ ကျနော်တို့ ကရင်သူပုန်နယ် ဖာပွန်ခရိုင်မှာတော့ ၁၉၈၈ အောက်တိုဘာ တတိယပတ်နဲ့ နောက်ဆုံးပတ်အတွင်းမှာ တပတ်ကျော်ကျော် တောင်တန်းတွေကို ကျော်တက် လျှောက်ဖြတ်ခဲ့ရတဲ့ KNU တပ်မဟာ ၁ နယ်မြေကတဆင့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပဲခူး၊ ရန်ကုန်၊ ပုသိမ် စတဲ့ အနယ်နယ်က တောခိုလာတဲ့ ကျောင်းသားပေါင်းစုံ လူတန်းစားအသီးသီးဟာ မာနယ်ပလောနဲ့ စက်လှေ တနာရီလောက်မောင်းရတဲ့ သံလွင်မြစ်ကမ်းပေါ်က မယ်လဲထ ဆိုတဲ့ နွားမှောင်ခိုဂိတ်လေးမှာ လာစုဆုံရောက်ကြတယ်။ 

၂၅ ဧကလောက်ပဲကျယ်တဲ့ ဒီမှောင်ခိုဈေးတန်းရွာလေးမှာ တောခိုကျောင်းသား ၂၀၀၀ ကျော်လောက်ဟာ ပြည့်ကြပ်နေတာပေါ့။ အဲဒီတော့ နယ်မြေခံ KNU လူကြီးတွေက သံလွင်မြစ်တလျှောက်မှာ Camp 1၊ Camp 2၊ Camp 3 ဆိုပြီး စခန်း ၃ ခု ခွဲပို့ နေရာချလိုက်တယ်။ Camp 1 က သံလွင်မြစ်ကြီး ဒေါင်လိုက်စီးနေတဲ့ မသာတံခါး လို့ခေါ်တဲ့နေရာအနားမှာ... နယ်မြေ အကြမ်းဆုံးပဲ။ Camp 3 က သေ့လောထ သစ်စက်နားမှာ။ Camp 2 က မယ်ပေါမူထ သစ်စက်နားမှာ။ 

အဲဒီအချိန်မှာ ကျောင်းသားတွေ ငှက်ဖျားဖြစ်ပြီး စ သေနေပြီ၊ စစ်သင်တန်းတွေလည်း စ တက်နေပြီ၊ ဖောက်ခွဲရေးသင်တန်းတွေ တဝုန်းဝုန်းနဲ့ ပေးနေပြီ... ဆိုးတာက နယ်မြေ ကြမ်း၊ အစား ရှား၊ သင်တန်းက ကြမ်းတာပဲ... ကျောင်းသားတချို့ စတင် အိမ်ပြန်နေကြပြီ... အိမ်ပြန်မရောက်ဘဲ လမ်းတဝက်မှာပဲ ပျောက် ပျောက်သွားကြပြီ (ကျနော် နာမည်တွေမှတ်မိနေတဲ့ ရှေ့နေနဲ့ DENTAL ကျောင်းသား ၂၁ ယောက်အုပ်စု လုံးဝ အိမ်ပြန်မရောက်ခဲ့ဘူး၊ ဒီအကြောင်းတွေကို... နောက်မှ ရာဇဝင်ကြွေး ရှင်းမယ်ဗျာ... ပြန်ပြောရင် ပြန်တွေးရင် ရင်မှာ သိပ် ဒေါသတင်းတယ်... ရင်နာတယ်... 


Friday, August 22, 2014

Last Fightting Field (Down Ni)

I have come to the last war, to fight, to win.
I desire to win the war within.
I wore a bright toga (long coat).
My religion and five percepts like flowing soda.
My hair flowing in unison with the wind and it's bright.


Friday, August 8, 2014

ပြည်သူ့ သက္ကရာဇ် (နွယ်ဦးလှိုင်)

၈၈ ငွေရတုလွန် နှစ်ပတ်လည်တဲ့ 
ဆိုင်းဘုတ်က သိပ်ကြီးတော့
ကျွန်တော် အနားကို မသီဝံ့ဘူး 
တကယ်တော့ ကျွန်တော်ဟာ 
၈၈ ရဲ့ လူမသိ သူမသိ 
သစ္စာတော်ခံ တစ်ဦးသာပါ။ 

၈၈ မှာ သူများတွေလို 
အသက်မပေးလိုက်ရပေမယ့် 
နေ့တွေ... ညတွေ 
ကျားကုတ် ကျားခဲမျှော်လင့်ချက်တွေ 
အတိဒုက္ခ နေ့ရက်တွေကို စတေးခဲ့ရသူပါ။ 


Saturday, July 26, 2014

ဒုက္ခသည်ဈေးတနေ့ (လူဗိုလ်)

(တစ်) 

“အဖိုးကြီး ထထ၊ ဒီနေ့ ဈေးနေ့လေ... ကျမ ထမင်းချက်ထားလိုက်မယ်”

“ကလေးတွေ ကျောင်းတက်အမီ စားသွားလို့ရအောင်၊ အမြန်လည်း ပြန်ခဲ့အုံးနော်”

ဟုတ်ပ ဒီနေ့ သောကြာနေ့ဆိုတော့ ဈေးနေ့။ ပြီးခဲ့တဲ့ တနင်္လာနေ့နဲ့ ဗုဒ္ဓဟူးဈေးနေ့တွေမှာ ဈေးမသွားဖြစ်ခဲ့။ ဒါကြောင့် ဒီနေ့တော့ သွားကိုသွားတော့မှ… ပြောမယ့်သာ ပြောရတာပါ။ တခါတခါလည်း နှစ်ပတ်သုံးပတ်အထိကို ဈေးမသွားနိုင်တဲ့အခါလည်း ရှိပါတယ်။ ရှိတော့ရှိတယ် များတယ်လို့တောင် ပြောရမလိုလို၊ အိမ်ရှေ့မျက်စောင်းထိုးမှာရှိတဲ့ ကုန်စိမ်းဆိုင်လေးက ချဉ်ပေါင်ရွက် ၅ ဘတ်ဖိုးလောက်၊ ကန်စွန်းရွက် ၅ ဘတ်ဖိုးလောက်နဲ့ ပြီးသွားရတဲ့ရက်တွေကလည်း အများကြီး။

အခုဟာကလည်း ငွေယားလေးရှိလာလို့လို့ ပြောရမှာပဲ။ နော်ဝေးကို မကြာခင်ကမှ ထွက်သွားတဲ့ ကိုနွေအောင်က ကလေးတွေကို သင်္ကြန်မှာသုံးနိုင်ဖို့အတွက်ဆိုပြီး ရင်းနှီးရာ တအိမ် တအိမ်ကို ဘတ် ၅၀၀ စီပို့လိုက်လို့ ကလေးတွေ စကေးထဲက ကပ်သုံးရမှာ ကလေးတွေကတော့ မသိရှာကြပါဘူး။ တယောက်ကို ၂၀ တန်တရွက်စီနဲ့ သင်္ကြန်သေနတ်လေးတွေ ဝယ်ပေးလိုက်လို့ ပျော်နေကြပြီ။ ဒုက္ခသည်စခန်းမှာကလည်း တတိယနိုင်ငံတခုခုကို ထွက်သွားတဲ့လူတွေ ပြန်ကြင်နာနိုင်မှ အူစိုကြရတာ။


Thursday, May 29, 2014

ဒီပရင်္ဂ (ကြည်မောင်သန်း)

ပုံပြင်ထဲက မြို့လည်းမဟုတ် 
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ် 
ရာဇဝင်ထဲက မြို့တမြို့ 
ပုဂံခေတ်ထဲကရှိတဲ့ မြို့တမြို့ 
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းကရှိတဲ့ မြို့တမြို့ 
သမိုင်းဝင် မြို့တမြို့။ 

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ် 
အလောင်းစည်သူမင်း 
တိုင်းခန်းလှည့်လည်ရင်း 
မြောက်ဘက်အရပ်အရောက် 
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင် 
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့ 
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။ 


ဒီပဲရင်းကျောက်စာ ကဗျည်းထိုးခဲ့စဉ်က (ကိုညို)

၂၀၀၃ ခု မေလဆန်းမှာ နယူးဒေလီရဲ့အပူဒဏ်ကိုရှောင်ဖို့ ကျနော်တို့ မိသားစု အိန္ဒိယအရှေ့မြောက်ပိုင်း မြန်မာပြည် ချင်းတောင်နယ်စပ်နဲ့ကပ်ရက် တောင်တန်းတွေထူထပ်တဲ့ မီဇိုရမ်ပြည်နယ်က တောင်ပေါ်မြို့လေးဖြစ်တဲ့ အိုက်ဇောမြို့ကို အလည်သွားခဲ့တယ်။ အိုက်ဇောမှာ မြန်မာနိုင်ငံသား လူရှိုင်းချင်းအနွယ်တွေ အများကြီး။ ကျနော်တို့ငယ်ငယ်က ပထဝီဖတ်စာမှာ “အနောက်ဘက်တွင် လူရှည် တောင်တန်း” လို့ မှတ်မိနေတဲ့ တောင်တန်းဆိုတာ မီဇိုရမ်ပြည်နယ်က လုရှိုင်း တောင်တန်းတွေကို ပြောတာ။ 

ဇနီးဖြစ်သူ လင်းလင်းက လုရှိုင်းတိုင်းရင်းသူပါ။ အိုက်ဇောမြို့မှာ လင်းလင်းရဲ့မိသားစုလည်းရှိတာမို့ နွေရောက်တိုင်း တနှစ်တခေါက်တော့ သွားလည်ပတ်နေကျ။ ကျနော်တို့ ဇနီးမောင်နှံက ဝါသနာတူတွေမို့ မီဇိုရမ်ရောက်တိုင်း ၂ နှစ်တခါ ၃ နှစ်တခါဆိုသလို တော်လှန်ရေးသီချင်းခွေ ထုတ်လေ့ရှိတယ်။ မီဇိုရမ်မှာ သီချင်းအသံသွင်းရတာက မြန်မာပြည်ဖွား ဂီတအနုပညာရှင်တွေ အိုက်ဇောမြို့မှာ ရှိကြလို့ပါ။ သူတို့က စတူဒီယိုလည်းပိုင် တီးဝိုင်းလည်းထောင်ထားသလို အိုက်ဇောမှာ နာမည်ကြီးတွေပါ။ မြန်မာစကားလည်း ကောင်းကောင်းတတ်၊ မြန်မာပြည်ကိုလည်း ချစ်၊ ဒီမိုကရေစီကိုလည်း အားပေးထောက်ခံသူတွေဖြစ်တယ်။ 


Wednesday, April 30, 2014

ဝလေးသို့ … (သစ်ကောင်းအိမ်)

ငါဆိုတဲ့ အညတြရဲ့အမိမြေမှာ 
မင်းဟာ ငါ့နိုင်ငံတော်ဈာပနပါ သူငယ်ချင်း… 

ငါ့ အသံလွှင့်ဌာနတွေက 
ဘရိတ်ကင်းနယူးဟာ 
မင်းအကြောင်းတွေနဲ့ပဲ အက်ကြောင်းထပ်လို့ 
ဖျင်ပင်နီဝတ် အမျိုးကောင်းသားသမီးတွေဟာ 
မင်းအထုပတ္တိကိုအထပ်ထပ်ဖတ်ကြားလို့ 
ငါ့ နိုင်ငံနဲ့ပတ်သက်တဲ့ 
သံရုံးတွေက 
မင်းအတွက် ဝမ်းနည်းသဝဏ်လွှာတွေပို့လို့