Friday, April 6, 2012

ပိတောက် ... လမ်းခွဲ (ကမာပုလဲ)

ဘဝမှာ
ပိတောက်ပန်းနဲ့
သူစိမ်းဆန်ခဲ့တဲ့ သင်္ကြန်တွေ ...။

"သင်္ကြန်သီချင်းတွေဟာ
မြနန္ဒာကို မကျော်နိုင်သေးဘူး .." *


ဒီနွေဦးမှာ
ပန်းငုဝါတွေက
ညိုမြသီချင်းကို ဆို

လျှပ်စစ်အသံလှိုင်းထံမှ
နှုတ်ခမ်းလက်ဆင့်စကားများ
မဏ္ဍပ်တကာနဲ့ ရေပက်ခံကားဘီးတွေအောက်မှာ
အစိမ်းလိုက်သေဆုံးနေဆဲ
ငယ်ပိတောက်တွေ ...။

* မင်းသားကြီး ဦးမြတ်လေး မကွယ်လွန်မီ ပြောခဲ့သည့်စကား ...။

No comments: