Showing posts with label ဓာတ်ပုံသတင်း. Show all posts
Showing posts with label ဓာတ်ပုံသတင်း. Show all posts

Friday, April 10, 2015

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ နေပြည်တော်မှာ ပြုလုပ်


သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ လွှတ်တော်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ဟာ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ 

Wednesday, April 8, 2015

နေပြည်တော် ၄၈ ပွင့် ဆွေးနွေးပွဲ

သမ္မတ အိမ်တော် ငုရွှေဝါ ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ၄၈ ပွင့် ဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒုတိယ သမ္မတတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ၊ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ စုစုပေါင်း ၄၄ ဦး တွေ့ဆုံခဲ့ကြပါတယ်။ 

Thursday, March 5, 2015

ဆန္ဒပြနေတဲ့ ကျောင်းသားများ အကြမ်းဖက်ဖြိုခွင်းခံရ



ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အရပ်ဝတ်နဲ့ လက်ပတ်အနီရောင်ပတ်ထားတဲ့ လူတွေက ဝင်ရောက်ထိုးကြိတ်ပြီး လက်ပတ်အနီဝတ် လူအုပ်ကြီးရဲ့နောက်မှာရပ်နေတဲ့ ရာချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးပြီး ဆန္ဒပြမှုကို ဖြိုခွင်းလိုက်ကြောင်း သိရပါတယ်။ 

Wednesday, March 4, 2015

သပိတ်မှောက်ကျောင်းသားတွေ ဆက်လက် ဆန္ဒပြ


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေဟာ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာလည်း လက်ပံတန်းမြို့မှာ ဆက်လက် ဆန္ဒပြနေပါတယ်။ မနေ့ကတော့ ပိတ်ဆို့ထားတဲ့ ရဲတွေနဲ့ ကျောင်းသားတွေကြား တင်းမာမှု အနည်းငယ် ရှိခဲ့ပါတယ်။


Tuesday, March 3, 2015

ကျောင်းသားတွေ ညလုံးပေါက် အစာငတ်ခံဆန္ဒပြ


မန္တလေးရန်ကုန် ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသားတွေဟာ ညလုံးပေါက်ထိုင်ပြီး အစာငတ်ခံ ဆန္ဒပြကြနေကြပါတယ်။ 

မန္တလေးရန်ကုန် ပင်မ သပိတ်စစ်ကြောင်းကို လူစုခွဲဖို့ ပဲခူးတိုင်းလုံခြုံရေးအဖွဲ့က နောက်ဆုံးပေးထားတဲ့ ၆ နာရီ အချိန် ကျော်လွန်သွားခဲ့ပြီးနောက် သပိတ်မှောက်ကျောင်းသားတွေက လူစုခွဲမပေးသလို လုံခြုံရေးအဖွဲ့တွေကလည်း ဝိုင်းထားဆဲ ဖြစ်ပါတယ်။ 

တချိန်တည်းမှာပဲ သပိတ်မှောက်ကျောင်းသားတွေက သပိတ်မလှန်ဘဲ အသေခံမယ်လို့ဆိုနေပြီး သရဏဂုံတင်ထားကြတဲ့အတွက် အခြေအနေဟာ အတင်းမာဆုံး အနေအထားကို ရောက်ရှိနေပါတယ်။

Monday, March 2, 2015

သပိတ်မှောက်ကျောင်းသားတွေ လက်ပံတန်းမှာ တားခံရ


ပဲခူးတိုင်း လက်ပံတန်းမှာ ရက်အတော်ကြာနားနေတဲ့ ပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားတွေ ဒီကနေ့ ရန်ကုန်ကို ဆက်လျှောက်ဖို့ကြိုးစားပေမယ့် လုံခြုံရေး အဆမတန်များတာကြောင့် ညှိနှိုင်းမှုတွေလုပ်နေတာနဲ့ ခရီးမဆက်ဖြစ်ပါဘူး။ 

ဒီကနေ့မနက်က ရန်ကုန်ချီတက်ဖို့ သပိတ်မှောက် ကျောင်းသားတွေ လက်ပံတန်းမြို့ အောင်မြေ ဗိမာန်ကျောင်းတိုက်က ထွက်ခါနီးမှာ လုံထိန်းကား ၁၁ စီးရောက်လာပြီး ကျောင်းကို ပိတ်ဆို့ခဲ့ပါတယ်။ 

Saturday, February 28, 2015

နှစ် ၅ဝ ပြည့် လီဆူး နှစ်သစ်ကူးပွဲတော်


မိုးကုတ်မြို့မှာ ဖေဖော်ဝါရီ ၂၆ က ကျင်းပခဲ့တဲ့ နှစ် ၅ဝ ပြည့် လီဆူး နှစ်သစ်ကူးပွဲတော်မှ ပုံရိပ်များဖြစ်ပါတယ်။

Wednesday, February 25, 2015

ကမ္ဘာလှည့် ခရီးသည်တင် ယာဉ်တန်း ပုဂံမြို့သို့ရောက်ရှိ


ရှေးဟောင်းကား ၇၆ စီးပါဝင်တဲ့ ကမ္ဘာလှည့် ခရီးသည်တင် ယာဉ်တန်း မြန်မာနိုင်ငံ ပုဂံမြို့သို့ ဖေဖော်ဝါရီ ၂၄ ရက်က ရောက်ရှိလာပါတယ်။ 

Saturday, February 21, 2015

ကိုးကန့်တပ်ဖွဲ့ဘက်က တရုတ်ကြေးစားစစ်သားတွေ ဝင်တိုက်ပေးနေ

ကိုးကန့်တိုက်ပွဲတွေမှာပါတဲ့ တရုတ်ကြေးစားစစ်သားတွေကို ဥပဒေနဲ့အရေးယူသွားမယ်လို့ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ 

ဒါပေမဲ့ ဘယ်လို ကြေးစားတွေ ပါဝင်နေတာဆိုတာကို တိတိကျကျ ပြောမသွားပါဘူး။ 

ဒီပြောကြားချက်ကို ကိုးကန့်ဘက်က ပယ်ချခဲ့ပါတယ်။

Tuesday, February 17, 2015

ကြက်ခြေနီအဖွဲ့ဝင်များကား ပစ်ခတ်ခံရ



လောက်ကိုင်ကနေ ကွမ်းလုံကိုပြန်လာတဲ့ ကြက်ခြေနီ အဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားလည်း ပစ်ခတ်ခံရတဲ့အတွက် ထိခိုက် ဒဏ်ရာရသူတွေရှိတယ်လို့ ကိုးကန့်ဒေသ သတင်းရယူဖို့ လားရှိုးမှာရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ 

စစ်ဘေးက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကိုးကန့်ဒေသ ပြည်သူတွေ


ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်တဲ့ မြန်မာ့အစိုးရတပ်မတော်နဲ့ MNDAA ခေါ် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့တို့ တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ပွဲကြားက ထွက်ပြေးလာသူ တချို့က ပြောပါတယ်။ 

Wednesday, February 11, 2015

ကျောင်းသားများတောင်းဆိုချက် မူအားဖြင့် အစိုးရသဘောတူ


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ကျောင်းသားသပိတ် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ လွှတ်တော်အဖွဲ့ ကိုယ်စားလှယ်များ၊ ပညာရေးပြုပြင်ပြောင်းလဲရေးကွန်ယက် NNER မှ ကိုယ်စားလှယ်များ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ က ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးခန်းမမှာ ကျင်းပရာ ညနေပိုင်းမှာ ကျောင်းသားများ တောင်းဆိုချက်တွေ မူအားဖြင့် သဘောတူညီချက်များရရှိလို့ အောင်မြင်စွာ လက်မှတ်ရေးထိုး ပြီးစီးခဲ့ပါတယ်။ 

Sunday, February 8, 2015

ပြည်ထောင်စုမောင် ပြည်ထောင်စုမယ် ရွေးချယ်

၂၀၁၅ ခုနှစ်၊ ၆၈ နှစ် ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြု၍ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ကာယဗလမောင် နှင့် အမျိုးသမီး ကာယကြံခိုင်မှုပြိုင်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုမောင်အဖြစ် ဇော်လင်းကလည်းကောင်း၊ ပြည်ထောင်စုမယ်အဖြစ် ချယ်ရီမောင်တို့ ရရှိသွားပါသည်။

Tuesday, February 3, 2015

ပညာရေး ဥပဒေပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲပျက်ပြား


အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးအတွက် သပိတ်မှောက် ကျောင်းသားများနှင့် အစိုးရကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆွေးနွေးခဲ့ပြီးနောက် ယနေ့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် နေပြည်တော်တွင် ထပ်မံဆွေးနွေးရန် သဘောတူခဲ့ကြပြီးမှ ကျောင်းသား ကိုယ်စားလှယ်များ၊ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်မှ ကိုယ်စားလှယ်များနှင့်အတူ လိုက်ပါလာခဲ့သည့် ကျောင်းသားများကို ပညာရေးဝန်ကြီးဌာနအတွင်းသို့ ဝင်ရောက်ခွင့် မပြုသည့်အတွက်ကြောင့် ဆွေးနွေးပွဲ ပျက်သွားခဲ့ပါသည်။ 

Sunday, February 1, 2015

ပညာရေးဥပဒေပြင်ဆင်ရေး ကျောင်းသားတွေနှင့် ၄ ပွင့်ဆိုင် ဆွေးနွေး

ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီနေ့မနက် ၉ နာရီက စတင်ကျင်းပနေပါတယ်။

Wednesday, January 28, 2015

အများသဘောတူ ဆုံးဖြတ်တဲ့နောက်ကို အားလုံး လိုက်နာကြမယ်

ဖေဖော်ဝါရီလ ၁ ရက်နေ့ ရန်ကုန်မှာ အစိုးရနဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲစဖို့ သဘောတူခဲ့တဲ့ သပိတ်မှောက် ကျောင်းသားတွေအကြား ပုပ္ပါးက ရှေ့ဆက်ချီတက်ဖို့ကိစ္စ ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်။ 

နေပြည်တော်မှာ အစိုးရဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့တဲ့ ကျောင်းသား ကိုယ်စားလှယ်တွေက ဆွေးနွေးတဲ့နေ့ထိ ချီတက်မှု မလုပ်ဘဲ ရပ်နားထားစေလိုပြီး သပိတ်စစ်ကြောင်းက ကျောင်းသားတွေကတော့ ကျောက်ပန်းတောင်းကဆက်ပြီး ရန်ကုန်ကိုချီတက်ဖို့ လိုလားကြပါတယ်။ 


Wednesday, January 21, 2015

ဘဏ္ဍာရေး အကျပ်အတည်း အဆုံးသတ်သွားပြီလို့ အိုဘားမားပြော

အမေရိကန် သမ္မတ အိုဘားမားက သူ့ရဲ့ နှစ်လည် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ အမေရိကန်ရဲ့ဘဏ္ဍာရေး အကျပ်အတည်းကာလ အဆုံးသတ်သွားပြီဖြစ်ကြောင်း ပြောဆိုကြေညာခဲ့ပြီး စီးပွားရေး မူဝါဒတွေက အမေရိကန် ပြည်သူအားလုံးအတွက် အကျိုးရှိစေရမယ်လို့ ကတိပေး ပြောကြားခဲ့ပါတယ်။