Showing posts with label ဒုက္ခသည်. Show all posts
Showing posts with label ဒုက္ခသည်. Show all posts

Sunday, February 5, 2017

မယ်လ မှာ ယုံကြည်မှု ပျောက်ဆုံးခြင်း

ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းတွေမှာ လူ တသိန်းကျော် နေနေကြပါတယ်။ ဒီမှာ ပြည်တွင်းစစ် ပဋိပက္ခတွေက လွတ်အောင် ထွက်ပြေးလာကြတဲ့ လူမျိုးစုတွေ နေထိုင်ကြပါတယ်။ 

ဆယ်စုနှစ်တွေနဲ့ချီ နေကြတာမို့ သူတို့သားသမီးတွေပါ ဒီမှာ ကြီးပြင်းကြပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နဲ့ မီးဖွားပြီး စိတ်ဓာတ်ကျတာကို လေ့လာဖို့ Gracia Fellmeth ဒီစခန်းတွေကို မနှစ်က ရောက်လာခဲ့ပါတယ်။ 

မဲဆောက်က တနာရီလောက် ဘတ်စ်ကားစီးလိုက်ရင် တောထဲက မယ်လစခန်းကို ရောက်ပါတယ်။ မနက်ခင်း မြူတွေ မှိုင်းတွေနဲ့ ထောင်နဲ့ချီတဲ့ ဝါးတဲလေးတွေကို ထုံးကျောက်တောင်စွန်းတွေမှာ အစီအရီ တွေ့ရပါတယ်။