Monday, April 16, 2012

အိမ်ပြန်ချင်တဲ့ အလွမ်း (ရန်ဝင်း - တောင်တံခါး)

နွေရဲ့သစ္စာ
လှစ်ခါ ဖော်ကြူးတဲ့
ပေါ်ဦးစ ပိတောက်ဝါ။ ။

တနှစ်တလီ
အသစ်တွေ အစီအရီ ပြောင်းသော်လည်း
မဟောင်းတဲ့ သံသရာ။ ။

နွေရဲ့သရုပ်သဘောမို့
လေပွေနဲ့ ဥသြ
တွန်နေလေရဲ့ မြန်မာတကြော။ ။

ငယ်ကျွမ်း သဟာဆွေရဲ့
လွမ်းသလေ တို့ပြည်ချစ်ဆီသို့
ပြည်သစ်မှာ သာယာဖြိုးစေဖို့
အိုးဝေမျိုးတွေ တွန်ချိန်တန်ပြီမို့
အိမ်ပြန်မည် မှန်းလို့ စိတ်စော။ ။


 

No comments: