Wednesday, April 4, 2012

တန်ခူး ကျိန်စာ (ကမာပုလဲ)

ဘယ်သူခူးမလဲ
နှစ်သစ်ဦးမှာ
ဝေဒနာပိတောက်
လွတ်မြောက်နယ်မြေ …။

နှစ်ပရိစ္ဆေဒ များစွာ
သိုဝှက်တမ်းတ
မမေ့မလျော့နိုင်တဲ့ ချင်ခြင်းများ
ကြည့် …
တပင်လုံး စိမ်းခဲ့။


ဘယ်သူ ယုံမလဲ
တဘဝလုံး ပုံပြီးချစ်ခဲ့
တခုတ်တရ ပုရစ်ဖူးတွေ
သမားရိုးကျ နွေထဲမှာ …။

တတောလုံး
အဝါရောင် အမုန်းတွေနဲ့
လေးဆယ့်ငါးနှစ်မြောက်
ဝေဒနာပိတောက်တွေ
ဘယ်သူ ခူးမလဲ
လွတ်မြောက်နယ်မြေ …။ ။

ကမာပုလဲ (၂၀၀၇)


 

No comments: