Monday, May 24, 2010

မီး

မေလ ၂၄ ရက်။ ၂၀၁၀ ပြည့်နှစ်

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကြီး ဒီမနက် ဈေးစဖွင့်ချိန်မှာ မီးလောင်ပြီး နာရီအတော်ကြာ မီးငြှိမ်းသတ်ခဲ့ပြီး ည ၈ နာရီကျော်အထိ မီးငြှိမ်းလို့ မပြီးသေးဘူးလို့ သိရပါတယ်။

အထည်အလိပ် ဆေးဝါးနဲ့ ကုန်မျိုးစုံ လက္ကားဈေးကြီးဖြစ်တဲ့ မင်္ဂလာဈေးမှာ ဈေးဆိုင်နဲ့ ဆိုင်ခန်းပေါင်း ၄ ထောင်လောက် ရှိပါတယ်။

အထပ် ၅ ထပ်ရှိတဲ့ဈေးကြီးရဲ့ စတုတ္ထထပ်ကနေ မနက် ၉ နာရီလောက်မှာ မီးစလောင်တာ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့သူ ရှိမရှိနဲ့ မီးဘာကြောင့်လောင်တာလဲဆိုတာ အတိအကျ မသိရသေးပေမယ့် အပေါ်ဆုံးထပ်မှာ ဘတ္ထီရီအားသွင်းရာကနေ အပူများပြီး ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်တာဖြစ်နိုင်တယ်လို့ ဈေးသူဈေးသားတချို့က ပြောပါတယ်။ (ဘီဘီစီ)

ဓာတ်ပုံ - AP, Reuters, Getty Images


No comments: