Monday, January 6, 2014

အမေရိကန် အအေးလှိုင်း

St.Louis မြို့ နှင်းထုကြားက လမ်းဖြတ်ကူးဖို့ကြိုးစားနေသည့် လူတဦး။ အမေရိကန်ပြည်နယ်တချို့ စံချိန်တင် အအေးဒဏ် ကြုံနေကြရ။ 

ကနေဒါနိုင်ငံနဲ့ အမေရိကန် အရှေ့မြောက်ပိုင်းဒေသတွေမှာ နှင်းထု ၂ ပေအထိ ဖုံးလွှမ်းနေ။ 

အမေရိက မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ရေခဲမှတ်အောက် ၅၀ စင်တီဂရိတ်အထိ ကျရောက်ဖွယ်ရှိ။ နှင်းခဲရှင်းနေတဲ့ ခြံပိုင်ရှင်တဦး။ 


St.Louis မြို့ နှင်းထုကြားက ကားတွန်းနေသူတဦး။

နယူးယောက်မြို့ JFK လေဆိပ်မှာ ပြေးလမ်းချော်သွားတဲ့ လေယာဉ်။ 

ပိတ်ထားရတဲ့ Labbert - St.Louis လေဆိပ်တွေထဲက တခုဖြစ်တဲ့ လေဆိပ်မှာ အိပ်စောင့်နေရတဲ့ စုံတွဲ။ 

ချီကာဂိုက မစ်ရှီဂန်ရေအိုင်မျက်နှာပြင်မှာ ရေခဲနေစဉ်။ 

အသက်အန္တရာယ်ရှိတဲ့ အအေးလှိုင်းဖြစ်တယ်လို့ အမေရိကန် မိုးလေဝသဌာနက ကြေငြာထား။ မစ်ရှီဂန်ပြည်နယ်က လမ်းချော်သွားတဲ့ ကားတစီး။ 

အပြင်မထွက်ကြဖို့ အာဏာပိုင်တွေက သတိပေးထား။ စိန့်လူးဝပ်စ်မြို့ လမ်းတလမ်းပေါ်က လူ ၂ ဦး။

စာသင်ကျောင်းတွေကိုလည်း ပိတ်ထားလိုက်ရ။ ကျောင်းပိတ် အိမ်အပြန် ပင်စင်ဗေးနီးယားပြည်နယ် တောင်ကုန်းတခုပေါ်က နှင်းလျှောစီးချတဲ့ ကျောင်းသူတဦး။ 

(သတင်း၊ ဓာတ်ပုံ - ဘီဘီစီ)

 

No comments: