Monday, January 27, 2014

ဘီယာ နို့ဆမ်း (မင်းသိုက်)

မန်းလေးသားတွေက သောက်ရမ်းကာရော အဆန်းတွေ စွတ်ထွင်တတ်တယ်။ ကိုယ်လို ရန်ကုန်မြို့ကြီးပြကြီး ဖဆပလ ဖွားတောင် မှင်သက်သွားတယ်။ 

၂၀၀၂ ကာလဆီတုန်းက ကျွန်တော် ကိုးကန့်မြို့တော် လောက်ကိုင်မှာ ခိုလှုံခဲ့ဖူးတယ်။ ညနေဆို ပျင်းတဲ့အခါ ဦးဖုန်ကျားရှင် အိမ်အနောက် တံတိုင်းဘေး ... ဝပ်ရှော့ ဖွင့်ထားတဲ့ မန်းလေးသားလေး တစ်ယောက်ဆီသွား အလာပ သလာပပြော၊ တစ်ခါတရံ သူတို့ ၂ ထပ် အိမ်ကြီးမှာပဲ ထမင်းစား ညအိပ်ပေါ့ ...။ 

လားအစား ကားသုံးလာတဲ့ ဘိန်းကုန်သည်တွေ၊ ထရန်စပိုတာတွေ အကုန်လုံး အောင်အောင့် ဝပ်ရှော့မှာပဲ ပြုကြ ပြင်ကြ ... စည်ကားတယ်။ ထိုစဉ်ကာလက မူးယစ်ဆေးသယ်ဆောင်တာ မျက်မြင်တွေ့ဖူးတာတော့ ထိုင်းနိုင်ငံလုပ် တိုယိုတာ တိုက်ဂါး ပစ်ကပ်ကား နောက်ကန်ထဲ အပြည့်ထည့်၊ တာလဘတ်အုပ် ... AK ၄၇ တစ်လက်၊ လမ်းလျှောက် စကားပြောစက်တစ်လုံးနဲ့ တစ်ယောက်ထဲ လိုရာခရီးရောက်အောင် သယ်ကြတာ။ တစ်ခါတစ်လေ တိုယိုတာ လင်ခရူဇာ ဆိုက်ဂနက်တို့ လပ်ဆပ်တို့ ဘော်ဒီ ၂ ထပ်ရိုက် သွပ်သွင်း ကားအစီးလိုက်ကို အရောင်းအဝယ် လုပ်ပလိုက်ထာ။ 


ထိုစဉ်ချိန်က ဝပ်ရှော့ဆရာလေး အောင်အောင် ရှိလှ အသက် ၂၅ ပေါ့ ... မိဘတွေကို လုပ်ကျွေး တပည့်တပန်းတွေလည်း အားကြီးပဲ။ မန်းလေးမှာလည်း မြေတွေ အိမ်တွေဝယ်ထားလို့အတော် စီးပွားဖြစ်တယ်။ သူ့တပည့် ချာတိတ်လေးတွေက နေညိုပြီဆို ချိုချင်စုပ်ကြတယ်။ ယူနန်တရုတ်မလေးတွေက ရင်သား၂ မွှာကြား ချိုချဉ်လေးတွေ ထည့်ထားပြီး ပါးစပ်နဲ့ ကိုက်ထုတ်ယူခွင့် တကြိမ် ၂ ယွမ်၊ ချာတိတ်တွေ အားရင် လုပ်ခလေးတွေကိုင်ပြီး ထို ချိုချဉ်စုပ်ခန်းတွေ လစ်တာပဲ။ 

ကျွန်တော်က ... "မင်းတို့ကွယ် ... အရေမရ မဖတ်မရ ပိုက်ဆပ်ဖြုန်းမနေပါနဲ့" ဆိုတော့ကာ ... အောင်အောင်က ... "အစ်ကို ... မန်းလေးရောက်ရင် ဘီယာနို့ဆမ်းဆိုင်တွေ သွားလေ့လာပါ့လား ... ဒီထက် လွင်တယ်" ... ဆိုပဲ ...။ 

ဟိုက် !!!!! ဘီယာကို ဘယ်နှယ့် နို့ဆမ်းပြီး သောက်ကြပါလိမ့်မယ် ... အဆန်းပဲ။ 

မန်းလေးရောက်တော့ မြို့သစ် ခတ္တာလမ်းထဲက လည်လည်ဝယ်ဝယ် ရှမ်းတရုတ်တစ်ယောက် တီးခေါက်ကြည့်တော့ ... ထိုသူက ဟက်ဟက်ပက်ပက် ရယ်သွမ်းသွေးတယ် ...။ 

"တာကော့ရယ် ဘီယာက နို့ဆမ်းတာ ... ဆလိမ်နဲ့ဆမ်းတာ မဟုတ်ဘူး ... စလုံးနဲ့ စမ်းတာဗျ ... ဘီယာသောက်ပြီး နို့စမ်းလို့ရတဲ့ဆိုင်တွေ အပုံကြီးပဲ ... ... တဲ့" 

ကိုင်း ... ပြီးပါလေရောပဲ ... ၂၀၀၃ မှာ မန်းလေး ဘီယာနို့စမ်းဆိုင်တွေ အသီးသီးပေါ်လာတာ ဘဘကြီး ဦးခွင်ညွန့် လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်စဉ်ခေတ်...။ ။ 

No comments: