Wednesday, January 15, 2014

ပဲယ်လ်ရယ်လယ် သီအိုရီ (ဆောင်းလူ)

ဘယ်လိုတွေးကြသည်မသိ ...။ သည်စကားတလုံး .. .. ရောက်သွားသည့် အတိုင်းအတာတခုတိုင်းဆီမှာ ... ကြားနေကြ .. သုံးနေကြ ...။ တခါတလေ လှပသလောက် ... တခါတလေများကျ ...အကျည်းတန်သယောင်ယောင် ...။ 

မြင်ပန်းလှအောင် ... ရုပ်ဝတ္တုတို့ကို တတ်နိုင်သမျှ တန်ဆာဆင် ... အကျည်းတန်သည်ပင် လှလို့ ...။ မမြင်ကွယ်ရာ ... စိတ်ဝတ္တုတို့မှာကား ... အပျော်တမ်းအဆင့်ပင် မရှိ ...။ 

တချို့သည် သီအိုရီကို တန်ဆာဆင်ရသည်ကို ကြိုက်၏ ...။ စိတ်လွတ်ကိုယ်လွတ်ကား မလုပ်ရဲ ...။ မရှိသည့် သိက္ခာကိုဆယ်ကာ ... အတွေးမျာများ မပွားရဲ ...။ 
နားတွေကိုသား ကားကားထားပြီး ... ကိုယ့်လိပ်ပြာ ကိုယ်မလုံသည့်အဖြစ် ...။ 


ငွေမရှိသူတို့သည် ... ငွေနောက် ... ငမ်းငမ်းတက်လိုက်ကြ၏ ....
ရွှေမရှိသူတို့သည် ... ရွှေနောက် ... ငမ်းငမ်းတက်လိုက်ကြ၏ ....
ကြင်နာမှုနှင့် မယဉ်ပါးသူတို့သည် ... သာယာမှုဖြင့် ... သစ္စာဖောက်ခြင်းဖြင့်သာ ... လူရာဝင်သည်ဟု ထင်ကြပြန်သည် ...။ 

ခဏခဏ စော်ကားခံနေရသည့်ကိစ္စတချို့ကြောင့် ... ခေါင်းကိုက်ခံ စဉ်းစားနေခြင်းသည်ပင် လွန်လှပြီ ....။ 
ဆုံမှတ်တခုမှာ ခေတ္တဆုံမည့် ... သီအိုရီတခုကြောင့် .... စော်ကားသူတို့၏ ရုပ်ဝတ္တုတို့သည် ... မြင်ပန်းလှနေခြင်းသည်ပင် ... ထိုသီအိုရီတခုအတွက် ... အဆုံးသတ်မကောင်း ...။ 

လာလမ်းသည် ... သွားလမ်းလောက် ... ဖုန်းတထောင်းထောင်းမထ ...။ 
လမ်းဘေးအရက်ဆိုင်တို့ရဲ့ ဝသီအရ ... လကိုကြည့်ပြီး ... ကြယ်ကို မျှော်နေရပြန်သည် ...။ 

နေသည် ... လနှင့်မတူ ... 
လသည် ... ကြယ်နှင့်မတူ ... 
တိမ်နှင့် စကြာဝဠာကြားက အရုပ်များသာဖြစ်သည် ...။ 

ထို့အတူ စိတ်သည် .. ရုပ်နှင့်မတူ ... ဟန်ချက်ပျက် ...ကို့ယိုကားယားနှင့် ...လူတို့၏ ... လူနှင့် မတူခြင်းသည်ပင် ... မည်သူ့အပြစ်ဖြစ်လေမည်နည်း .... 

ထို့အတူ ... ယုံကြည်ဖွယ်ရာမဟုတ်သည့် လျှို့ဝှက်ချက်နဲ့အတူ သူတို့ကို သော့ခတ်ထားတတ်ခြင်းသည် လွန်ခြင်းမဟုတ် ...။ အနီးဆုံး ရန်သူသည် ရှာတိုက်စရာဟုတ် ...။ သင်၏ ပြီတီတီအပြုံးဖြင့်သာ ချဉ်းကပ်လိုက်ပါ ...။ အနီးကပ်ဆုံးသော ရန်သူသည် ... ထိုအနီးကပ်ဆုံး၏ အနီးဆုံးတွင်သာ ထာဝရရှိသည် ...။ 

တွေးထင် .. ရှုမြင်ကြည့်ရင်း ... လူတို့၏ ထာဝရနှင့်အတူ .. ဖောက်ပြန်မှုတို့သည် ... ပဲယ်လ်ရယ်လယ်သီအိုရီနှင့် ထပ်တူ ထပ်မျှရှိသည်။ 

အကောင်းဆုံးသည် .. ရှိပြီးသား ဒြပ်ထုထည်၊ စိတ်ဝိဉာဉ်နှင့်အတူ ... ဖန်တီးထားသမျှ အရာအားလုံး ဖျက်ဆီးပြီး တဖန် အသစ်ပြန်စမှသာလျှင် .... 

သီအိုရီတို့သည် ... သီအိုရီနှင့်တူလာပေလိမ့်မည် ... 
စိတ်တို့သည် ... စိတ်နှင့် တူလာပေလိမ့်မည် ... 

မပြောပလောက်သော ရုပ်ဝတ္တုတို့ကို တန်ဆာဆင်ထားပြီး ... ယဉ်ကျေးမှုတိုးတက်လာသည့်လူတို့သည်ကိုကား ... လူနှင့်တူရန် ... အတော်ခဲယဉ်းပေဦးမည် ...။ 

ဇန်နဝါရီ ၁၄၊ ၂၀၁၄ အတွက် အမှတ်တရ ... 

ဆောင်းလူ 
ဇန်နဝါရီ ၁၅၊ ၂၀၁၄

 

No comments: