Wednesday, November 14, 2012

အကျန် စားသူများ (ကာတွန်း စောငို)

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘယ်တော့ ပြင်မှာလဲ၊ ဘယ်လို ပြင်မှာလဲ ...

ယနေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး မူဝါဒသစ်နှင့် အစိုးရသစ်အတွက် အလုပ်လမ်းညွှန်ချက်အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ၃၀ မတ် ၂၀၁၁ မိန့်ခွန်းကို ကိုးကားပြောဆိုရပါမည်။ ထိုမိန့်ခွန်းက လက်ရှိ မြန်မာနိုင်ငံ၏ အပြောင်းအလဲအတွက် အဖွင့်မိန့်ခွန်း ဖြစ်ခဲ့ပါသည်။ ထိုမိန့်ခွန်းနှင့်အတူ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်သည်။ အစိုးရသစ်ကို ဖွဲ့စည်းလိုက်သည်။

ထို့နောက် မအေးချမ်း မသာယာမှုများ၊ မဖွံ့ဖြိုးမှုများကို အဆုံးသတ်ပြီး တိုင်းပြည် ပြန်လည် ပြုပြင်ရန်၊ ပြန်လည်ထူထောင်ရန်၊ ဒီမိုကရေစီ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အထွေထွေ ပြုပြင်ပြောင်းလဲရေး၊ အစိုးရတာဝန်များကို အောင်မြင်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး အစရှိသော ရည်မှန်းချက်များကို မိန့်ခွန်းအဖြစ် ပြောဆိုတင်ပြလိုက်တာ ဖြစ်သည်။ ပြည်သူလူထုအတွက် ကတိကဝတ်များ၊ အစိုးရအဖွဲ့ဝင်များအတွက် လုပ်ငန်းစဉ်များ၊ အလုပ်လမ်းညွှန်ချက်များကို အားတက်သရော ပြောဆိုလိုက်သော မိန့်ခွန်းလည်း ဖြစ်ပါသည်။ မိန့်ခွန်းအပြီးမှာ ပြည်သူလူထုအတွက်လည်း မျှော်လင့်စရာများ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါသည်။


အိန္ဒိယက လက်ဆောင်ကောင်းကောင်း ယူခဲ့ပါ (ကိုညို)

နိုဝင်ဘာ ၁၃ ရက် (အင်္ဂါနေ့) မှာ အိန္ဒိ္ဒယမြေပေါ်ခြေချခဲ့တာ ဒေါ်အောင်ဆန်းစုကြည်အတွက် အတိတ်ကောင်း နမိတ်ကောင်းနဲ့ လာခြင်းကောင်းတဲ့ခရီးလို့ ဆိုရမယ်။ နှလုံး၊ လက်ရုံးနဲ့ယှဉ်ပြိုင်ဖက် ရာဝဏကိုအောင်ပွဲခံပြီး သီဟိုရ်ကျွန်းကအပြန် ရာမနဲ့လက္ခဏာညီနောင်တို့ သီတာဒေဝီနဲ့အတူ ပြည်တော်အဝင်မှာ တိုင်းသူပြည်သားတွေက နံ့သာဆီမီးတွေ ထွန်းညှိကြိုဆိုတဲ့ အိန္ဒိယရဲ့ ဒီဝါလီ မီးထွန်းပွဲတော်နေ့နဲ့ တိုက်ဆိုင်နေလို့ ဖြစ်ပါတယ်။

အဲဒီနေ့ဟာ အိန္ဒိယပြည်သူတွေအဖို့ ရန်အပေါင်းနဲ့ မကောင်းမှုအစုစုကို အောင်မြင်ကျော်လွှားနိုင်တဲ့ အတိတ်နမိတ်လည်း ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ဟာ ငယ်ငယ်က ပညာနို့ရည်စို့ခဲ့တဲ့ နေရာဟောင်းကို အနှစ် ၄၀ ကျော်ကြာပြီးမှ မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်အဖြစ်ရော၊ ကမ္ဘာ့ခေါင်းဆောင်တယောက်အနေနဲ့ရော၊ ဒီမိုကရေစီ သူရဲကောင်းတယောက်အနေနဲ့ရော ထပ်မံခြေဦးလှည့်ခွင့် ကြုံရတာပါ။ ဒါဟာ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်လုံးလုံး သူ့အပေါ် အငြိုးကြီးခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးကို ကောဇောနီခင်းကြိုဆိုခဲ့ရတဲ့ ခရီးစဉ်နဲ့ အနှစ်သာရနဲ့တော့ အတော်လေး ကွဲပြားမယ် ထင်ပါတယ်။


Tuesday, November 13, 2012

ဘယ်သူ့ဘက်မှ ရပ်နိုင်ပါဘူး ရှင် ... (ကာတွန်း စောငို)


မျောနေတဲ့ … မြို့ (ကမာပုလဲ)

အရိပ်ပြင်းပြင်း တခွက် သောက်ချင်ပါတယ်
ဆည်းဆာရီမှာ ကျောက်ပေါက်ခွက်ထဲ လမင်းသာလို့
လမ်းတွေ လမ်းလျှောက်နေပုံက သေလုမျောပါး
တံတားတွေ မအိပ်အောင် မျက်ခုံးနဲ့ထောက်ထားရတယ်
ဒဏ်ရာတွေနဲ့ ရောင်စုံပြက်လုံးတွေနဲ့ မြွေပွေးကို လည်ပင်းပတ်ထားတဲ့ အပြုံးတွေနဲ့
မနက်ဖြန်ကို ဖြတ်ကြမယ်တဲ့ … လှည်းကျိုးကြီးရဲ့ ထမ်းပိုးမှာ နံ့သာပါရီရေမွှေးတွေနဲ့
စိဉ္စမာနကြီး အတောင်ပေါက်
ကြယ်မပွင့်တဲ့ မိုးကောင်းကင်ကနေ ခုန်ချလာမယ် …။


ပန်းခရမ်းပြာ ဥယျာဉ်မှူးရဲ့ ငြိမ်းချမ်းရေးအိမ်မက်

ဒီတပတ် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ အမေရိကန်ပြည်ထောင်စုကို ခေတ္တအလည်ပတ်ရောက်ရှိနေပြီး မြန်မာနိုင်ငံရှိ ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခများကြောင့် အတိဒုက္ခရောက်ရှိနေကြတဲ့ တိုင်းရင်းသားများ ပြည်သူပြည်သားများကို အကူအညီပေးဖို့ လူမှုရေးရန်ပုံငွေရှာဖွေနေတဲ့ တေးရေး၊ တေးဆို ကိုရဲလွင်ကို ဗွီအိုအေ အသံလွှင့်ဌာနမှာ ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်း ဆွေးနွေးထားပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကျနော်တို့ရဲ့ဗွီအိုအေကို အချိန်ပေးပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ပထမဦးဆုံး အမေရိကန် ခရီးစဉ်က ကိုရဲလွင်ရဲ့ ပထမဦးဆုံး အမေရိကန်ခရီးစဉ်လို့ ကျနော် နားလည်ထားပါတယ်။ ကိုရဲလွင်က နှစ်ရှည်လများ ဂီတသမားတယောက်အနေနဲ့ ရပ်တည်ခဲ့တဲ့လူ၊ စိတ်ခံစားမှု ပြင်းထန်တဲ့ လူတယောက်အနေနဲ့ အခုခရီးစဉ်အပေါ်မှာ အခုအချိန်အထိ ခံစားရတဲ့အတွေးလေးရှိရင် ပြောပြပါလား။


Monday, November 12, 2012

နေညိုချိန်ရောက်ပြီလား … (ကာတွန်း စောငို)

ဓာတ်ပုံတွေ ရေးတဲ့ ကဗျာများ (မောင်လွမ်းဏီ)

ကျမ လည်ပင်းကို
ကျမ ဘာသာ စမ်းကြည့်တော့။

ကိုယ့်လည်ပင်းကို
ကြိုကွင်းကျစ် သတ်သေသလိုပဲနော်။

ကျမတို့မိသားစုအတွက်
အသက်နဲ့ရင်း ထမင်းချက်ချင်တယ်။


တော်ရာမှာ ပျော်အောင်နေရတယ် - ဖိုးသံ (လူထု)

ကျနော်က ကျနော့်အမေရေးတဲ့’ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့မန္တလေး’ ဆိုတဲ့စာအုပ်ကို ထွက်ပြီး လေးငါးနှစ်ကြာမှ ဖတ်ရပါတယ်။ ဖတ်ရင်းနဲ့ ‘ကျောင်းကြီးရွှေအင်ပင်’ ဆိုတဲ့ဆောင်းပါးကိုရောက်တဲ့အခါမှာ ‘ကျောင်းဒကာကြီး ဦးစက်ရွှင်က ပြည်ကြီးသားတရုတ်အစစ်ပဲ။ သူ့ဇာတိက ယူနန်နယ် ထိမ်ရင့်လို့ခေါ်တဲ့ မိုးမြင်းမြို့နားက ယိလော်ရွာ’ ဆိုတာကို သွားတွေ့ပါတယ်။ ကျနော် ဟာခနဲဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေပြောတဲ့နေရာက ကျနော်ရောက်နေတဲ့နေရာ ဖြစ်နေလို့ပါပဲ။

ဒီမြို့ကို ရှေးတုန်းက ထိန်ယွဲ့၊ ရှမ်းလို(ဒီခရိုင်အတွင်းမှာ ရှမ်းရွာတွေ အများကြီးရှိပါတယ်) မိုးမြဲလို့ခေါ်ပြီး အခုတော့ ထိန်ခြုံးလို့ခေါ်ပါတယ်။ ယိလော်ရွာက အခု ထိန်ခြုံးရဲ့ဆင်ခြေဖုံးဖြစ်နေပါပြီ။ မြစ်ကြီးနားနဲ့ အရှေ့နောက်တန်းတန်း (ကားလမ်းနဲ့) ကီလိုမီတာ၂ဝဝ တောင် မဝေးပါဘူး။ လမ်းကလည်းကောင်းတော့ ကားကိုပြင်းပြင်းမောင်းရင် သုံးနာရီသာသာနဲ့ ရောက်ပါတယ်။ ဒီကိစ္စကိုထိန်ခြုံးသားတွေ- သမိုင်းဆရာတွေတောင် မသိပါဘူး။ ကျွန်တော်ကပြောပြမှ သိတာပါ။ ဦးစက်ရွှင်ရဲ့အမျိုးတွေလည်း ယိလော်မှာ ရှိကြပါသေးတယ်။ ဒါပေမဲ့ သူတို့လည်း မျက်ခြေပြတ်နေတာ ကြာပါပြီတဲ့။


လူ့ပုတ်သင်များ ... (ကာတွန်း အောင်မော်)