Monday, November 12, 2012

ဓာတ်ပုံတွေ ရေးတဲ့ ကဗျာများ (မောင်လွမ်းဏီ)

ကျမ လည်ပင်းကို
ကျမ ဘာသာ စမ်းကြည့်တော့။

ကိုယ့်လည်ပင်းကို
ကြိုကွင်းကျစ် သတ်သေသလိုပဲနော်။

ကျမတို့မိသားစုအတွက်
အသက်နဲ့ရင်း ထမင်းချက်ချင်တယ်။


မမ
မမ
မမ
ကျမ ခေါ်တာ ကြားလား ဟင်။

အားလုံးကြားနေကြတယ်
မကြားဟန်ဆောင်သူတွေကလည်း
ကိုယ့်အမျိုး အဆွေတွေပါပဲ။

(တော်ဝင် တိုက်ပွဲဝင်ရဲဘော်များကို ဦးညွှတ်လျက်)

မောင်လွမ်းဏီ 
၈ - ၁၁ - ၂၀၁၂


 

No comments: